ညဘက်အိပ်မပျော်သူတွေအတွက် နှစ်မိနစ်အတွင်း အိပ်ပျော်စေနိုင်တဲ့ နည်းလမ်းကောင်း
68
ဖုန်းနဲ့ကွန်ပျူတာ အကြည့်များတဲ့သူတွေက အဲဒီ့ဖုန်း၊ ကွန်ပျူတာတွေက ထွက်တဲ့ အလင်းရောင်ကြောင့် အာရုံကြောကို ထိခိုက်ပြီး ကောင်းမွန်စွာ အိပ်မပျော်နိုင်ပဲ ဖြစ်တတ်ကြပါတယ်။ အိပ်ရေးပျက်ခြင်းက စိတ်ဖိစီးမှုတွေပိုဖြစ်လွယ်ပြီး၊ ခေါင်းကိုက်ခြင်းနဲ့ နေ့ခင်းဘက်တွေမှာ အိပ်ငိုက်ခြင်းတွေကို ဖြစ်စေပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်မှာ အားအင်တွေကုန်ခမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ကျန်းမာရေးကိုရော၊ ကိုယ့်ရဲ့အလုပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။  ဒီလိုမျိုး ညဘက်မှာ ကောင်းမွန်စွာ အိပ်မပျော်တတ်တဲ့ သူတွေအတွက် US Navy အဖွဲ့ကနေပြီးတော့ နှစ်မိနစ်အတွင်း အလွယ်တကူ အိပ်ပျော်စေနိုင်တဲ့ နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။
Step 1
ပထမဆုံးလုပ်ရမှာက အိပ်ရာမှာ ပက်လက်အနေအထား လှဲအိပ်ပြီး မျက်နှာကြွက်သားတွေဖြစ်တဲ့ လျှာ၊ မေးရိုးနဲ့ မျက်လုံးအနီးတစ်ဝိုက်ကကြွက်သားတွေကို တင်းမထားပဲ ဖြေလျော့ထားပေးပါ။
Step 2
အိ်ပ်စက်တဲ့အခါ သင့်ပခုံးကြောကို တက်နိုင်သလောက် ဖြေလျော့ထားပေးပါ။ ပြီးရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေပြေလျော့သွားအောင် ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းမထားပဲ လက်တွေကိုဆန့်ထားပြီး သက်တောင့်သက်သာ အနေအထားအတိုင်း နေပေးရမှာပါ။
Step 3
သင့် ခြေထောက်တွေကိုတော့ အောက်ဖက်ကို ဆန့်တန်းထားပါ။ ပြီးရင်တော့ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ရှုရမှာဖြစ်ပြီး စိတ်တင်းကျပ်နေခြင်းမရှိအောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။
Step 4
နောက်ဆုံးအနေနဲ့ ခေါင်းထဲကအတွေးတွေကို ဖယ်ထုတ်ပြီး စိတ်ကိုရှင်းနေအောင် ထားရမှာဖြစ်ပါတယ်။ တစ်ခြားအတွေးတွေမတွေးမိအောင် သင့်ကိုယ်သင် ကောင်းကင်ပြာကြီးအောက်မှာရှိတဲ့ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ရေကန်ကြီးထဲက လှေကလေးပေါ်မှာ လှဲလျောင်းနေတယ်လို့ တွေးထားလိုက်ပါ။
ဒီလိုမျိုး မတွေးချင်ဘူးဆိုရင် အနက်ရောင် ကြိုးပုခက်ကြီးထဲမှာ အိပ်စက်နေတယ်လို့ တွေးထင်တာ ဒါမှမဟုတ် တစ်ခြားအကြောင်းအရာတွေ လျှောက်မတွေးမိစေဖို့ ဘာမှမတွေးနဲ့ ဘာမှမတွေးနဲ့ ဆိုပြီး စိတ်ထဲကနေ ဆယ်စက္ကန့်လောက်ပြောနေရမှာ ဖြစ်ပါတယ်။
ဒီ ၄ ချက်ကို သေချာလုပ်ဆောင်မယ်ဆိုရင် သင့်အနေနဲ့ ၂ မိနစ်အတွင်း ကောင်းမွန်စွာအိပ်ပျော်သွားမှာဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေဟာဆိုရင် US Navy ကစစ်သားတွေ အိပ်ပျော်အောင် ကျင့်သုံးတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။
Khin
From Aunty May
Step 1
Step 2
Step 3
Step 4
Khin
From Aunty May
LEAVE A REPLY
Please enter your comment!
Please enter your name here