ဖေဖော်ဝါရီလ ဆယ့်လေးရက်နေ့မှာကျရောက်မယ့် ချစ်သူများနေ့အတွက် ညီမလေးများသို့ သတိပေးစာ

87

အချိန်ရမှ မဖတ်ပါနဲ့ အချိန်ပေးပြီးဖတ်ပါ

ညီမလေး….သို့

ညီမလေးရေ…ဖေဖော်ဝါရီ ဆယ့်လေးတဲ့ရောမဒဏ္ဍာရီထဲကဗလ်လင်ထိုင်း ဘုန်းတော်ကြီးကနေစတင် စီးဆင်းခဲ့တဲ့ဟောဒီ ချစ်သူများနေ့။

ရာဇဝင် စာသဘင်တွေနဲ့ယနေ့ ကမ္ဘာအထိ သယ်ဆောင်လာမှားသလား မှန်သလားဆိုတာဘယ်သူမှ မဝေးခွဲခဲ့ကြဘူး။

တကယ်တော့ ညီမလေးရယ်သစ္စာရှိသောမေတ္တာရှိသောအကြင်နာနှလုံးသားရင်မှာထားရှိကြသောချစ်သူတိုင်း အတွက်အချစ်တွေ မဆိတ်သုဉ်းသမျှချစ်သူများနေ့ချည်းပေါ့ကွယ်။ချစ်သူတွေရဲ့ ချစ်ခြင်းမှာအပြစ်တွေ ကင်းနေဖို့တော့အမြဲတမ်း စောင့်စည်းကြရမှာပေါ့။

ကြာကြာ ဝါးမဲ့သွားအရိုး ကြည့်ရှောင်ရသတဲ့။အမေပေးခဲ့တဲ့ အမွေရိုသေရမယ် စည်ကမ်းရှိရမယ်အနာဂတ်ရဲ့ သားကောင်းတမန်တွေအတွက်မိကောင်းဖခင်တွေ ဖြစ်ကြရဦးမယ်လေ။

အခုတော့ ညီမလေးရယ်ကာမအမှောင်မှာအသိဉာဏ်အရောင် မလင်းနိုင်တော့အချစ်တွေလား အပြစ်တွေလားအရိပ်တွေလား အဆိပ်တွေလားရမ္မက်တွေလား နရက်တွေလားမစဉ်းစား မဆင်ခြင်ပဲတန်ဖိုးမဲ့ ရင်ခွင်ချင်းအပ်သွေးသားဆန္ဒ ပြင်းပြမုန်ယိုဖြစ်ချင်တိုင်းဖြစ်နေတာကိုမှအချစ်လို့ ခေါ်ကြသလားမသိ။

ဘဝပျက်သူက ပျက်အလှပျက်သူက ပျက်ကိုယ်ကျင့်သိက္ခာတွေကိုရောင်းစားလို စားနဲ့အရောင်မျိုးစုံ ဆိုးလိမ်းပြီးတော့ဖြူစင်တဲ့ဘဝတွေကို ဖျက်ဆီးနေလိုက်ကြတာအပြန်အလှန် အချစ်ကြီးနေလိုက်ကြတာအရှက်တွေမဲ့ အဝတ်တွေမဲ့ဂုဏ်သိက္ခာတွေလဲ ကျိုးပဲ့လို့ပေါ့။အဲ့ဒီ Valentine’s day မှာဟိုတယ် တည်းခိုးခန်းနိုက်ကလပ် ဘားအခန်းတွေ အကုန်မအားဆိုကြားလို့မှ ကောင်းရဲ့လားကွယ်ဒါဟာ ဖိုမတို့ရဲ့ အပြာညလားကိုယ့်ကိုကိုယ် တန်ဖိုးမဲ့စွာအပေါစားပါလို့ ကြေငြာလိုက်တာလားမတွေးဝံ့ မနာသာဒါ မြန်မာ-တဲ့လားကွာ။

ရှေးလူကြီးသူမတွေတန်ဖိုးထား ဆိုဟခဲ့တဲ့မင်္ဂလာဦး ည ဆိုတာလဲခုခေတ်မှာ ကွယ်ပျောက်မင်္ဂလာဆောင်လဲ မမြောက်တော့ပါဘူး။

ဒါကို ချစ်သူများနေ့လို့သတ်မှတ်လွဲမှားကြရင်ဖြင့်ဒို့တတွေရဲ့ ဘာသာ ယဉ်ကျေးမှုဘယ်သူတွေ ဂရုပြုတော့မလဲ။

ညီမလေးရေဘယ်သူတွေ တရား ပျက်ပျက်ကိုယ် မပျက်စေနဲ့-တဲ့။ညီမလေးရဲ့ နှလုံးသားမှာဘဝနဲ့ ရင်းရတဲ့ အမှားမျိုးတွေနောင်တကျိန်စာသင့်စေမယ့်ကံကြမ္မာရဲ့ဝိညာဉ်ဆိုးတွေရှောင်ရှားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

နေ့တိုင်းပဲ ချစ်သူများနေ့ ဖြစ်နိုင်ကြပါစေ။

မျိုးဆက်သစ်မေတ္တာရှင်

ေဖေဖာ္ဝါရီလ ဆယ့္ေလးရက္ေန႔မွာက်ေရာက္မယ့္ ခ်စ္သူမ်ားေန႔အတြက္ ညီမေလးမ်ားသို႔ သတိေပးစာ…”

အခ်ိန္ရမွ မဖတ္ပါနဲ႔ အခ်ိန္ေပးၿပီးဖတ္ပါ

ညီမေလး….သို႔

ညီမေလးေရ…ေဖေဖာ္ဝါရီ ဆယ့္ေလးတဲ့ေရာမဒ႑ာရီထဲကဗလ္လင္ထိုင္း ဘုန္းေတာ္ႀကီးကေနစတင္ စီးဆင္းခဲ့တဲ့ေဟာဒီ ခ်စ္သူမ်ားေန႔။

ရာဇဝင္ စာသဘင္ေတြနဲ႔ယေန႔ ကမၻာအထိ သယ္ေဆာင္လာမွားသလား မွန္သလားဆိုတာဘယ္သူမွ မေဝးခြဲခဲ့ၾကဘူး။

တကယ္ေတာ့ ညီမေလးရယ္သစၥာရွိေသာေမတၱာရွိေသာအၾကင္နာႏွလုံးသားရင္မွာထားရွိၾကေသာခ်စ္သူတိုင္း အတြက္အခ်စ္ေတြ မဆိတ္သုဥ္းသမၽွခ်စ္သူမ်ားေန႔ခ်ည္းေပါ့ကြယ္။ခ်စ္သူေတြရဲ့ ခ်စ္ျခင္းမွာအျပစ္ေတြ ကင္းေနဖို႔ေတာ့အျမဲတမ္း ေစာင့္စည္းၾကရမွာေပါ့။

ၾကာၾကာ ဝါးမဲ့သြားအရိုး ၾကည့္ေရွာင္ရသတဲ့။အေမေပးခဲ့တဲ့ အေမြရိုေသရမယ္ စည္ကမ္းရွိရမယ္အနာဂတ္ရဲ့ သားေကာင္းတမန္ေတြအတြက္မိေကာင္းဖခင္ေတြ ျဖစ္ၾကရဦးမယ္ေလ။

အခုေတာ့ ညီမေလးရယ္ကာမအေမွာင္မွာအသိဉာဏ္အေရာင္ မလင္းနိုင္ေတာ့အခ်စ္ေတြလား အျပစ္ေတြလားအရိပ္ေတြလား အဆိပ္ေတြလားရမၼက္ေတြလား နရက္ေတြလားမစဥ္းစား မဆင္ျခင္ပဲတန္ဖိုးမဲ့ ရင္ခြင္ခ်င္းအပ္ေသြးသားဆႏၵ ျပင္းျပမုန္ယိုျဖစ္ခ်င္တိုင္းျဖစ္ေနတာကိုမွအခ်စ္လို႔ ေခၚၾကသလားမသိ။

ဘဝပ်က္သူက ပ်က္အလွပ်က္သူက ပ်က္ကိုယ္က်င့္သိကၡာေတြကိုေရာင္းစားလို စားနဲ႔အေရာင္မ်ိဳးစုံ ဆိုးလိမ္းၿပီးေတာ့ျဖဴစင္တဲ့ဘဝေတြကို ဖ်က္ဆီးေနလိုက္ၾကတာအျပန္အလွန္ အခ်စ္ႀကီးေနလိုက္ၾကတာအရွက္ေတြမဲ့ အဝတ္ေတြမဲ့ဂုဏ္သိကၡာေတြလဲ က်ိဳးပဲ့လို႔ေပါ့။အဲ့ဒီ Valentine’s day မွာဟိုတယ္ တည္းခိုးခန္းနိုက္ကလပ္ ဘားအခန္းေတြ အကုန္မအားဆိုၾကားလို႔မွ ေကာင္းရဲ့လားကြယ္ဒါဟာ ဖိုမတို႔ရဲ့ အျပာညလားကိုယ့္ကိုကိုယ္ တန္ဖိုးမဲ့စြာအေပါစားပါလို႔ ေၾကျငာလိုက္တာလားမေတြးဝံ့ မနာသာဒါ ျမန္မာ-တဲ့လားကြာ။

ေရွးလူႀကီးသူမေတြတန္ဖိုးထား ဆိုဟခဲ့တဲ့မဂၤလာဦး ည ဆိုတာလဲခုေခတ္မွာ ကြယ္ေပ်ာက္မဂၤလာေဆာင္လဲ မေျမာက္ေတာ့ပါဘူး။

ဒါကို ခ်စ္သူမ်ားေန႔လို႔သတ္မွတ္လြဲမွားၾကရင္ျဖင့္ဒို႔တေတြရဲ့ ဘာသာ ယဥ္ေက်းမႈဘယ္သူေတြ ဂ႐ုျပဳေတာ့မလဲ။

ညီမေလးေရဘယ္သူေတြ တရား ပ်က္ပ်က္ကိုယ္ မပ်က္ေစနဲ႔-တဲ့။ညီမေလးရဲ့ ႏွလုံးသားမွာဘဝနဲ႔ ရင္းရတဲ့ အမွားမ်ိဳးေတြေနာင္တက်ိန္စာသင့္ေစမယ့္ကံၾကမၼာရဲ့ဝိညာဥ္ဆိုးေတြေရွာင္ရွားနိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

ေန႔တိုင္းပဲ ခ်စ္သူမ်ားေန႔ ျဖစ္နိုင္ၾကပါေစ။

မ်ိဳးဆက္သစ္ေမတၱာရွင္

LEAVE A REPLY

Please enter your comment!
Please enter your name here