ကာတွန်းဇာတ်ကောင်ထဲက ဂျပန်မလေးအတိုင်း အရမ်းကိုမိုက်နေတဲ့ ရွှေအိမ်စည်

368

ကာတွန်းဇာတ်ကောင်ထဲက ဂျပန်မလေးအတိုင်း အရမ်းကိုမိုက်နေတဲ့ ရွှေအိမ်စည်

မြန်မာဂုဏ်ဆောင်အလှမယ် တဦးဖြစ်တဲ့ ရွေအိမ်စည်ကတော့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် တည်ငြိမ်လှတဲ့ မျက်နှာထားတွေကြောင့် ယခုနောက်ပိုင်းမှာ ပရိသတ် ဝန်းရံမှုတွေ ပိုပိုပြီးတော့ များလာတာ ဖြစ်ပါတယ်။

ရွှေအိမ်စည်ကတော့ အင်တာဗျူးတွေမှာလည်း ပြတ်သားလှတဲ့ စကားပြောဟန်တွေကြောင့် ပရိသတ်တွေ ပိုပြီးတော့ အားပေးလာကြပြီး သူမရဲ့ အင်တာဗျူးတွေကိုလည်း ပရိသတ်တွေ နှစ်သက်ကြပါတယ်။

ရွှေအိမ်စည်ကတော့ အပြောကောင်း ရုပ်ချောရုံတင်မကပါဘူး။ အဝတ်စားဝတ်ရာမှာလည်း အလွန်ဖက်ရှင်ကျလှတဲ့ မော်ဒယ်တယောက်ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရွေအိမ်စည်တယောက်ကတော့ Oriental themed Runaway ပွဲလေးမှာတော့ အရမ်းကိုလှပလွန်းတဲ့ ဝတ်စုံနဲ့ ရှိုးလျောက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ တကယ့်ကို ကာတွန်းဇာတ်ကောင်ထဲက ကောင်မလေးတယောက် အတိုင်းကို ဖက်ရှင်ကျလှပနေတာ ဖြစ်ပြီး သူဝတ်ထားတဲ့ ဝတ်စုံလေးကလည်း သူနဲ့ အင်မတန်လိုက်ဖက်နေတာ ဖြစ်ပါတယ်။ ဝတ်စုံလေးကလည်း ခန္ဓာကိုယ်ကို အတိုင်းသားပေါ်လွင်နေတာကြောင့် ကြည့်ရသူအဖို့ ရင်ဖိုချင်စရာပါပဲ။

ရွှေအိမ်စည်ရဲ့ ဂျပန်ကောင်မလေးတယောက်ရဲ့ ဝတ်စုံဖက်ကိုသွားပြီး သူ့ရဲ့သွယ်လှတဲ့ ပေါင်တံလေးကိုလည်း အထင်းသားမြင်နေရပြီး ဒီပုံလေးတွေကလည်း ပရိသတ်အားပေးမှု အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ ဘော်ဒီခပ်တောင့်တောင့်နဲ့ ဆက်ဆီဖက်လေး အနည်းငယ်ရောက်နေတဲ့ ရွှေအိမ်စည်ရဲ့ ပုံလေးတွေကိုတော့ Apannpyay ချစ်ပရိသတ်ကြီးလည်း ရင်ခုန်ခံစားလို့ရအောင် တင်ပြပေးလိုက်ပါတယ်။

ရွှေအိမ်စည်ရဲ့ပုံလေးတွေကို ကြည့်ပြီးတော့ ခံစားရတာတွေကို တခုခုပြောသွားဦးနော်။ အရမ်းမိုက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည် တယောက်ကလည်း အမြဲတမ်း သူ့ကိုအားပေးနေတဲ့ ပရိသတ်တွေကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ဖျော်ဖြေပေးတာကြောင့်လည်း ဝေဖန်မှုတွေထက် အားပေးတဲ့သူတွေ ပိုပြီးများလာတာလည်း ဖြစ်ပါတယ်။

KT (ApannPyay)