တရုတ်နိုင်ငံက ကြောက်စရာ ဗိုင်းရပ်တစ်မျိုး ပျံ့နှံ့လာလို့ မြန်မာအပါအဝင် တစ်ကမ္ဘာလုံးကို သတိပေးပြီ

67

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသည့် ထူးဆန်းသည့် ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့နိုင်ခြေရှိနေခြင်းနှင့်အတူ တစ်ကမ္ဘာလုံးမှ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ပြောကြားလိုက်ပြီဟု ဗြိတိန်မှ Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်ကို ယခင်က မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။ ဓါတ်ခွဲစမ်းသပ်မှုများအရ ကော်ရိုနာဗိုင်းရပ်စ်အမျိုးအစားနှင့်ဆင်တူသည်ဟုလည်း ဆိုသည်။

မူလက တိရိစ္ဆန်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ လူမှလူအချင်းချင်းကူးစက်သည့်သက်သေများကို တွေ့ရှိထားပြီးဖြစ်သည်ဟုလည်း WHO ၏ အဆိုအရသိရသည်။

အဆိုပါဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံဝူဟန်မြို့တွင် ဒီဇင် ဘာလမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း၌ လူပေါင်း ၄၁ ဦးဗိုင်းရပ်စ်ရှိနေပြီဟုသိရသည်။ ဗိုင်းရပ်စ်ကူးစက်ထားသူလူနာများထဲမှ ၁ ဦးမှာ အဆုတ်ယောင်မှု့ဖြင့်သေဆုံးသွားခဲ့သည်။

တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးဖြစ်ပွားမှု့အဖြစ် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ထိုင်းနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်ကူးစက်ထားသည့် အမျိုးသမီး ၁ ဦးကိုတွေ့ရှိခဲ့ရာ နိုင်ငံဖြတ်ကျော်ကူးစက်နိုင်မှုကို စိုးရိမ်လာကြခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီးမှာ အသက် ၆၁ နှစ် ရှိ တရုတ်နိုင်ငံသူဖြစ်ပြီး ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်စဉ် ဗိုင်းရပ်စ်ရှိနေသည်ကို လေဆိပ်၌ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါအမျိုးသမီး၏ ကျန်းမာရေးအခြေအနေပြန်ကောင်းလာပြီဟုလည်း သိရသည်။

WHO ၌ ပေါ်ထွက်လာသည့်ရောဂါများဆိုင်ရာဌာနအကြီးအကဲအဖြစ်တာဝန်ယူထားသည့် ဒေါက်တာ Maria Van Kerkhove က ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် တစ်ကမ္ဘာလုံးမှ ဆေးရုံများသို့ လမ်းညွှန်မှု့များပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါလမ်းညွှန်မှုတွင် ဖျားနာသူအနည်းငယ်က တစ်ချိန်တည်းမှာပင် လူပေါင်းဒါဇင်ချီ၍ ကူးစက်သွားစေနိုင် သည့် အကြီးအကျယ်ပျံ့နှံ့မှု့ဆိုသော သတိပေးမှုလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါဗိုင်းရပ်စ်ကို WHO က စောင့်ကြည့်နေသလို ပျံ့နှံ့လာနိုင်သည့်အတွက် ကိုယ်တိုင်ပြင်ဆင်ထားကြရန်လည်း ဒေါက်တာ Maria Van Kerkhove ကပြောကြားသည်။

ဝူဟန်တွင် ဖြစ်ပွားနေသည့် အဆိုပါဗိုင်းရပ်စ် မကူးစက်လာစေရန် ရန်ကုန်နှင့်မန္တလေးလေဆိပ်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် တရုတ်ခရီးသည် များကို ပိုမိုစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

credit

တ႐ုတ္နိုင္ငံက ေၾကာက္စရာ ဗိုင္းရပ္တစ္မ်ိဳး ပ်ံ႕ႏွံ့လာလို႔ ျမန္မာအပါအဝင္ တစ္ကမၻာလုံးကို သတိေပးၿပီ

တ႐ုတ္နိုင္ငံမွ စတင္ျဖစ္ပြားလာသည့္ ထူးဆန္းသည့္ ဗိုင္းရပ္စ္မွာ ကမၻာတစ္ဝန္းသို႔ပ်ံ႕ႏွံ့နိုင္ေျခရွိေနျခင္းႏွင့္အတူ တစ္ကမၻာလုံးမွ ေဆး႐ုံမ်ားအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားရန္လိုအပ္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕ WHO မွ ေျပာၾကားလိုက္ၿပီဟု ၿဗိတိန္မွ Daily Mail သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါ ဗိုင္းရပ္စ္ကို ယခင္က ျမင္ေတြ႕ခဲ့ဖူးျခင္းမရွိေပ။ ဓါတ္ခြဲစမ္းသပ္မႈမ်ားအရ ေကာ္ရိုနာဗိုင္းရပ္စ္အမ်ိဳးအစားႏွင့္ဆင္တူသည္ဟုလည္း ဆိုသည္။

မူလက တိရိစၧန္မ်ားမွတစ္ဆင့္ကူးစက္ျခင္းျဖစ္သည္ဟု ယူဆခဲ့ၾကေသာ္လည္း ယခုအခါ လူမွလူအခ်င္းခ်င္းကူးစက္သည့္သက္ေသမ်ားကို ေတြ႕ရွိထားၿပီးျဖစ္သည္ဟုလည္း WHO ၏ အဆိုအရသိရသည္။

အဆိုပါဗိုင္းရပ္စ္မွာ တ႐ုတ္နိုင္ငံဝူဟန္ၿမိဳ႕တြင္ ဒီဇင္ ဘာလမွစ၍ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယခုအခါ တ႐ုတ္နိုင္ငံအတြင္း၌ လူေပါင္း ၄၁ ဦးဗိုင္းရပ္စ္ရွိေနၿပီဟုသိရသည္။ ဗိုင္းရပ္စ္ကူးစက္ထားသူလူနာမ်ားထဲမွ ၁ ဦးမွာ အဆုတ္ေယာင္မႈ႔ျဖင့္ေသဆုံးသြားခဲ့သည္။

တ႐ုတ္နိုင္ငံျပင္ပတြင္ ပထမဆုံးျဖစ္ပြားမႈ႔အျဖစ္ ၿပီးခဲ့သည့္သီတင္းပတ္အတြင္းက ထိုင္းနိုင္ငံတြင္ အဆိုပါဗိုင္းရပ္စ္ကူးစက္ထားသည့္ အမ်ိဳးသမီး ၁ ဦးကိုေတြ႕ရွိခဲ့ရာ နိုင္ငံျဖတ္ေက်ာ္ကူးစက္နိုင္မႈကို စိုးရိမ္လာၾကျခင္းျဖစ္သည္။

အဆိုပါအမ်ိဳးသမီးမွာ အသက္ ၆၁ ႏွစ္ ရွိ တ႐ုတ္နိုင္ငံသူျဖစ္ၿပီး ထိုင္းနိုင္ငံသို႔လာေရာက္လည္ပတ္စဥ္ ဗိုင္းရပ္စ္ရွိေနသည္ကို ေလဆိပ္၌ စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ယခုအခါ အဆိုပါအမ်ိဳးသမီး၏ က်န္းမာေရးအေျခအေနျပန္ေကာင္းလာၿပီဟုလည္း သိရသည္။

WHO ၌ ေပၚထြက္လာသည့္ေရာဂါမ်ားဆိုင္ရာဌာနအႀကီးအကဲအျဖစ္တာဝန္ယူထားသည့္ ေဒါက္တာ Maria Van Kerkhove က ေရာဂါကူးစက္ပ်ံ႕ႏွံ့မႈကိုထိန္းခ်ဳပ္နိုင္ရန္ တစ္ကမၻာလုံးမွ ေဆး႐ုံမ်ားသို႔ လမ္းညႊန္မႈ႔မ်ားေပးထားၿပီးျဖစ္သည္ဟု ဆိုသည္။

အဆိုပါလမ္းညႊန္မႈတြင္ ဖ်ားနာသူအနည္းငယ္က တစ္ခ်ိန္တည္းမွာပင္ လူေပါင္းဒါဇင္ခ်ီ၍ ကူးစက္သြားေစနိုင္ သည့္ အႀကီးအက်ယ္ပ်ံ႕ႏွံ့မႈ႔ဆိုေသာ သတိေပးမႈလည္း ပါဝင္သည္ဟု သိရသည္။

အဆိုပါဗိုင္းရပ္စ္ကို WHO က ေစာင့္ၾကည့္ေနသလို ပ်ံ႕ႏွံ့လာနိုင္သည့္အတြက္ ကိုယ္တိုင္ျပင္ဆင္ထားၾကရန္လည္း ေဒါက္တာ Maria Van Kerkhove ကေျပာၾကားသည္။

ဝူဟန္တြင္ ျဖစ္ပြားေနသည့္ အဆိုပါဗိုင္းရပ္စ္ မကူးစက္လာေစရန္ ရန္ကုန္ႏွင့္မႏၲေလးေလဆိပ္မ်ားတြင္ တ႐ုတ္နိုင္ငံမွ ဝင္ေရာက္လာသည့္ တ႐ုတ္ခရီးသည္ မ်ားကို ပိုမိုေစာင့္ၾကည့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

credit

LEAVE A REPLY

Please enter your comment!
Please enter your name here