ကမ္ဘာ့အချောဆုံးကလေးငယ်များ

298

ကမ္ဘာ့အချောဆုံးကလေးငယ်များ

ကလေးငယ်တွေဟာ ချမ်းသာတဲ့မိဘကပဲမွေးဖွားလာလာ ဆင်းရဲတဲ့မိဘတွေဆီကပဲမွေးဖွားလာလာချစ်စရာကောင်းကြတာ သဘာဝပါပဲ။ အခုဖော်ပြမယ့် ကလေးငယ်တွေကတော့ ချစ်စရာကောင်းတာအပြင် တစ်ကမ္ဘာလုံးကနေအချောဆုံးလို့ပါသတ်မှတ်ထားခြင်းခံရတဲ့ အရမ်းကိုကံကောင်းကြသူလေးတွေပါပဲ။

(၁)Kristina Pimennova

ခရစ်စတီးနားဟာ နာမည်ကျော် ဘောလုံးသမား Ruslanရဲ့သမီးကလေးဖြစ်ပါတယ်။ အသက် ၃ နှစ်အရွက်ကတည်းက မော်ဒယ်အလုပ်ကိုစတင်လုပ်ကိုင်ခဲ့ပြီး နာမည်ကြီး ဖက်ရှင် Brand တွေဖြစ်တဲ့ Prada, Burberry ကစပြီး အခြားသောဖက်ရှင်လုပ်ငန်းတော်တော်များများနဲ့ အသက်၎နှစ်အရွက်ကတည်းကစတင်ပြီး ပူးပေါင်းခဲ့တာပါ။ နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Vogue ရဲ့မျက်နှာဖုံးမော်ဒယ်လည်းဖြစ်ပြီး ၂၀၁၄ကစလို့ ကမ္ဘာတစ်ဝှမ်းကသတင်းမီဒီယာတွေရဲ့ ကမ္ဘာအချောဆုံးကလေးငယ်လိုတင်စားတာခံခဲ့ရပြီး အခုအချိန်ထိသူ့ရဲ့ ဂုဏ်ပုဒ်ကိုစိန်ခေါ်နိုင်တဲ့သူမပေါ်ထွက်လာသေးပါဘူး။

သူကတော့အခု ၂၀၁၉ခုနှစ်မှာအသက် ၁၁နှစ်ရှိပါပြီ။သူမရဲ့စွဲမက်ဖွယ်ကောင်းတဲ့မျက်ဝန်းတွေရယ် နတ်သမီးလိုပဲလှပတဲ့မျက်နှာသွင်ပြင်က ကလေးငယ်တစ်ယောက်ဖြစ်ပေမယ့် လူပေါင်းများစွာရဲ့အသည်းနှလုံးကိုကြွေကျစေခဲ့ပါတယ်တဲ့။ အင်စတာဂရမ်မှာသူမကို follow လုပ်ထားတဲ့သူပေါင်း ၂သန်းကျော်ရှိပါတယ်။

(၂) Anastaia Bezrukova

ယခု ၂၀၁၉ခုနှစ်မှာ အသက် ၁၃နှစ်ပြည့်မှာဖြစ်တဲ့အနာစတေရှာဟာ ဥရောပမှာနာမည်အကြီးဆုံးမိန်းကလေးတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အသက်၈နှစ်အရွယ်ကနေစပြီး မော်ဒယ်လုပ်ငန်းကိုစတင်ပြီး ဓာတ်ပုံစားလွန်းလို့ မော်ဒယ်လုပ်ငန်းတွေက သူထက်ငါအပိုင်အဆိုင်သူနဲ့အလုပ်လုပ်ခွင့်ရဖို့တန်းစီစောင့်နေကြတာပါ။ အနာစတေရှာဟာမော်ဒယ်အလုပ်အပြင်ရုပ်ရှင်တွေပါရိုက်ကူးပါတယ်။

သူ့ရဲ့အမေကတော် သမီးကလေးဟာမော်ဒယ်အလုပ်ကို ၀ါသနာအရသာလုပ်တာပါ။ မော်ဒယ်လုပ်ငန်းနဲ့အသက်မွေးဖြစ်မှာတော့ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့အလှဆုံးမိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ခရစ်စတီးနာနဲ့အနာစတောရှာတို့ဟာ ဓာတ်ပုံအတူရိုက်ကူးခဲ့ကြပြီး အဲ့ဓာတ်ပုံတွေကိုကြည့်မိတဲ့သူတိုင်းဟာ ဘယ်သူကပိုချောလဲဆိုတာကိုဝေခွဲမရဖြစ်နေကြပါတယ်။

(၃)William Miller

ကမ္ဘာ့အချောဆုံးအမျိုးသားကလေးငယ်လို့သတ်မှတ်ခံရတဲ့ သြစတေးလျလူမျိုးကလေးငယ်ဟာ ရုတ်တရက်ကြီးနာမည်ကြီးလာခဲ့တဲ့သူပါ။ ဂျပန်အလယ်တန်းကျောင်းသူလေးတယောက်က တွစ်တာကသူ့ရဲ့ဓာတ်ပုံကိုတွေ့ပြီး သူမရဲ့အကောင့်ထဲမှာ ဝေမျှခဲ့ရရာကနေ နေ့ချင်းညချင်း ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံမှာနာမည်ကြီးသွားခဲ့ပြီး အဲ့ကနေမှတစ်ဆင့် တစ်ကမ္ဘာလုံးမှာသူ့ရဲ့ဓာတ်ပုံကိုကြည့်ပြီး သူဘယ်သူလဲဆိုတာမေးခွန်းထုတ်ရာကနေ ကမ္ဘာအချောဆုံးအမျိုးသားကလေးငယ်လို့သတ်မှတ်ခံလိုက်ရတာပါ။

နာမည်မကြီးခင်ကတည်းကသူဟာ မော်ဒယ်အလုပ်လုပ်ကိုင်နေခဲ့တာ ၅နှစ်ကျော်ရှိနေပါပြီ။ နာမည်ကြီးပေမယ့်လည်းသူဟာ သူ့သူငယ်ချင်းတွေနဲ့ကျောင်းအတူသွားပြီးဆော့ကစားရတာကိုကြိုက်တဲ့ သာမာန်ကလေးငယ်တစ်ယောက်လိုပဲ နေထိုင်နေပါတယ်။ သူဟာအခု ၂၀၁၉ မှာ အသက် ၁၃နှစ်ပြည့်မှာဖြစ်ပါတယ်။

Yenin Phawah ( Apannpyay)

Resource: Sprinally