သီတဂူဆရာတော်ကြီးရဲ့ သြဝါဒကို ခံယူကာ ကောင်းမှုတော်စေတီတော် ပုံစံတူ တည်ထားကိုးကွယ်မည်

24

ဇန်နဝါရီ(၁၆) AlinnMyay(အလင်းမြေ)

စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီကနေ ခွာချခဲ့တဲ့ ထုံးသင်္ကန်းများနဲ့ အသုံးအဆောင်များကို ထာပနာကာ ကောင်းမှုတော်စေတီပုံစံတူ စေတီတစ်ဆူ တည်ထားမှာဖြစ်တယ်လို့ ဘုရား ဂေါပကအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။

အခုလိုတည်ထားနိုင်ရန်အတွက် သီတဂူဆရာတော်ကြီးက ဇန်နဝါရီလ ၆ ရက်နေ့က လာရောက်ကြည့်ရှုပြီး သြဝါပေးသွားခဲ့တာလည်းဖြစ်ပါတယ်။

ရာဇမဏိစူဠာဘွဲ့ခံ ကောင်းမှုတော်စေတီကြီးကို သတိုးဓမ္မရာဇာဘွဲ့ခံ သာလွန်မင်းတရားကြီးက မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် တနင်္လာနေ့မှာ တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်ရဲ့ ဉာဏ်တော်မှာ (၁၀၁) တောင် လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိကာ စေတီတော်တည်ထားရာမှာ အုပ်ချပ်ရေပေါင်း ဆယ်သန်းကျော်နဲ့ တည်ထားခဲ့တယ်လို့သမိုင်းမှတ်တမ်းများအရသိရပါတယ်။

စစ်ကိုင်းမြို့ကောင်းစေတီဟာ မူလက ထုံးသင်္ကန်းသာကပ်လှူပူဇော်ထားရာကနေ ၂၀၁၁ ခုနှစ် မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီလက်ထက်အတွင်း ကျပ်သိန်းပေါင်း ၃၅၄၀ အကုန်အကျခံကာ ရွှေသင်္ကန်းကပ်လှူခဲ့ပါတယ်။

ပြည်သူ့အစိုးရတက်လာပြီးနောက် စစ်ကိုင်းမြို့ဒေသခံများနဲ့အတူ အနယ်နယ်အရပ်ရပ်ကဘုရားဖူးများရဲ့တင်ပြတောင်းဆိုလာတဲ့အတွက် ရှေးယခင်ကအဖြူထုံးသင်္ကန်းကို ပြန်လည်ကပ်လှူနိုင်ရန်၂၀၁၉ ခုနှစ်တွင် ရွှေဆေးသင်္ကန်းကနေ အဖြူရောင်ဆေးသင်္ကန်းတော်အဖြစ် ပြန်လည် ပူဇော်ထားရှိခဲ့ပါတယ်။

သီတဂူဆရာတော်ကြီး သြဝါဒကို ခံယူကာ ဉာဏ်တော် ၂၇ ပေ အမြင့်ရှိတဲ့ကောင်းမှုတော်စေတီ ပုံစံတူစေတီကို တည်ထားမှာလည်းဖြစ်ပါတယ်။

သတင်း ဓာတ်ပုံ – မင်းထွဋ်ခေါင်

#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ #ကောင်းမှုတော် #စေတီ #စစ်ကိုင်းမြို့

Credit to AlinnMyay

သီတဂူဆရာေတာ္ႀကီးရဲ့ ၾသဝါဒကို ခံယူကာ ေကာင္းမႈေတာ္ေစတီေတာ္ ပုံစံတူ တည္ထားကိုးကြယ္မည္

ဇန္နဝါရီ(၁၆) AlinnMyay(အလင္းေျမ)

စစ္ကိုင္းၿမိဳ႕ ေကာင္းမႈေတာ္ေစတီကေန ခြာခ်ခဲ့တဲ့ ထုံးသကၤန္းမ်ားနဲ႔ အသုံးအေဆာင္မ်ားကို ထာပနာကာ ေကာင္းမႈေတာ္ေစတီပုံစံတူ ေစတီတစ္ဆူ တည္ထားမွာျဖစ္တယ္လို႔ ဘုရား ေဂါပကအဖြဲ႕ကတာဝန္ရွိသူကေျပာပါတယ္။

အခုလိုတည္ထားနိုင္ရန္အတြက္ သီတဂူဆရာေတာ္ႀကီးက ဇန္နဝါရီလ ၆ ရက္ေန႔က လာေရာက္ၾကည့္ရႈၿပီး ၾသဝါေပးသြားခဲ့တာလည္းျဖစ္ပါတယ္။

ရာဇမဏိစူဠာဘြဲ႕ခံ ေကာင္းမႈေတာ္ေစတီႀကီးကို သတိုးဓမၼရာဇာဘြဲ႕ခံ သာလြန္မင္းတရားႀကီးက ျမန္မာသကၠရာဇ္ (၉၉၈) ခုႏွစ္ ခရစ္ႏွစ္ (၁၆၃၆) ၊ ေတာ္သလင္းလဆန္း (၁၀) ရက္ တနလၤာေန႔မွာ တည္ထားကိုးကြယ္ခဲ့ၿပီး ေစတီေတာ္ရဲ့ ဉာဏ္ေတာ္မွာ (၁၀၁) ေတာင္ လုံးပတ္ (၅၀၂ ေတာင္ ၂ မိုက္ ၄ သစ္) ရွိကာ ေစတီေတာ္တည္ထားရာမွာ အုပ္ခ်ပ္ေရေပါင္း ဆယ္သန္းေက်ာ္နဲ႔ တည္ထားခဲ့တယ္လို႔သမိုင္းမွတ္တမ္းမ်ားအရသိရပါတယ္။

စစ္ကိုင္းၿမိဳ႕ေကာင္းေစတီဟာ မူလက ထုံးသကၤန္းသာကပ္လႉပူေဇာ္ထားရာကေန ၂၀၁၁ ခုႏွစ္ မွာ နိုင္ငံေတာ္ေအးခ်မ္းသာယာေရးနဲ႔ ဖြံၿဖိဳးေရးေကာင္စီလက္ထက္အတြင္း က်ပ္သိန္းေပါင္း ၃၅၄၀ အကုန္အက်ခံကာ ေရႊသကၤန္းကပ္လႉခဲ့ပါတယ္။

ျပည္သူ႔အစိုးရတက္လာၿပီးေနာက္ စစ္ကိုင္းၿမိဳ႕ေဒသခံမ်ားနဲ႔အတူ အနယ္နယ္အရပ္ရပ္ကဘုရားဖူးမ်ားရဲ့တင္ျပေတာင္းဆိုလာတဲ့အတြက္ ေရွးယခင္ကအျဖဴထုံးသကၤန္းကို ျပန္လည္ကပ္လႉနိုင္ရန္၂၀၁၉ ခုႏွစ္တြင္ ေရႊေဆးသကၤန္းကေန အျဖဴေရာင္ေဆးသကၤန္းေတာ္အျဖစ္ ျပန္လည္ ပူေဇာ္ထားရွိခဲ့ပါတယ္။

သီတဂူဆရာေတာ္ႀကီး ၾသဝါဒကို ခံယူကာ ဉာဏ္ေတာ္ ၂၇ ေပ အျမင့္ရွိတဲ့ေကာင္းမႈေတာ္ေစတီ ပုံစံတူေစတီကို တည္ထားမွာလည္းျဖစ္ပါတယ္။

သတင္း ဓာတ္ပုံ – မင္းထြဋ္ေခါင္

#AlinnMyay(အလင္းေျမ) ျပည္သူ႔ ကူညီေရးႏွင့္ သတင္းမွန္ မီဒီယာ #ေကာင္းမႈေတာ္ #ေစတီ #စစ္ကိုင္းၿမိဳ႕

Credit to AlinnMyay

LEAVE A REPLY

Please enter your comment!
Please enter your name here