(၅)နှစ်လုံးလုံး ထမင်းနဲ့ ငရုတ်သီးပဲစားပြီး မောင်အတွက် ဆေးဖိုးရှာခဲ့သူ ကွယ်လွန်ပြီ

38

(၅)နှစ်လုံးလုံး တစ်နေ့ကို (၂)ယွမ်(မြန်မာငွေ ၄၃၂ ကျပ်)ပဲ သုံးပြီး ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့လို့ အာဟာရပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ တရုတ်ကျောင်းသူ ကွယ်လွန်သွားပြီလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပေမဲ့ ခန္ဓာကိုယ်အလေးချိန်(၄၃)ပေါင်ကျော်ပဲရှိတဲ့ ဝူဟွာယန်(Wu Huayan)ရဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာချိန်မှာ တရုတ်တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ပါတယ် …။

သူဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ အသက်ရှူကျပ်တဲ့ဝေဒနာကြောင့် ဆေးရုံရောက်လာခဲ့တာပါ။ ဝူဟွာယန် ကျန်းမာလာအောင် ကူညီနိုင်ဖို့ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ မောင်ဖြစ်သူက ပြောပါတယ် …။

တတိယနှစ် တက္ကသိုလ်ကျောင်းသူဝူဟွာယန်(Wu Huayan)ဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်ဖြစ်သူကို စောင့်ရှောက်ရင်း ကျောင်းတက်ခဲ့သူပါ။ ဝူဟွာယန် (၄)နှစ်သမီးအရွယ်မှာ မိခင် ဆုံးပါးခဲ့ပြီး ကျောင်းသူဘဝ ရောက်ချိန်မှာ ဖခင်လည်း ကွယ်လွန်ခဲ့လို့ မိဘမဲ့ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာ သူတို့မောင်နှမကို အဘွားဖြစ်သူက စောင့်ရှောက်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ဦးလေးနဲ့ အဒေါ်က ထောက်ပံ့ပေးခဲ့ပါတယ် …။

ဒါပေမဲ့ တစ်လကို ယွမ်(၃၀၀)ပဲ ထောက်ပံ့ပေးနိုင်ခဲ့ပြီး အဲဒီငွေကလည်း မောင်ဖြစ်သူရဲ့ ဆေးဖိုးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဝူဟွာယန်က တစ်နေ့ကို ၂ ယွမ်ပဲ သုံးခဲ့ပြီး ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့ပါတယ်။ သူဟာ (၅)နှစ်လုံးလုံး အစာရေစာ မဝမလင် စားခဲ့ရလို့ နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေ ခံစားခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ် …။

သူတို့မောင်နှမဟာ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ကွေ့ကျိုးပြည်နယ်မှာ နေထိုင်သူတွေပါ။ သူတို့အကြောင်း လူသိရှင်ကြား ဖြစ်သွားပြီးချိန်မှာတော့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေက ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။ ဝူဟွာယန်ရဲ့အဖြစ်က အာဖဂန်နစ္စတန်ဒုက္ခသည်တွေထက် ပိုဆိုးခဲ့တယ်လို့ တရုတ်လူမှုကွန်ရက် Weibo အသုံးပြုသူတစ်ယောက်က ရေးသားခဲ့ပါတယ် …။ ။

လေးစားစွာဖြင့် ခရစ်ဒက် ……….Nz (ရိုးရာလေး)

(၅)ႏွစ္လုံးလုံး ထမင္းနဲ႔ င႐ုတ္သီးပဲစားၿပီး ေမာင္အတြက္ ေဆးဖိုးရွာခဲ့သူ ကြယ္လြန္ၿပီ

(၅)ႏွစ္လုံးလုံး တစ္ေန႔ကို (၂)ယြမ္(ျမန္မာေငြ ၄၃၂ က်ပ္)ပဲ သုံးၿပီး ထမင္းနဲ႔ င႐ုတ္သီးပဲ စားခဲ့လို႔ အာဟာရျပတ္လပ္မႈ ဆိုးဆိုး႐ြား႐ြားျဖစ္ခဲ့တဲ့ တ႐ုတ္ေက်ာင္းသူ ကြယ္လြန္သြားၿပီလို႔ တ႐ုတ္မီဒီယာတစ္ခုက ေဖာ္ျပပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိေပမဲ့ ခႏၶာကိုယ္အေလးခ်ိန္(၄၃)ေပါင္ေက်ာ္ပဲရွိတဲ့ ဝူဟြာယန္(Wu Huayan)ရဲ႕ဓာတ္ပုံေတြ ထြက္ေပၚလာခ်ိန္မွာ တ႐ုတ္တစ္ႏိုင္ငံလုံး တုန္လႈပ္ခဲ့ပါတယ္ …။

သူဟာ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ အသက္ရွဴက်ပ္တဲ့ေဝဒနာေၾကာင့္ ေဆး႐ုံေရာက္လာခဲ့တာပါ။ ဝူဟြာယန္ က်န္းမာလာေအာင္ ကူညီႏိုင္ဖို႔ ေငြေၾကးလွဴဒါန္းမႈေတြ ျပဳလုပ္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ကြယ္လြန္သြားခဲ့တာလို႔ ေမာင္ျဖစ္သူက ေျပာပါတယ္ …။

တတိယႏွစ္ တကၠသိုလ္ေက်ာင္းသူဝူဟြာယန္(Wu Huayan)ဟာ စိတ္က်န္းမာေရး မေကာင္းတဲ့ ေမာင္ျဖစ္သူကို ေစာင့္ေရွာက္ရင္း ေက်ာင္းတက္ခဲ့သူပါ။ ဝူဟြာယန္ (၄)ႏွစ္သမီးအ႐ြယ္မွာ မိခင္ ဆုံးပါးခဲ့ၿပီး ေက်ာင္းသူဘဝ ေရာက္ခ်ိန္မွာ ဖခင္လည္း ကြယ္လြန္ခဲ့လို႔ မိဘမဲ့ ျဖစ္ခဲ့ပါတယ္။ အေစာပိုင္းမွာ သူတို႔ေမာင္ႏွမကို အဘြားျဖစ္သူက ေစာင့္ေရွာက္ထားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဦးေလးနဲ႔ အေဒၚက ေထာက္ပံ့ေပးခဲ့ပါတယ္ …။

ဒါေပမဲ့ တစ္လကို ယြမ္(၃၀၀)ပဲ ေထာက္ပံ့ေပးႏိုင္ခဲ့ၿပီး အဲဒီေငြကလည္း ေမာင္ျဖစ္သူရဲ႕ ေဆးဖိုးျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဝူဟြာယန္က တစ္ေန႔ကို ၂ ယြမ္ပဲ သုံးခဲ့ၿပီး ထမင္းနဲ႔ င႐ုတ္သီးပဲ စားခဲ့ပါတယ္။ သူဟာ (၅)ႏွစ္လုံးလုံး အစာေရစာ မဝမလင္ စားခဲ့ရလို႔ ႏွလုံးနဲ႔ ေက်ာက္ကပ္ေရာဂါေတြ ခံစားခဲ့ရတယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္ …။

သူတို႔ေမာင္ႏွမဟာ တ႐ုတ္ႏိုင္ငံရဲ႕ အဆင္းရဲဆုံးျပည္နယ္တစ္ခုျဖစ္တဲ့ ေကြ႕က်ိဳးျပည္နယ္မွာ ေနထိုင္သူေတြပါ။ သူတို႔အေၾကာင္း လူသိရွင္ၾကား ျဖစ္သြားၿပီးခ်ိန္မွာေတာ့ တ႐ုတ္ျပည္သူေတြက အာဏာပိုင္ေတြက ေဒါသတႀကီး ေဝဖန္ခဲ့ၾကပါတယ္။ ဝူဟြာယန္ရဲ႕အျဖစ္က အာဖဂန္နစၥတန္ဒုကၡသည္ေတြထက္ ပိုဆိုးခဲ့တယ္လို႔ တ႐ုတ္လူမႈကြန္ရက္ Weibo အသုံးျပဳသူတစ္ေယာက္က ေရးသားခဲ့ပါတယ္ …။ ။


ေလးစားစြာျဖင့္ ခရစ္ဒက္ ……….Nz (႐ိုးရာေလး)

LEAVE A REPLY

Please enter your comment!
Please enter your name here