မန္တလေး Sky Walk မီးလောင်မှု ည(၆းဝ၈)နာရီမှ နံနက်(၀၅:၀၃)အချိန်ထိ မီးငြိမ်းခဲ့ရတဲ့ နောက်ဆုံးရသတင်း

62

Mandalay Yatanar Mall ၊ Sky Walk မီးလောင်မှု (၁၈.၁.၂၀၂၀) ရက်နေ့ (၀၆:၀၀) အချိန်ရရှိသော နောက်ဆုံးသတင်း

၁၇ – ၁ – ၂၀၂ဝရက်နေ့၊(၁၈ : ၀၈)အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ကဥ္ဇဏမဟီရပ်ကွက်၊ ၃၄ လမ်း၊ ၇၈ လမ်းထောင့် အလျား(၄၆၈)ပေ၊ အနံ(၄၅၀)ပေရှိ Basement + RC (၆)ထပ်၊ Mandalay Yatanar Mall ၊ Sky Walk ပထမအလွှာတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း ….

(၁၈:၁၀)အချိန်သတင်းရရှိသဖြင့် မန္တလေးမြို့ပေါ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၈၂)စီး၊ ရေသယ်ယာဉ်(၅၀)စီး၊ မီးသတ်စက်ယာဉ်(၁၄)စီး၊ အထောက်အကူပြု ယာဉ်(၂၁)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ အထပ်မြင့်မီးသတ်ယာဉ်(၇)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး…..

ရေသယ်ယာဉ်(၃)စီး၊ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၇)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၉၄)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး….

အသက်ရှုကိရိယာ (၅၀) လုံး၊ မီးခိုးမှုတ်စက်(၆)လုံး၊ Engine Cutter (၁၀)လုံး၊ စည်ပင်မှရေသယ်ယာဉ်(၁၀)စီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဘတ်ဟိုးမြေတူးစက် (၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀၀)ဦး၊ တပ်မတော်သား(၂၃၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၂၅၀)ဦး၊ကြက်ခြေနီ(၁၀၀)ဦး….

စည်ပင်ဝန်ထမ်း (၅၀)ဦးတို့နှင့်ပူပေါင်းငြှိမ်းသတ်ခဲ့ရာ (၁၈ – ၁ – ၂၀၂၀)ရက်နေ့၊ (၀၂ : ၀၂)အချိန် မီးထိန်းနိုင်ခဲ့ပြီး (၀၅:၀၃)အချိန် မီးငြိမ်းခဲ့ပါသည်။အဆိုပါ မီးလောင်မှုတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပါကြောင်းနှင့် မီးလောင်မှု အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စိစစ်စုံစမ်းဆဲဖြစ်ပါကြောင်း သတင်းရရှိပါသည်။

MFSD

မႏၲေလး Sky Walk မီးေလာင္မႈ ည(၆း၀၈)နာရီမွ နံနက္(၀၅:၀၃)အခ်ိန္ထိ မီးၿငိမ္းခဲ့ရတဲ့ ေနာက္ဆုံးရသတင္း

Mandalay Yatanar Mall ၊ Sky Walk မီးေလာင္မွု (၁၈.၁.၂၀၂၀) ရက္ေန႔ (၀၆:၀၀) အခ်ိန္ရရွိေသာ ေနာက္ဆုံးသတင္း

၁၇ – ၁ – ၂၀၂၀ရက္ေန႔၊(၁၈ : ၀၈)အခ်ိန္ခန႔္၊ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံ ၿမိဳ့နယ္၊ ကဥၨဏမဟီရပ္ကြက္၊ ၃၄ လမ္း၊ ၇၈ လမ္းေထာင့္ အလ်ား(၄၆၈)ေပ၊ အနံ(၄၅၀)ေပရွိ Basement + RC (၆)ထပ္၊ Mandalay Yatanar Mall ၊ Sky Walk ပထမအလႊာတြင္ မီးေလာင္မွု ျဖစ္ပြားေနေၾကာင္း ….

(၁၈:၁၀)အခ်ိန္သတင္းရရွိသျဖင့္ မႏၲေလးၿမိဳ့ေပၚ မီးသတ္စခန္းမ်ားမွ မီးျငႇိမ္းသတ္ယာဥ္(၈၂)စီး၊ ေရသယ္ယာဥ္(၅၀)စီး၊ မီးသတ္စက္ယာဥ္(၁၄)စီး၊ အေထာက္အကူျပဳ ယာဥ္(၂၁)စီး၊ အုပ္ခ်ဳပ္မွုယာဥ္(၄)စီး၊ အထပ္ျမင့္မီးသတ္ယာဥ္(၇)စီး၊ ျပင္ဦးလြင္ၿမိဳ့နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ (၄)စီး…..

ေရသယ္ယာဥ္(၃)စီး၊ ေက်ာက္ဆည္ၿမိဳ့နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၇)စီး၊ စစ္ကိုင္းၿမိဳ့နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၂)စီး၊ ဗဟိုမီးသတ္သင္တန္းေက်ာင္းမွ မီးျငႇိမ္းသတ္ယာဥ္(၂)စီး၊ စုစုေပါင္း မီးသတ္ယာဥ္(၁၉၄)စီး၊ အုပ္ခ်ဳပ္မွုယာဥ္(၄)စီး….

အသက္ရွုကိရိယာ (၅၀) လုံး၊ မီးခိုးမွုတ္စက္(၆)လုံး၊ Engine Cutter (၁၀)လုံး၊ စည္ပင္မွေရသယ္ယာဥ္(၁၀)စီး၊ မႏၲေလးၿမိဳ့ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ ဘတ္ဟိုးေျမတူးစက္ (၄)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္(၂၅၀)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္(၅၀၀)ဦး၊ တပ္မေတာ္သား(၂၃၀)ဦး၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္(၂၅၀)ဦး၊ၾကက္ေျခနီ(၁၀၀)ဦး….

စည္ပင္ဝန္ထမ္း (၅၀)ဦးတို့ႏွင့္ပူေပါင္းျငႇိမ္းသတ္ခဲ့ရာ (၁၈ – ၁ – ၂၀၂၀)ရက္ေန႔၊ (၀၂ : ၀၂)အခ်ိန္ မီးထိန္းနိုင္ခဲ့ၿပီး (၀၅:၀၃)အခ်ိန္ မီးၿငိမ္းခဲ့ပါသည္။အဆိုပါ မီးေလာင္မွုတြင္ မီးျငႇိမ္းသတ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္စဥ္ အရန္မီးသတ္တပ္ဖြဲ႕ဝင္(၅)ဦးတို့ ထိခိုက္ဒဏ္ရာ (မစိုးရိမ္ရ)ရရွိခဲ့ပါေၾကာင္းႏွင့္ မီးေလာင္မွု အေၾကာင္းအရင္းႏွင့္ ဆုံးရွုံးမွုတန္ဖိုးအား စိစစ္စုံစမ္းဆဲျဖစ္ပါေၾကာင္း သတင္းရရွိပါသည္။

MFSD

LEAVE A REPLY

Please enter your comment!
Please enter your name here