မန္တလေး ပြည်ကြီးတခွန်မြို့နဟ်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းကြိုပို့ယာဉ်တစီး မီးလောင်မူဖြစ်ပွား

36

ဇန်နဝါရီ(၁၅) AlinnMyay(အလင်းမြေ)

မန္တလေးပြည်ကြီးတခွန်မြို့နယ် ( ဇ ) ရပ် အကွက်အမှတ် ( နန-၂၆ ) အိမ်အမှတ် ( ၇၀ ) စံပြလမ်းနဲ့ မင်္ဂလာလမ်းကြား ၅၈ လမ်းက ဒေါ်အိမမထွန်း ပိုင်ဆိုင်တဲ့ K ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ရပ်ထားတဲ့ ကျောင်းကြိုပို့ ယာဉ်ဖြစ်တဲ့ ယာဉ်အမှတ် MDY – 5L/ 1573 ဟွန်ဒိုင်း အမျိုးအစားမော်တော်ယာဉ်အဖြူရောင်တစ်စီး ကားစက်ခန်းမှစပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

K ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း ကြိုပို့ယာဉ်မီးလောင်ရာကို မြို့နယ် မီးသတ် ဒုတိယဦးစီးမှူး ဦးကျော်မျိုးသန့် နှင့် တပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးအောင်နဲ့တပ်ဖွဲ့ဝင်များနှင့် အတူ မီသတ်ယဉ် ၄ စီး လာရောက်မီးငြိမ်းသတ်ခဲ့ကြပါတယ်။

K ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း ကြိုပို့ယာဉ်မောင်း သူဇော်မင်းထွန်း(ခ)ဖိုးဇော်ကို ပြစ်မှုအမှတ် (ပ) ၂၄ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ ဒုရဲအုပ် ဇွန်ကိုလတ်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားကြောင်း သိရပါတယ်။

သတင်း – မင်းထွဋ်ခေါင် #AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ

(Zawgyi)

မႏၲေလး ျပည္ႀကီးတခြန္ၿမိဳ႕နဟ္မွာ ကိုယ္ပိုင္အထက္တန္းေက်ာင္းႀကိဳပို႔ယာဥ္တစီး မီးေလာင္မူျဖစ္ပြား

ဇန္နဝါရီ(၁၅) AlinnMyay(အလင္းေျမ)

မႏၲေလးျပည္ႀကီးတခြန္ၿမိဳ႕နယ္ ( ဇ ) ရပ္ အကြက္အမွတ္ ( နန-၂၆ ) အိမ္အမွတ္ ( ၇၀ ) စံျပလမ္းနဲ႔ မဂၤလာလမ္းၾကား ၅၈ လမ္းက ေဒၚအိမမထြန္း ပိုင္ဆိုင္တဲ့ K ဟိန္း ကိုယ္ပိုင္အထက္တန္းေက်ာင္းေရွ႕ရပ္ထားတဲ့ ေက်ာင္းႀကိဳပို႔ ယာဥ္ျဖစ္တဲ့ ယာဥ္အမွတ္ MDY – 5L/ 1573 ဟြန္ဒိုင္း အမ်ိဳးအစားေမာ္ေတာ္ယာဥ္အျဖဴေရာင္တစ္စီး ကားစက္ခန္းမွစၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။

K ဟိန္း ကိုယ္ပိုင္အထက္တန္းေက်ာင္း ႀကိဳပို႔ယာဥ္မီးေလာင္ရာကို ၿမိဳ႕နယ္ မီးသတ္ ဒုတိယဦးစီးမႉး ဦးေက်ာ္မ်ိဳးသန႔္ ႏွင့္ တပ္ဖြဲ႕ဝင္မ်ား ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေနမ်ိဳးေအာင္နဲ႔တပ္ဖြဲ႕ဝင္မ်ားႏွင့္ အတူ မီသတ္ယဥ္ ၄ စီး လာေရာက္မီးၿငိမ္းသတ္ခဲ့ၾကပါတယ္။

K ဟိန္း ကိုယ္ပိုင္အထက္တန္းေက်ာင္း ႀကိဳပို႔ယာဥ္ေမာင္း သူေဇာ္မင္းထြန္း(ခ)ဖိုးေဇာ္ကို ျပစ္မႈအမွတ္ (ပ) ၂၄ /၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ နဲ႔ ဒုရဲအုပ္ ဇြန္ကိုလတ္က တရားလိုျပဳလုပ္ၿပီး တရားစြဲဆိုထားေၾကာင္း သိရပါတယ္။

#AlinnMyay(အလင္းေျမ) ျပည္သူ႔ ကူညီေရးႏွင့္ သတင္းမွန္ မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here