အသည်းရောင်အသားဝါ ဘီပိုး စီပိုး ပျောက်ကင်းစေတဲ့ ကြက်သဟင်းရွက်

69

အသည်းရောင်အသားဝါ ဘီပိုး စီပိုး သက်သာပျောက်ကင်းစေတဲ့ ကြက်သဟင်းရွက်

အသည်းအထူးကုသမားတော်အလား။ ကြက်သဟင်းရွက်ဟာ အသည်းနဲ့့ ပတ်သက်ပြီး အထူးကုသမားတော်အလား အစွမ်းထက်ပါတယ်။ ဆေးအနေနဲ့ သောက်ရင်တော့ နေ့စဉ်အချိန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်။

သက်သာပျောက်ကင်းတဲ့အသည်းရောဂါများ- အသည်းရောင်အသားဝါ ဘီပိုး စီပိုး၊ အသည်းကြီးခြင်း၊ အသည်းခြောက်ခြင်းစတဲ့ရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။

ဘယ်လိုသောက်သုံးရမှာလည်း-

ဆေးရွက်လက်တွင်းတစ်ဆုပ်ကို ရေစင်စင်ဆေးပြီး

ရေမတ်ခွက်နှစ်ခွက်ထည့် တစ်ရည်ကောင်းဆူအောင်ပြုတ်ပြီး

ကျန်တဲ့အရည်ကို တစ်ရက်၃ကြိမ်ခွဲသောက်ပါ။ ဒါမှမဟုတ် ပဲဟင်းချိုချက်ပြီးသောက်လည်းရပါတယ်။

ဟင်းချို ချက်သောက်တဲ့အခါ အချိုမှုန့်မထည့်တာ ပိုကောင်းပါတယ်။ အရွက်ကို ပြုတ်တို့လည်းရပါတယ်။ ရောဂါမပျောက်မခြင်း နေ့စဉ်သောက်ရမှာပါ။

ကျန်းမာချမ်းသာကြပါစေ

ကြက်သဟင်းရွက်ဆေးအသုံးဝင်ပုံများ

အန်တီကြီးတယောက်က ကြက်သဟင်းရွက်လေးနည်းနည်းလောက်ပေးပါတောင်းလို့ဘာကောင်းလဲမေးကြည့်တာအသည်းကောင်းတယ်တဲ့။ စိတ်ဝင်စားပြီးသိချင်တာနဲ့ရှာကြည့်လိုက်တာကိုဗဟု အဖြစ် ပြန်လည်မျှဝေပါသည်။

ကြက်သဟင်းပင်၏ ဆေးဖက်ဝင်မှုများ ကြက်သဟင်းပင်၏ ဆေးဖက်ဝင်မှု

ကြက်သဟင်းပင်၏ ဆေးဖက်ဝင်မှုများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေသော လက်တွေ ့ အသုံးချဆေးဖက်ဝင်အပင်များပေါင်းချုပ် စာအုပ်၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။

ပုံသဏ္ဍာန်

ပင်မတ် ချုံပင်မျိုး ဖြစ်ပါသည်။၁-၇ ပေအထိမြင့်သည်။အရွက်မှာ ရွက်လွှဲထွက်သည်။အရွက်မှာ ငှက်မွှေးရွက်ပေါင်း ဖြစ်သည်။ အပွင့်မှာ သေးငယ်သည်။အရောင်မှာ လိမ္မော်ရောင်။ရိုးတံကပ်ပြီး အပွင့်ပွင့်သည်။အသီးမှာ ညှာတံမဲ့သည်။

ပေါက်ရောက်ပုံ

စားသုံးပင်အဖြစ် နေအိမ်ခြံဝင်း များတွင် စိုက်ပျိုးကြသည်။မြန်မာနိုင်ငံအနှံ ့အပြားတွင် စိုက်ပျိုးကြသည်။ မရှော့ရွက်ပင်နှင့် မျိုးရင်းတူသောကြောင့် အပင်ပုံသဏ္ဍာန်လည်း ဆင်တူရိုးမှား ဖြစ်ပါသည်။ အသုံးပြုသည့် အစိတ်အပိုင်းမှာ အရွက်၊ အမြစ်။

အာနိသင်

အရွက်မှာ အေး၏။ချိုသော အရသာရှိ၏။လေလမ်းကို ဖြောင့်၍ ဝမ်းမီးကိုတောက်စေ၏။ ပိုးနား၊ အဆိပ်နာကို နိုင်၏။ကိုယ်ပူနာနှင့် သင့်၏။အသည်းရောဂါများနှင့် အထူးသင့်လျော်၏။

အသုံးပြုပုံ

ကြက်သဟင်းရွက်အား ဟင်းချိုချက်၍ လည်းကောင်း၊ ကြော်ချက်စားခြင်းအတို ့အမြှုပ်အဖြစ် လည်းကောင်း ဟင်းလျာများတွင် စားသုံးကြသည် ။ ကြက်သဟင်းမြစ်ကို သွေးသောက်ခြင်း၊ပြုတ်သောက်ခြင်းဖြင့် သွေးတိုးကိုကျစေပါသည်။ နှလုံးတုန်၊ ရင်တုန်ခြင်း ကိုသက်သာစေပါသည်။

အဆိပ်ရှိသော ပိုးမွှားများ ကိုက်ခံရပါက ကြက်သဟင်းမြစ်ကို သွေးလိမ်းနိုင်ပါသည်။ ကြက်သဟင်းမြစ်ကို ဆန်ဆေးရည်နှင့် သွေးလိမ်းပါက ကြပ််သမာနှင့် အဖုအကျိတ်၊အနာပေါက်ရောဂါ များကို သက်သာပျောက်ကင်းစေသည်။ ကြက်သဟင်းအရွက်ကို ဟင်းခါးချက်သောက်၍ လည်းကောင်း သုံးပုံတစ်ပုံကြွင်းပြုတ်သောက်ခြင်းအားဖြင့် လည်းကောင်း အဖျားရောဂါကို သက်သာစေပါသည်။အဖျားကျစေပါသည်။

ကြက်သဟင်း ပဥ္စငါးပါးကို သုံးပုံတစ်ပုံကြွင်း ကျန်အောင် ပြုတ်သောက်ခြင်းဖြင့် အသည်းရောင် အသားဝါရောဂါကို သက်သာစေပါသည်။ကြက်သဟင်းရွက် ဟင်းချိုအဖြစ်လည်း စားသုံးနိုင်ပါသည်။ ရှုတော်မူဆေးအဘိဓာန်၌ ဖော်ပြထားသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ကြက်သဟင်းရွက်သည် ပူ၏။ချိုသော အရသာရှိ၏။ဝမ်းမီးကို ဖြောင့်စေတတ်၏။ပိုးနား၊အဆိပ်နာ တို ့ကို နိုင်၏။

ကိုယ်ပူနာနှင့်သင့်၏။အထူးသဖြင့် ၎င်းအမြစ်ကိုလက်တဆစ်ဖြတ်၍ ဆန်ဆေးရည်နှင့် သွေးပြီး ကြက်သမာနာကို သုတ်လူးလျှင် သက်သာပျောက်ကင်းစေတတ်၏။ သွေးကို ကြေစေတတ်၏။ မြွေဆိပ်ကင်းဆိပ် စသော အဆိပ်အမျိုးမျိုးတို ့ကို လျင်မြန်စွာ ပယ်နိုင်၏။

ပါဝင်သော ဓါတုဓာတ်များ

အပင်တွင်ပါဝင်သော ဓာတုဗေဒဓာတ်ပစ္စည်းများနှင့် ဆေးဝါးအဖြစ် အသုံးပြုနိုင်မှုကို ဓာတ်ခွဲစမ်းသပ်ခဲ့ပါသည်။ ကြက်သဟင်းပင်၏ အရွက်၊ပင်စည်၊အမြစ်တို ့တွင် အလွန်အစွမ်းထက်သော အောက်ပါဓာတ်ပစ္စည်းများ ပါဝင်၏။

ကြက်သဟင်းကို လက်တွေ ့စမ်းသပ်သုတေသနပြုမှုများ

၁။ ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို စမ်းသပ်ချက်

ဆီးလမ်းကြောင်းတွင် ကျောက်တည်မှုအဖြစ်များဆုံးသည် ကယ်စီယမ်အောက်ဆီလိတ်ကျောက်တည်ခြင်း ဖြစ်သည်။ ဆီးလမ်းကြောင်းအတွင်းတွင် အမျိုးအစားမတူ ကွဲပြားသော ကျောက်တည်မှုများ ရှိနိုင်ပါသည်။ ဆီးအတွင်း ကျောက်များ အစိုင်အခဲ ဖြစ်ပေါ်မှုသည် ဓာတ်ဆားအမျိုးမျိုး ဖွဲ ့စည်းမှုကြောင့်ဖြစ်၏။

ကြက်သဟင်းဖြင့် ဆီးအိမ်ထဲ၌ ကယ်စီယမ် အောက်ဆီလိတ် ကျောက်များရှိသော ကြွက်များကို စမ်းသပ်ခဲ့ပါသည်။ ကြက်သဟင်း အဆီအနှစ် ၅ မီလီဂရမ် ကို ၃ဝရက် တိုက်ကျွေးခဲ့ရာ ကြီးသော ကျောက်များသေးငယ်၍ သေးသောကျောက်များ ပျော်ကျစေကြောင်း ၂၀၀၆ ခုနှစ်တွင် ဘရာဇီး နိုင်ငံ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ကြက်သဟင်းပင်ကို ဆေးဖက်ဝင်အပင်အဖြစ်အသုံးပြုနိုင်မှု

၁။ ကျောက်ကပ်ကျောက်နှင့် သည်းခြေကျောက်ကို ပျော်ကျစေခြင်း၊ ကျောက်များထပ်မတည်ရန် ကာကွယ်ခြင်း(expels stones)

၂။ ကျောက်ကပ်လုပ်ငန်း လုပ်ဆောင်မှုကို ကူညီလုပ်ဆောင်ပေးခြင်း၊ ကျောက်ကပ်ကို အဆိပ်အတောက်မဖြစ်စေရန် ကာကွယ်၍ ကျောက်ကပ်လုပ်မှု အရည်အချင်းကောင်းမွန်စေခြင်း၊ခန္ဓာကိုယ်အတွင်း အရည်များမျှတစေခြင်းသန်မာမှုရှိစေခြင်း(supports kidneys)

၃။ ဆီးရွှင်စေခြင်း၊ယူရစ်အက်စစ်ကို လျော့နည်းစေနိုင်သည့်ပြင် ဆီးပိုသွားစေ၏။

၄။ ကိုက်ခဲနာကျင်မှု ပျောက်စေခြင်း

၅။ အသည်းကို အဆိပ်အတောက်ဖြစ်ခြင်းကာကွယ်၍ အသည်းသန် မာစေခြင်း၊အရည်များအချိုးမျှတခြင်း၊အရည်အသွေး ကောင်းမွန်ခြင်း(အသည်းအင်ဇို်င်း ဇီဝဓာတ်ကူပစ္စည်းများ မျှတမှုဖြစ်စေခြင်း )

၆။ အသည်းကို အဆိပ်အတောက်ပြေစေခြင်း

၇။ တောင့်တင်းခြင်း၊တက်ခြင်း လျော့နည်းစေခြင်း

၈။ ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း

၉။ ဗိုင်းရပ်ိုးများဖြစ်သော အသည်းရောင်အသားဝါ အေ၊ဘီ၊စီ ရေယုန် ရောဂါနှင့် ခုခံအားကျဆင်းမှု။ဗိုင်းရပ်စ်ပိုးများကို သေစေခြင်း

၁၀။ အစာကြေခြင်း

၁၁။ သွေးထဲတွင် သကြားဓာတ်လျော့စေခြင်း

၁၂။ သွေးဖိအားလျော့စေခြင်း၊သွေးတိုး ကိုလက်စထရောလျော့စေခြင်း

၁၃။ ဗက်တီးရီးယားပိုးများကို သေစေခြင်း။

ကမ္ဘာတဝန်း ကြက်သဟင်းကို အသုံးပြုမှုများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဂျပန်-ကြက်သဟင်းအခြေ ာက်ပဥ္စငါးပါးကို ပြုတ်သောက်လျှင် အထွေထွေကျန်းမာရေး ကောင်းသည်ဟု ယူဆပါသည်။ အသည်းရောဂါကို ဒိန်ချဉ်ရည်ဖြင့်ရောသောက်ပြီး အစာမကြေ၊လေနာ၊ဝမ်းကိုက်ရောဂါတို ့ကို ရေနွေးကြမ်းအဖြစ်သောက်သုံး၏။အရွက်အစိမ်းအညှစ်ရည်ကို ကြက်ဆူဆီဖြင့်ရောစပ်၍ မျက်စိရောဂါအတွက် မျက်စိပတ်ဝန်းကျင်တါင် လိမ်းကျံသည်

၂။ ပြင်သစ်-အရွက်ကိုပြုတ်သောက်လျှင် သည်းခြေရည်များစေခြင်း၊အသည်းအားတိုးဆေးအဖြစ်သုံး၏။

၃။ အိန္ဒိယ-အရွက်စိမ်းရည်ကို ဆီးလမ်းကြောင်းရောဂါများ၊ဆီးချိုရောဂါများအတွက်အသုံးပြု၍ အရွက်ခြောက်ကို ရေနွေးကြမ်းကဲ့သို ့သွေးတိုးရောဂါများအတွက်သော်လည်းကောင်း သောက်သုံး၏။

၄။ ဖိလစ်ပိုင်-မီးဖွားပြီး အမျိုးသမီး များ အရွက်ပြုတ်ရည်ကို ရေချိုးခြင်းဖြင့် အရေပြားပေါ်ရှိ ရောဂါပိုးမွှားများ ကုန်စင်စေသည်ဟု ယုံကြည်သည်။

၅။ ထိုင်းနိုင်ငံ-အဖျားကျဆေး၊ဆီးဆေး၊ဌက်ဖျားဆေး၊အထွေထွေရောဂါကာကွယ်ဆေးအဖြစ်သုံး၏။

၆။ အနောက်အိန္ဒိယ-အစားစားလိုသောစိတ်ဖြစ်ပေါ်ဆေး၊ဆီးချိုရောဂါ၊ဆီးရောဂါဌက်ဖျားရောဂါဆေးများအဖြစ် အသုံးပြု၏။ဂနို၊ညောင်းကျရောဂါများပျောက်ကင်းရန်အသုံးပြု၏။

သူရဇ္ဇမဂ္ဂဇင်း ၂၀၁၃ ခုနှစ်။မေလ အတွဲ(၁၃) အမှတ်(၅)စွမ်းထက်နောင်ရေးသားသော ကြက်သဟင်းနှင့်အသည်းရောင်ရောဂါမှကောက်နုတ်ဖောက်ပြချက် ။

Sai Min Thant

အသည္းေရာင္အသားဝါ ဘီပိုး စီပိုး ေပ်ာက္ကင္းေစတဲ့ ၾကက္သဟင္း႐ြက္

အသည္းေရာင္အသားဝါ ဘီပိုး စီပိုး သက္သာေပ်ာက္ကင္းေစတဲ့ ၾကက္သဟင္း႐ြက္

အသည္းအထူးကုသမားေတာ္အလား။ ၾကက္သဟင္း႐ြက္ဟာ အသည္းနဲ႔့ ပတ္သက္ၿပီး အထူးကုသမားေတာ္အလား အစြမ္းထက္ပါတယ္။ ေဆးအေနနဲ႔ ေသာက္ရင္ေတာ့ ေန႔စဥ္အခ်ိန္မွန္ ေသာက္ေပးဖို႔ လိုအပ္ပါတယ္။

သက္သာေပ်ာက္ကင္းတဲ့အသည္းေရာဂါမ်ား- အသည္းေရာင္အသားဝါ ဘီပိုး စီပိုး၊ အသည္းႀကီးျခင္း၊ အသည္းေျခာက္ျခင္းစတဲ့ေရာဂါေတြ သက္သာေပ်ာက္ကင္းေစပါတယ္။

ဘယ္လိုေသာက္သုံးရမွာလည္း-

ေဆး႐ြက္လက္တြင္းတစ္ဆုပ္ကို ေရစင္စင္ေဆးၿပီး

ေရမတ္ခြက္ႏွစ္ခြက္ထည့္ တစ္ရည္ေကာင္းဆူေအာင္ျပဳတ္ၿပီး

က်န္တဲ့အရည္ကို တစ္ရက္၃ႀကိမ္ခြဲေသာက္ပါ။ ဒါမွမဟုတ္ ပဲဟင္းခ်ိဳခ်က္ၿပီးေသာက္လည္းရပါတယ္။

ဟင္းခ်ိဳ ခ်က္ေသာက္တဲ့အခါ အခ်ိဳမႈန္႔မထည့္တာ ပိုေကာင္းပါတယ္။ အ႐ြက္ကို ျပဳတ္တို႔လည္းရပါတယ္။ ေရာဂါမေပ်ာက္မျခင္း ေန႔စဥ္ေသာက္ရမွာပါ။

က်န္းမာခ်မ္းသာၾကပါေစ

ႀကက္သဟင္းရြက္ေဆးအသုံးဝင္ပုံမ်ား

အန္တီႀကီးတေယာက္က ႀကက္သဟင္းရြက္ေလးနည္းနည္းေလာက္ေပးပါေတာင္းလို႕ဘာေကာင္းလဲေမးႀကည့္တာအသည္းေကာင္းတယ္တဲ႕။ စိတ္ဝင္စားျပီးသိခ်င္တာနဲ႕ရွာႀကည့္လိုက္တာကိုဗဟု အျဖစ္ ျပန္လည္မ်ွေဝပါသည္။

ႀကက္သဟင္းပင္၏ ေဆးဖက္၀င္မႈမ်ား ႀကက္သဟင္းပင္၏ ေဆးဖက္၀င္မႈ

ႀကက္သဟင္းပင္၏ ေဆးဖက္၀င္မႈမ်ားကုိ က်န္းမာေရး၀န္ႀကီးဌာနမွထုတ္ေ၀ေသာ လက္ေတြ ့ အသံုးခ်ေဆးဖက္၀င္အပင္မ်ားေပါင္းခ်ဳပ္ စာအုပ္၌ ေအာက္ပါအတုိင္း ေဖာ္ျပထားပါသည္။

ပံုသ႑ာန္

ပင္မတ္ ခ်ံဳပင္မ်ိဳး ျဖစ္ပါသည္။၁-၇ ေပအထိျမင့္သည္။အရြက္မွာ ရြက္လႊဲထြက္သည္။အရြက္မွာ ငွက္ေမႊးရြက္ေပါင္း ျဖစ္သည္။ အပြင့္မွာ ေသးငယ္သည္။အေရာင္မွာ လိေမၼာ္ေရာင္။ရိုးတံကပ္ျပီး အပြင့္ပြင့္သည္။အသီးမွာ ညွာတံမဲ့သည္။

ေပါက္ေရာက္ပံု

စားသံုးပင္အျဖစ္ ေနအိမ္ျခံ၀င္း မ်ားတြင္ စိုက္ပ်ိဳးႀကသည္။ျမန္မာႏိုင္ငံအႏွံ ့အျပားတြင္ စိုက္ပ်ိဳးႀကသည္။ မေရွာ့ရြက္ပင္ႏွင့္ မိ်ဳးရင္းတူေသာေႀကာင့္ အပင္ပံုသ႑ာန္လည္း ဆင္တူရုိးမွား ျဖစ္ပါသည္။ အသံုးျပဳသည့္ အစိတ္အပိုင္းမွာ အရြက္၊ အျမစ္။

အာနိသင္

အရြက္မွာ ေအး၏။ခ်ိဳေသာ အရသာရွိ၏။ေလလမ္းကို ေျဖာင့္၍ ၀မ္းမီးကုိေတာက္ေစ၏။ ပိုးနား၊ အဆိပ္နာကုိ ႏိုင္၏။ကိုယ္ပူနာႏွင့္ သင့္၏။အသည္းေရာဂါမ်ားႏွင့္ အထူးသင့္ေလ်ာ္၏။

အသံုးျပဳပံု

ႀကက္သဟင္းရြက္အား ဟင္းခ်ိဳခ်က္၍ လည္းေကာင္း၊ ေႀကာ္ခ်က္စားျခင္းအတို ့အျမွဳပ္အျဖစ္ လည္းေကာင္း ဟင္းလ်ာမ်ားတြင္ စားသံုးႀကသည္ ။ ႀကက္သဟင္းျမစ္ကို ေသြးေသာက္ျခင္း၊ျပဳတ္ေသာက္ျခင္းျဖင့္ ေသြးတုိးကုိက်ေစပါသည္။ ႏွလံုးတုန္၊ ရင္တုန္ျခင္း ကုိသက္သာေစပါသည္။

အဆိပ္ရွိေသာ ပိုးမႊားမ်ား ကိုက္ခံရပါက ႀကက္သဟင္းျမစ္ကို ေသြးလိမ္းႏိုင္ပါသည္။ ႀကက္သဟင္းျမစ္ကုိ ဆန္ေဆးရည္ႏွင့္ ေသြးလိမ္းပါက ႀကပ္္သမာႏွင့္ အဖုအက်ိတ္၊အနာေပါက္ေရာဂါ မ်ားကို သက္သာေပ်ာက္ကင္းေစသည္။ ႀကက္သဟင္းအရြက္ကုိ ဟင္းခါးခ်က္ေသာက္၍ လည္းေကာင္း သံုးပံုတစ္ပံုႀကြင္းျပဳတ္ေသာက္ျခင္းအားျဖင့္ လည္းေကာင္း အဖ်ားေရာဂါကို သက္သာေစပါသည္။အဖ်ားက်ေစပါသည္။

ႀကက္သဟင္း ပဥၥငါးပါးကုိ သံုးပံုတစ္ပံုျကြင္း က်န္ေအာင္ ျပဳတ္ေသာက္ျခင္းျဖင့္ အသည္းေရာင္ အသား၀ါေရာဂါကုိ သက္သာေစပါသည္။ႀကက္သဟင္းရြက္ ဟင္းခ်ိဳအျဖစ္လည္း စားသံုးႏိုင္ပါသည္။ ရႈေတာ္မူေဆးအဘိဓာန္၌ ေဖာ္ျပထားသည္မွာ ေအာက္ပါအတုိင္းျဖစ္ပါသည္။ ႀကက္သဟင္းရြက္သည္ ပူ၏။ခ်ိဳေသာ အရသာရွိ၏။၀မ္းမီးကို ေျဖာင့္ေစတတ္၏။ပုိးနား၊အဆိပ္နာ တုိ ့ကို ႏိုင္၏။

ကိုယ္ပူနာႏွင့္သင့္၏။အထူးသျဖင့္ ၎အျမစ္ကိုလက္တဆစ္ျဖတ္၍ ဆန္ေဆးရည္နွင့္ ေသြးျပီး ႀကက္သမာနာကုိ သုတ္လူးလွ်င္ သက္သာေပ်ာက္ကင္းေစတတ္၏။ ေသြးကုိ ေႀကေစတတ္၏။ ေျမြဆိပ္ကင္းဆိပ္ စေသာ အဆိပ္အမ်ိဳးမ်ိဳးတို ့ကို လ်င္ျမန္စြာ ပယ္ႏိုင္၏။

ပါ၀င္ေသာ ဓါတုဓာတ္မ်ား

အပင္တြင္ပါ၀င္ေသာ ဓာတုေဗဒဓာတ္ပစၥည္းမ်ားႏွင့္ ေဆး၀ါးအျဖစ္ အသံုးျပဳႏိုင္မႈကို ဓာတ္ခြဲစမ္းသပ္ခဲ့ပါသည္။ ႀကက္သဟင္းပင္၏ အရြက္၊ပင္စည္၊အျမစ္တို ့တြင္ အလြန္အစြမ္းထက္ေသာ ေအာက္ပါဓာတ္ပစၥည္းမ်ား ပါ၀င္၏။

ႀကက္သဟင္းကုိ လက္ေတြ ့စမ္းသပ္သုေတသနျပဳမႈမ်ား

၁။ ဆီးလမ္းေႀကာင္းတြင္ ေက်ာက္တည္ျခင္းကုိ စမ္းသပ္ခ်က္

ဆီးလမ္းေႀကာင္းတြင္ ေက်ာက္တည္မႈအျဖစ္မ်ားဆံုးသည္ ကယ္စီယမ္ေအာက္ဆီလိတ္ေက်ာက္တည္ျခင္း ျဖစ္သည္။ ဆီးလမ္းေႀကာင္းအတြင္းတြင္ အမ်ိဳးအစားမတူ ကြဲျပားေသာ ေက်ာက္တည္မႈမ်ား ရွိႏိုင္ပါသည္။ ဆီးအတြင္း ေက်ာက္မ်ား အစိုင္အခဲ ျဖစ္ေပၚမႈသည္ ဓာတ္ဆားအမ်ိဳးမ်ိဳး ဖြဲ ့စည္းမႈေႀကာင့္ျဖစ္၏။

ႀကက္သဟင္းျဖင့္ ဆီးအိမ္ထဲ၌ ကယ္စီယမ္ ေအာက္ဆီလိတ္ ေက်ာက္မ်ားရွိေသာ ႀကြက္မ်ားကို စမ္းသပ္ခဲ့ပါသည္။ ႀကက္သဟင္း အဆီအႏွစ္ ၅ မီလီဂရမ္ ကို ၃၀ရက္ တုိက္ေကၽြးခဲ့ရာ ႀကီးေသာ ေက်ာက္မ်ားေသးငယ္၍ ေသးေသာေက်ာက္မ်ား ေပ်ာ္က်ေစေႀကာင္း ၂၀၀၆ ခုႏွစ္တြင္ ဘရာဇီး ႏိုင္ငံ၌ စမ္းသပ္ခဲ့ျခင္း ျဖစ္သည္။

ႀကက္သဟင္းပင္ကုိ ေဆးဖက္၀င္အပင္အျဖစ္အသံုးျပဳႏိုင္မႈ

၁။ ေက်ာက္ကပ္ေက်ာက္ႏွင့္ သည္းေျခေက်ာက္ကို ေပ်ာ္က်ေစျခင္း၊ ေက်ာက္မ်ားထပ္မတည္ရန္ ကာကြယ္ျခင္း(expels stones)

၂။ ေက်ာက္ကပ္လုပ္ငန္း လုပ္ေဆာင္မႈကုိ ကူညီလုပ္ေဆာင္ေပးျခင္း၊ ေက်ာက္ကပ္ကို အဆိပ္အေတာက္မျဖစ္ေစရန္ ကာကြယ္၍ ေက်ာက္ကပ္လုပ္မႈ အရည္အခ်င္းေကာင္းမြန္ေစျခင္း၊ခႏၶာကုိယ္အတြင္း အရည္မ်ားမွ်တေစျခင္းသန္မာမႈရွိေစျခင္း(supports kidneys)

၃။ ဆီးရႊင္ေစျခင္း၊ယူရစ္အက္စစ္ကို ေလ်ာ့နည္းေစႏိုင္သည့္ျပင္ ဆီးပိုသြားေစ၏။

၄။ ကုိက္ခဲနာက်င္မႈ ေပ်ာက္ေစျခင္း

၅။ အသည္းကို အဆိပ္အေတာက္ျဖစ္ျခင္းကာကြယ္၍ အသည္းသန္ မာေစျခင္း၊အရည္မ်ားအခ်ိဳးမွ်တျခင္း၊အရည္အေသြး ေကာင္းမြန္ျခင္း(အသည္းအင္ဇို္င္း ဇီ၀ဓာတ္ကူပစၥည္းမ်ား မွ်တမႈျဖစ္ေစျခင္း )

၆။ အသည္းကုိ အဆိပ္အေတာက္ေျပေစျခင္း

၇။ ေတာင့္တင္းျခင္း၊တက္ျခင္း ေလ်ာ့နည္းေစျခင္း

၈။ ေရာင္ရမ္းျခင္းကို ေလ်ာ့နည္းေစျခင္း

၉။ ဗိုင္းရပ္ိုးမ်ားျဖစ္ေသာ အသည္းေရာင္အသား၀ါ ေအ၊ဘီ၊စီ ေရယုန္ ေရာဂါႏွင့္ ခုခံအားက်ဆင္းမႈ။ဗိုင္းရပ္စ္ပိုးမ်ားကို ေသေစျခင္း

၁၀။ အစာေႀကျခင္း

၁၁။ ေသြးထဲတြင္ သႀကားဓာတ္ေလ်ာ့ေစျခင္း

၁၂။ ေသြးဖိအားေလ်ာ့ေစျခင္း၊ေသြးတိုး ကိုလက္စထေရာေလ်ာ့ေစျခင္း

၁၃။ ဗက္တီးရီးယားပိုးမ်ားကို ေသေစျခင္း။

ကမၻာတ၀န္း ႀကက္သဟင္းကုိ အသံုးျပဳမႈမ်ားမွာေအာက္ပါအတုိင္းျဖစ္ပါသည္။

၁။ ဂ်ပန္-ႀကက္သဟင္းအေျခ ာက္ပဥၥငါးပါးကုိ ျပဳတ္ေသာက္လွ်င္ အေထြေထြက်န္းမာေရး ေကာင္းသည္ဟု ယူဆပါသည္။ အသည္းေရာဂါကို ဒိန္ခ်ဥ္ရည္ျဖင့္ေရာေသာက္ျပီး အစာမေႀက၊ေလနာ၊၀မ္းကုိက္ေရာဂါတုိ ့ကို ေရေႏြးႀကမ္းအျဖစ္ေသာက္သံုး၏။အရြက္အစိမ္းအညွစ္ရည္ကုိ ႀကက္ဆူဆီျဖင့္ေရာစပ္၍ မ်က္စိေရာဂါအတြက္ မ်က္စိပတ္၀န္းက်င္တါင္ လိမ္းက်ံသည္

၂။ ျပင္သစ္-အရြက္ကုိျပဳတ္ေသာက္လွ်င္ သည္းေျခရည္မ်ားေစျခင္း၊အသည္းအားတုိးေဆးအျဖစ္သံုး၏။

၃။ အိႏၵိယ-အရြက္စိမ္းရည္ကို ဆီးလမ္းေႀကာင္းေရာဂါမ်ား၊ဆီးခ်ိဳေရာဂါမ်ားအတြက္အသံုးျပဳ၍ အရြက္ေျခာက္ကုိ ေရေႏြးႀကမ္းကဲ့သုိ ့ေသြးတိုးေရာဂါမ်ားအတြက္ေသာ္လည္းေကာင္း ေသာက္သံုး၏။

၄။ ဖိလစ္ပိုင္-မီးဖြားျပီး အမ်ိဳးသမီး မ်ား အရြက္ျပဳတ္ရည္ကုိ ေရခ်ိဳးျခင္းျဖင့္ အေရျပားေပၚရွိ ေရာဂါပိုးမႊားမ်ား ကုန္စင္ေစသည္ဟု ယံုႀကည္သည္။

၅။ ထိုင္းႏိုင္ငံ-အဖ်ားက်ေဆး၊ဆီးေဆး၊ဌက္ဖ်ားေဆး၊အေထြေထြေရာဂါကာကြယ္ေဆးအျဖစ္သံုး၏။

၆။ အေနာက္အိႏၵိယ-အစားစားလိုေသာစိတ္ျဖစ္ေပၚေဆး၊ဆီးခ်ိဳေရာဂါ၊ဆီးေရာဂါဌက္ဖ်ားေရာဂါေဆးမ်ားအျဖစ္ အသံုးျပဳ၏။ဂႏို၊ေညာင္းက်ေရာဂါမ်ားေပ်ာက္ကင္းရန္အသံုးျပဳ၏။

သူရဇၨမဂၢဇင္း ၂၀၁၃ ခုႏွစ္။ေမလ အတြဲ(၁၃) အမွတ္(၅)စြမ္းထက္ေနာင္ေရးသားေသာ ႀကက္သဟင္းႏွင့္အသည္းေရာင္ေရာဂါမွေကာက္နဳတ္ေဖာက္ျပခ်က္ ။

Sai Min Thant

LEAVE A REPLY

Please enter your comment!
Please enter your name here