နေဒွေးရဲ့ကိုယ်ထိလက်ရောက်ရိုက်နှက်စော်ကားတာတွေကို ခံခဲ့ရဖူးကြောင်းဖွင့်ချလိုက်တဲ့ သံစဉ်မောင်

151

နေဒွေးကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်လာသူဖြစ်ပြီး နာမည်ကြီးမော်လ်ဒယ်သရုပ်ဆောင် ဘေဘီမောင်ရဲ့ညီမဖြစ်သူ တက်သစ်စမော်ဒယ်လ် သံဇဉ်မောင်နဲ့ မေတ္တာမျှခဲ့သူပါ။သူတို့အချစ်ရေး သာယာဖြောင့်ဖြူးတယ်လို့ပရိသတ်တွေက ထင်ခဲ့ကြပေမယ့်လည်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ သရုပ်ဆောင်မင်းခန့်ကျော်နဲ့ ငွေကြေးပြသာနာ အချို့အပြီးမှာတော့ သံဇဉ်မောင်က သူတို့ရဲ့အတွင်းရေးအချို့ကိုဖွင့်ချခဲ့တာပါ။

နေဒွေးကို ချစ်သူများပြီး သစ္စာမရှိသူတစ်ယောက်အဖြစ် သက်သေတွေနဲ့တကွ ပရိသတ်ကိုချပြခဲ့တာဖြစ်ပြီး နေဒွေးကလည်း သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ အကြောင်းအရာတချို့ကိုချပြခဲ့တာပါ။ပရိသတ်တွေမသိသေးတဲ့ ချစ်သူနှစ်ဦးကြားက အကြောင်းအရာတွေကြောင့် ပရိသတ်တွေ များစွာအံ့အားသင့်ခဲ့ရတာဖြစ်ပြီး ပွဲဆူနေခဲ့တာပါ။ဘယ်သူမှန်တယ် မှားတယ် မဆုံးဖြတ်နိုင်ခင်မှာပဲ ပရိသတ်တွေလုံးဝမထင်မှတ်ထားလောက်တဲ့ ပ်ု့စ်တစ်ခုကို ဒီနေ့ညမှာပဲ သံဇဉ်မောင်က မျှဝေလိုက်တာဖြစ်ပါတယ်။

အဲ့ဒါကတော့ ဖူးယောင်နေတဲ့မျက်နှာပုံနဲ့အတူ “အရှက်မရှိမပြတ်သားနိုင်လို့ instagram မှာမျိုးစုံတင် Fb မှာတင်နေခဲ့တောင် မသိချင်ယောင်ဆောင်နေခဲ့တာ နင်တင်တာအားလုံး ငါမှာ SS တွေရှိတယ်နော် အေး တွဲနေတုန်းက နင်လူစိတ်မရှိပဲ အမြဲလက်ပါရိုက်နှက်ပြီး ငါမျက်နှာကို လူကြားထဲမထွက်နိုင်အောင်ရိုက်ထားတဲ့ပုံတွေအားလုံး ငါထုပ်ပြမှာ နင်လိုက်ပတ်သတ်ချင်နေတာလေ နင်ငါ့ကိုမပြတ်သားနိုင်လို့ ဟိုလူကိုစကားလာပြောခိုင်း ဒီလူ့ကိုစကားလာပြောခိုင်းနဲ့ ငါမှာသက်သေတွေအကုန်ရှိတယ်နော် နင့်စိတ်ဓာတ်ဘယ်လိုလဲဆိုတာ သိတဲ့သူတွေအကုန်သိတယ်။

အခုနင့်လုပ်ရပ်တွေက ဆိုးသည်ထက်ဆိုးလာလို့ အကြောင်းသိသူတွေက သက်သေလိုရင်အချိန်မရွေးခေါ်ဖို့ ပြောထားကြပြီးသား လူတကာကို သံစဉ်မောင် မကောင်းဘူးလိုက်ပြောနေတာ ဘယ်သူနဲ့တွဲတွဲ တွဲသမျှမိန်းကလေးတိုင်းကို ငါမကောင်းကြောင်းလိုက်ပြောနေတာ ငါမှာအသံဖိုင်တွေနဲ့ တရားရုံးမှာ ရှင်းမှာ နင်သမိုင်းကြောင်းနဲ့ နင်လုပ်ရပ်က အရမ်းဖြူစင်နေတယ်ပေါ့ ငါ့ကိုနင်$ရှက်လိုက်ခွဲနေတာ စကားရှုတ်ထားတာ သက်သေအချက်အလက်အားလုံးနဲ့ ငါရှင်းတော့မှာ။

ငါ့မိသားစုငါ့အမနာမည်ဘေဘီမောင်ဆိုတာပါထည့်ပြီးနင်စော်ကားထားတာဒီတစ်ခါငါအထောက်အထားအားလုံးနဲ့အဆုံးထိတက်မှာလာစိန်မခေါ်နဲ့ပါးရိုက်ရင်နားကိုက်တက်တယ်ငါနာမည်ပျက်မှာဆိုးလို့သည်းခံတာဆက်သည်းခံနေရင်နင်ကခွေးရူးတစ်ကောင်လိုလိုက်ကိုက်နေဦးမှာဆိုတော့ အဆုံးထိသွားကြတာပေါ့ တကယ်မိန်းမလိုမိန်းမရ အောက်တန်းစားကောင်နဲ့ပတ်သတ်မိတာ ဘဝရဲ့အကြီးမာဆုံးနောင်တပဲ” လို့ ရေးတင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ နေဒွေးရဲ့လူမဆန်တဲ့လုပ်ရပ်ကြောင့် များစွာအံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်ကို ညှင်းပန်းနှိပ်စက်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ မရှိသင့်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နေဒွေးကိုမကောင်းတဲ့မှတ်ချက်တို့ပေးခဲ့ကာ သံစဉ်မောင်ကိုယ်တိုင်ကလည်း ဒီကိစ္စတွေ ထုတ်ဖော်ပြီးနောက်မှာတော့ပတ်သက်ပြီး တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့သိရပါတယ်။

Source : ThanZinMaung

ေနေဒြးရဲ့ကိုယ္ထိလက္ေရာက္ရိုက္ႏွက္ေစာ္ကားတာေတြကို ခံခဲ့ရဖူးေၾကာင္းဖြင့္ခ်လိုက္တဲ့ သံစဥ္ေမာင္

ေနေဒြးကေတာ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ ရပ္တည္လာသူျဖစ္ၿပီး နာမည္ႀကီးေမာ္လ္ဒယ္သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ့ညီမျဖစ္သူ တက္သစ္စေမာ္ဒယ္လ္ သံဇဥ္ေမာင္နဲ႔ ေမတၱာမၽွခဲ့သူပါ။သူတို့အခ်စ္ေရး သာယာေျဖာင့္ျဖဴးတယ္လို့ပရိသတ္ေတြက ထင္ခဲ့ၾကေပမယ့္လည္း မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ သ႐ုပ္ေဆာင္မင္းခန႔္ေက်ာ္နဲ႔ ေငြေၾကးျပသာနာ အခ်ိဳ့အၿပီးမွာေတာ့ သံဇဥ္ေမာင္က သူတို့ရဲ့အတြင္းေရးအခ်ိဳ့ကိုဖြင့္ခ်ခဲ့တာပါ။

ေနေဒြးကို ခ်စ္သူမ်ားၿပီး သစၥာမရွိသူတစ္ေယာက္အျဖစ္ သက္ေသေတြနဲ႔တကြ ပရိသတ္ကိုခ်ျပခဲ့တာျဖစ္ၿပီး ေနေဒြးကလည္း သူ႔ကိုယ္သူကာကြယ္တဲ့အေနနဲ႔ အေၾကာင္းအရာတခ်ိဳ့ကိုခ်ျပခဲ့တာပါ။ပရိသတ္ေတြမသိေသးတဲ့ ခ်စ္သူႏွစ္ဦးၾကားက အေၾကာင္းအရာေတြေၾကာင့္ ပရိသတ္ေတြ မ်ားစြာအံ့အားသင့္ခဲ့ရတာျဖစ္ၿပီး ပြဲဆူေနခဲ့တာပါ။ဘယ္သူမွန္တယ္ မွားတယ္ မဆုံးျဖတ္နိုင္ခင္မွာပဲ ပရိသတ္ေတြလုံးဝမထင္မွတ္ထားေလာက္တဲ့ ပ္ု့စ္တစ္ခုကို ဒီေန႔ညမွာပဲ သံဇဥ္ေမာင္က မၽွေဝလိုက္တာျဖစ္ပါတယ္။

အဲ့ဒါကေတာ့ ဖူးေယာင္ေနတဲ့မ်က္ႏွာပုံနဲ႔အတူ “အရွက္မရွိမျပတ္သားနိုင္လို့ instagram မွာမ်ိဳးစုံတင္ Fb မွာတင္ေနခဲ့ေတာင္ မသိခ်င္ေယာင္ေဆာင္ေနခဲ့တာ နင္တင္တာအားလုံး ငါမွာ SS ေတြရွိတယ္ေနာ္ ေအး တြဲေနတုန္းက နင္လူစိတ္မရွိပဲ အျမဲလက္ပါရိုက္ႏွက္ၿပီး ငါမ်က္ႏွာကို လူၾကားထဲမထြက္နိုင္ေအာင္ရိုက္ထားတဲ့ပုံေတြအားလုံး ငါထုပ္ျပမွာ နင္လိုက္ပတ္သတ္ခ်င္ေနတာေလ နင္ငါ့ကိုမျပတ္သားနိုင္လို့ ဟိုလူကိုစကားလာေျပာခိုင္း ဒီလူ႔ကိုစကားလာေျပာခိုင္းနဲ႔ ငါမွာသက္ေသေတြအကုန္ရွိတယ္ေနာ္ နင့္စိတ္ဓာတ္ဘယ္လိုလဲဆိုတာ သိတဲ့သူေတြအကုန္သိတယ္။

အခုနင့္လုပ္ရပ္ေတြက ဆိုးသည္ထက္ဆိုးလာလို့ အေၾကာင္းသိသူေတြက သက္ေသလိုရင္အခ်ိန္မေရြးေခၚဖို့ ေျပာထားၾကၿပီးသား လူတကာကို သံစဥ္ေမာင္ မေကာင္းဘူးလိုက္ေျပာေနတာ ဘယ္သူနဲ႔တြဲတြဲ တြဲသမၽွမိန္းကေလးတိုင္းကို ငါမေကာင္းေၾကာင္းလိုက္ေျပာေနတာ ငါမွာအသံဖိုင္ေတြနဲ႔ တရား႐ုံးမွာ ရွင္းမွာ နင္သမိုင္းေၾကာင္းနဲ႔ နင္လုပ္ရပ္က အရမ္းျဖဴစင္ေနတယ္ေပါ့ ငါ့ကိုနင္$ရွက္လိုက္ခြဲေနတာ စကားရွုတ္ထားတာ သက္ေသအခ်က္အလက္အားလုံးနဲ႔ ငါရွင္းေတာ့မွာ။

ငါ့မိသားစုငါ့အမနာမည္ေဘဘီေမာင္ဆိုတာပါထည့္ၿပီးနင္ေစာ္ကားထားတာဒီတစ္ခါငါအေထာက္အထားအားလုံးနဲ႔အဆုံးထိတက္မွာလာစိန္မေခၚနဲ႔ပါးရိုက္ရင္နားကိုက္တက္တယ္ငါနာမည္ပ်က္မွာဆိုးလို့သည္းခံတာဆက္သည္းခံေနရင္နင္ကေခြး႐ူးတစ္ေကာင္လိုလိုက္ကိုက္ေနဦးမွာဆိုေတာ့ အဆုံးထိသြားၾကတာေပါ့ တကယ္မိန္းမလိုမိန္းမရ ေအာက္တန္းစားေကာင္နဲ႔ပတ္သတ္မိတာ ဘဝရဲ့အႀကီးမာဆုံးေနာင္တပဲ” လို့ ေရးတင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ေနေဒြးရဲ့လူမဆန္တဲ့လုပ္ရပ္ေၾကာင့္ မ်ားစြာအံ့အားသင့္ခဲ့ရတာျဖစ္ပါတယ္။

မိန္းကေလးတစ္ေယာက္ကို ညႇင္းပန္းႏွိပ္စက္တယ္ဆိုတာ လူ႔ပတ္ဝန္းက်င္မွာ မရွိသင့္တဲ့ လူမဆန္တဲ့ လုပ္ရပ္ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေနေဒြးကိုမေကာင္းတဲ့မွတ္ခ်က္တို့ေပးခဲ့ကာ သံစဥ္ေမာင္ကိုယ္တိုင္ကလည္း ဒီကိစၥေတြ ထုတ္ေဖာ္ၿပီးေနာက္မွာေတာ့ပတ္သက္ၿပီး တရားဥပေဒအရ ရင္ဆိုင္ေျဖရွင္းသြားမယ္လို့သိရပါတယ္။

Source : ThanZinMaung

LEAVE A REPLY

Please enter your comment!
Please enter your name here