အထူးကြပ်မတ်ကုသဆောင် (ICU)ကိုပြောင်းရွှေ့ကုသမှုခံယူရတဲ့အထိ စိုးရိမ်လာရတဲ့ ဦးဗေလုဝရဲ့ ကျန်းမာရေးအခြေအနေ

59

လူတွေကို ဟာသတွေနဲ့ ပျော်စရာတွေပေးတဲ့ သရုပ်ဆောင် ဗေလုဝဟာ ရုတ်တရက် စကားပြောတဲ့အာရုံကြောတစ်ခုကို သွေးပိတ်တဲ့ ဝေဒနာကြောင့် ပင်လုံဆေးရုံမှာ ကုသမှုခံယူနေရတဲ့ သတင်းကို ပရိသတ်ကြီးတို့လည်း ကြားသိပြီးဖြစ်မှာပါ….. ဒီဝေဒနာကြောင့် အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေ ဆေးရုံကို သတင်းလာမေးတဲ့အခါမှာ လူတွေကို မမှတ်မိတော့ဘူးလို့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်….

လက်ရှိဆေးကုသမှုခံယူနေဆဲဖြစ်တဲ့ ဗေလုဝရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတယ်ဆိုပြီး သူ့မိသားစုဝင်တွေက ပြောလာခဲ့ပါတယ်….ဒုတိယအကြိမ် CT Scan ထပ်ရိုက်ရာမှာ သွေးကြောပိုပိတ်လာတဲ့ သဘောရှိပြီး စိုးရိမ်ရတာဖြစ်လို့ အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ကုသမှုခံယူနေရတယ်လို့ သိရပါတယ်…

နိုင်ငံခြားကို သွားရောက်ကုသဖို့ စီစဉ်ပေမယ့်လည်း ဆရာဝန်က ကျန်းမာရေးအခြေအနေကြောင့် လေယာဉ်စီးဖို့ ခွင့်မပြုတာကြောင့် ပြည်တွင်းက နာမည်ကျော် ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးစောဆိုင်မွန်သာကို ပင့်ထားတယ်လို့ သိရပါတယ်…

စစ်သူကြီး ဦးဗေလုဝတစ်ယောက် အမြန်နေကောင်းလာပါစေ…ပရိသတ်ကြီးတို့လည်း ဦးဗေလုဝတစ်ယောက် အမြန်ကျန်းမာနေကောင်းလာဖို့ ဆုတောင်းစကားလေးတွေ ဆိုခဲ့ကြပါအုံးနော်….

Writer – HW (Shwe Yaung Lan)

အထူးၾကပ္မတ္ကုသေဆာင္ (ICU)ကိုေျပာင္းေရႊ႕ကုသမႈခံယူရတဲ့အထိ စိုးရိမ္လာရတဲ့ ဦးေဗလုဝရဲ့ က်န္းမာေရးအေျခအေန

လူေတြကို ဟာသေတြနဲ႔ ေပ်ာ္စရာေတြေပးတဲ့ သ႐ုပ္ေဆာင္ ေဗလုဝဟာ ႐ုတ္တရက္ စကားေျပာတဲ့အာ႐ုံေၾကာတစ္ခုကို ေသြးပိတ္တဲ့ ေဝဒနာေၾကာင့္ ပင္လုံေဆး႐ုံမွာ ကုသမႈခံယူေနရတဲ့ သတင္းကို ပရိသတ္ႀကီးတို႔လည္း ၾကားသိၿပီးျဖစ္မွာပါ….. ဒီေဝဒနာေၾကာင့္ အႏုပညာအသိုင္းအဝိုင္းက လုပ္ေဖာ္ကိုင္ဖက္ေတြ ေဆး႐ုံကို သတင္းလာေမးတဲ့အခါမွာ လူေတြကို မမွတ္မိေတာ့ဘူးလို႔ သတင္းေတြလည္းထြက္ေပၚခဲ့ပါတယ္….

လက္ရွိေဆးကုသမႈခံယူေနဆဲျဖစ္တဲ့ ေဗလုဝရဲ့ က်န္းမာေရးအေျခအေနက စိုးရိမ္ရတယ္ဆိုၿပီး သူ႔မိသားစုဝင္ေတြက ေျပာလာခဲ့ပါတယ္….ဒုတိယအႀကိမ္ CT Scan ထပ္ရိုက္ရာမွာ ေသြးေၾကာပိုပိတ္လာတဲ့ သေဘာရွိၿပီး စိုးရိမ္ရတာျဖစ္လို႔ အထူးၾကပ္မတ္ကုသေဆာင္ကို ေျပာင္းေရႊ႕ကုသမႈခံယူေနရတယ္လို႔ သိရပါတယ္…

နိုင္ငံျခားကို သြားေရာက္ကုသဖို႔ စီစဥ္ေပမယ့္လည္း ဆရာဝန္က က်န္းမာေရးအေျခအေနေၾကာင့္ ေလယာဥ္စီးဖို႔ ခြင့္မျပဳတာေၾကာင့္ ျပည္တြင္းက နာမည္ေက်ာ္ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ ခြဲစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာ ဦးေစာဆိုင္မြန္သာကို ပင့္ထားတယ္လို႔ သိရပါတယ္…

စစ္သူႀကီး ဦးေဗလုဝတစ္ေယာက္ အျမန္ေနေကာင္းလာပါေစ…ပရိသတ္ႀကီးတို႔လည္း ဦးေဗလုဝတစ္ေယာက္ အျမန္က်န္းမာေနေကာင္းလာဖို႔ ဆုေတာင္းစကားေလးေတြ ဆိုခဲ့ၾကပါအုံးေနာ္….


Writer – HW (Shwe Yaung Lan)

LEAVE A REPLY

Please enter your comment!
Please enter your name here