အခုလူဖြစ်နေတဲ့သူ အားလုံး လွန်ခဲ့သော နှစ် ၂၆၀၀ ခန့်က ဘဝ တခုမှာ အတူတူဆုံဖူးခဲ့ကြတယ်

74

လွန်ခဲ့တဲ့ သာသနာနှစ် ၂၆၀၀ ခန် ့က ခု လူဖြစ်နေသူအားလုံး ဂိဇ္ဈကုဋ်တောင်မှာ တီထွေးဘဝနဲ ့ အတူဆုံဖူးကြတယ် ဆိုရင် လက်ခံကြလား?? လက္ခံ မခံ အသာထား ဗဟုသုတ ပြောပြမယ်! ဂေါတမ ဗုဒ္ဓဘုရား ပွင့်စဉ် အချိန်တစ်ခုက “အရှင်သာရိပုတ္တမထေရ်နဲ ့ဗုဒ္ဓ ဂိဇ္ဈကုဋ်တောင်ကို ရောက်စဉ်က တောင်ခြေက တီထွေးစုကြီးကို သွားမြင်တယ်တီထွေး တွေ များလွန်းလို ့ အံ့သြလို ့အရှင်သာရိပုတ္တက ဘုရားကို ဒီတီထွေးတွေအကြောင်း မေးလျှောက်တယ်”

ဗုဒ္ဓက “ချစ်သား သာရိပုတ္တ” ဒီတီထွေးတွေက ငါဘုရားပရိနိဗ္ဗာန်စံပြီး သာသနာနှစ် ၅ဝဝဝအတွင်းလူ ့ပြည်မှာ လူဖြစ်ပီး အချို့ ကျွတ်တန်းဝင်ကြလိမ့်မယ်… ဒီတီထွေးတွေ လူဖြစ်တဲ့အချိန်မှာ ရုပ်ဝတ္ထုတွေက နတ်ပြည်အလား တိုးတက်မယ်” လောဘ ဒေါသ မောဟတွေတော့ အားကြီးမယ်။ အချို ့တွေက ငါဘုရားရဲ ့တရားတွေနာပြီး ကျွတ်တန်းဝင်ကြမယ်။ ကျန်လူများကတော့ ဒီ ဂိဇ္စျကုဋ်တောင်ခြေမှာပဲ တီထွေးပြန်ဖြစ်မယ် “လို ့ အရှင်သာရိပုတ္တကို ဗုဒ္ဓဟောပြခဲ့ဖူးတယ်။

ပြီးတော့ ဂင်္ဂါဝါဠုသဲစုမက ပွင့်ပြီးတဲ ့ ဘုရားရှင်တွေက သာသနာချန်တာ သိပ်မရှိပါဘူး။ ဂေါတမဘုရားရှင်သာ အခြေအနေ တစ်ခုကြောင့် သာသနာချန်ခဲ့တာ… သက်တမ်းတစ်သောင်းတုန်းက ဘုရားက ပါရမီပြည့်လို ့ဘုရားဖြစ်ခွင့်ကြုံတယ်။ ပါရမီ ဖြည့်ဘက် သာဝကတချို့က ပါရမီ မပြည့်သေးတာကြောင့် ဘုရားက အချိန်စောင့်ပေးခဲ့ရတယ်။ ဆုတ်ကပ်ကာလ အသက် တစ်ရာတမ်းရောက်မှ ဘုရားရော သာဝကတွေရော ပါရမီပြည့်ချင်း တူလို ့ ဘုရားဖြစ်ရတယ်။

ဒါပေမယ့် သက်တမ်းတိုလွန်းလို ့ ဘုရားက သာဝကအကုန် ချေချွတ်ခွင့် မရခဲ့ပါဘူး။ အဲဒါကြောင့် ဘုရားကိုယ်စား ပူဇော်ဖို ့ တရားစာပေနဲ ့ စေတီလေးမျိုး ထားခဲ့တယ်။ သာသနာနှစ် ၅၀၀၀ ပြည့်တဲ့အခါ ဘုရားချန်ထားခဲ့တဲ့ ဓါတ်တော် စေတီတွေ က နိမ္မိရုပ်ပွားအ့ဖြစ် စုပြီး တေဇောဓါတ်လောင်မယ်။ (ဂေါတမဘုရား သာသနာကွယ်မယ်ပေါ့)

ခု လက်ရှိအချိန်မှာတော့ တီထွေးဘဝတွေက လွတ်အောင် ရုန်းလို ့ရတယ်။ ဘုရားကိုယ်စားရုပ်ပွားတော် ဖူးခွင့်ရတယ်။ ဗုဒ္ဓ ပြောခဲ့တဲ့စကား ဟောခဲ့တဲ့ တရားတွေကို စာပေအဖြစ် (ပိဋကတ်သုံးပုံ) မှတ်တမ်းတင်ထားတာတွေကို ပူဇော်လို ့ ရသေး တယ်။ တကယ် တီထွေး မဖြစ်ချင်ဘူးဆိုရင်တာ့ အခုပဲ ဗုဒ္ဓတရားတွေကို “ဧဟိပတိကော=လေ့လာပါ အကာလိကော= လက်တွေ့ ကျင့်ကြတော့ပါပေါ့။ မေတ္တာ စေတနာများစွာဖြင့် (မှတ်ချက်၊။ နိမ္မိတဇောဓါတ်လောင်တဲ့အချိန်မှာ လူသား တစ်ယောက်မှ ဖူးခွင့်မကြုံပါ နတ်ဗြဟ္မာများသာ ပူဇော်ခွင့်ရမည်)

မူရင်းရေးသားသူ (လေးစားစွာဖြင့် ခရက်ဒစ်)

အခုလူျဖစ္ေနတဲ့သူ အားလုံး လြန္ခဲ့ေသာ ႏွစ္ ၂၆၀၀ ခန႔္က ဘဝ တခုမွာ အတူတူဆုံဖူးခဲ့ၾကတယ္

လြန္ခဲ့တဲ့ သာသနာႏွစ္ ၂၆၀၀ ခန္ ့က ခု လူျဖစ္ေနသူအားလုံး ဂိဇၩကုဋ္ေတာင္မွာ တီေထြးဘဝနဲ ့ အတူဆုံဖူးၾကတယ္ ဆိုရင္ လက္ခံၾကလား?? လကၡံ မခံ အသာထား ဗဟုသုတ ေျပာျပမယ္! ေဂါတမ ဗုဒၶဘုရား ပြင့္စဥ္ အခ်ိန္တစ္ခုက “အရွင္သာရိပုတၱမေထရ္နဲ ့ဗုဒၶ ဂိဇၩကုဋ္ေတာင္ကို ေရာက္စဥ္က ေတာင္ေျခက တီေထြးစုႀကီးကို သြားျမင္တယ္ တီေထြး ေတြ မ်ားလြန္းလို ့ အံ့ၾသလို ့အရွင္သာရိပုတၱက ဘုရားကို ဒီတီေထြးေတြအေၾကာင္း ေမးေလၽွာက္တယ္”

ဗုဒၶက “ခ်စ္သား သာရိပုတၱ” ဒီတီေထြးေတြက ငါဘုရားပရိနိဗၺာန္စံၿပီး သာသနာႏွစ္ ၅၀၀၀အတြင္းလူ ့ျပည္မွာ လူျဖစ္ပီး အခ်ိဳ႕ ကၽြတ္တန္းဝင္ၾကလိမ့္မယ္… ဒီတီေထြးေတြ လူျဖစ္တဲ့အခ်ိန္မွာ ႐ုပ္ဝတၳဳေတြက နတ္ျပည္အလား တိုးတက္မယ္” ေလာဘ ေဒါသ ေမာဟေတြေတာ့ အားႀကီးမယ္။ အခ်ိဳ ့ေတြက ငါဘုရားရဲ ့တရားေတြနာၿပီး ကၽြတ္တန္းဝင္ၾကမယ္။ က်န္လူမ်ားကေတာ့ ဒီ ဂိဇၥ်ကုဋ္ေတာင္ေျခမွာပဲ တီေထြးျပန္ျဖစ္မယ္ “လို ့ အရွင္သာရိပုတၱကို ဗုဒၶေဟာျပခဲ့ဖူးတယ္။

ၿပီးေတာ့ ဂဂၤါဝါဠဳသဲစုမက ပြင့္ၿပီးတဲ ့ ဘုရားရွင္ေတြက သာသနာခ်န္တာ သိပ္မရွိပါဘူး။ ေဂါတမဘုရားရွင္သာ အေျခအေန တစ္ခုေၾကာင့္ သာသနာခ်န္ခဲ့တာ… သက္တမ္းတစ္ေသာင္းတုန္းက ဘုရားက ပါရမီျပည့္လို ့ဘုရားျဖစ္ခြင့္ၾကဳံတယ္။ ပါရမီ ျဖည့္ဘက္ သာဝကတခ်ိဳ႕က ပါရမီ မျပည့္ေသးတာေၾကာင့္ ဘုရားက အခ်ိန္ေစာင့္ေပးခဲ့ရတယ္။ ဆုတ္ကပ္ကာလ အသက္ တစ္ရာတမ္းေရာက္မွ ဘုရားေရာ သာဝကေတြေရာ ပါရမီျပည့္ခ်င္း တူလို ့ ဘုရားျဖစ္ရတယ္။

ဒါေပမယ့္ သက္တမ္းတိုလြန္းလို ့ ဘုရားက သာဝကအကုန္ ေခ်ခၽြတ္ခြင့္ မရခဲ့ပါဘူး။ အဲဒါေၾကာင့္ ဘုရားကိုယ္စား ပူေဇာ္ဖို ့ တရားစာေပနဲ ့ ေစတီေလးမ်ိဳး ထားခဲ့တယ္။ သာသနာႏွစ္ ၅၀၀၀ ျပည့္တဲ့အခါ ဘုရားခ်န္ထားခဲ့တဲ့ ဓါတ္ေတာ္ ေစတီေတြ က နိမၼိ႐ုပ္ပြားအ့ျဖစ္ စုၿပီး ေတေဇာဓါတ္ေလာင္မယ္။ (ေဂါတမဘုရား သာသနာကြယ္မယ္ေပါ့)

ခု လက္ရွိအခ်ိန္မွာေတာ့ တီေထြးဘဝေတြက လြတ္ေအာင္ ႐ုန္းလို ့ရတယ္။ ဘုရားကိုယ္စား႐ုပ္ပြားေတာ္ ဖူးခြင့္ရတယ္။ ဗုဒၶ ေျပာခဲ့တဲ့စကား ေဟာခဲ့တဲ့ တရားေတြကို စာေပအျဖစ္ (ပိဋကတ္သုံးပုံ) မွတ္တမ္းတင္ထားတာေတြကို ပူေဇာ္လို ့ ရေသး တယ္။ တကယ္ တီေထြး မျဖစ္ခ်င္ဘူးဆိုရင္တာ့ အခုပဲ ဗုဒၶတရားေတြကို “ဧဟိပတိေကာ=ေလ့လာပါ အကာလိေကာ= လက္ေတြ႕ က်င့္ၾကေတာ့ပါေပါ့။ ေမတၱာ ေစတနာမ်ားစြာျဖင့္ (မွတ္ခ်က္၊။ နိမၼိတေဇာဓါတ္ေလာင္တဲ့အခ်ိန္မွာ လူသား တစ္ေယာက္မွ ဖူးခြင့္မႀကံဳပါ နတ္ျဗဟၼာမ်ားသာ ပူေဇာ္ခြင့္ရမည္)

မူရင္းေရးသားသူ (ေလးစားစြာျဖင့္ ခရက္ဒစ္)

LEAVE A REPLY

Please enter your comment!
Please enter your name here