မယ်လိုဒီပြောတဲ့ လှတဲ့မိန်းမတွေ လင်ကံမကောင်းဘူး
47
လှတဲ့မိန်းမတွေက ယောကျာ်းကံမကောင်းဘူးလို့ ဒဲ့ပြောလာတဲ့ မယ်လိုဒီ
ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် မယ်လိုဒီဟာ လှပကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသမီးလေးလို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။
မယ်လိုဒီက အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရဲ့သားလေး သိဒ္ဒိစစ်ကို ပိုပြီးအချိန်ပေးနေရတာကြောင့် အနုပညာလုပ်ငန်းတွေ အရင်လောက် အများကြီး မလုပ်ကိုင်တော့ပါဘူး။ ဒါပေမယ့် ပရိသတ်တွေက မယ်လိုဒီရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးနေကြဆဲ ဖြစ်ပါတယ်။
မယ်လိုဒီက သူမရဲ့ စိတ်ထဲရှိတာကို ဟန်မဆောင်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့ စရိုက်ရှိတာကိုလည်း ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။
ဒီတစ်ခေါက်မှာလည်း မယ်လိုဒီက “လှတဲ့မိန်းမတွေ လင်ကံမကောင်းဘူး။ ဒဲ့ဘဲ့။ အနာရှိစပ်ကြ” ဆိုပြီး စာသားကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။
မယ်လိုဒီက လက်ရှိမှာတော့ ဒါရိုက်တာ မင်းဦး ရိုက်ကူးပုံဖော်တဲ့ “အဆိပ်” Venom ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ အေးဝတ်ရည်သောင်း၊ နန်းဆုဦးတို့နဲ့အတူတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မယ်လိုဒီကတော့ သူမစိတ်ထဲမှာရှိတာကို ရှင်းရှင်းလင်းလင်း ပြောပြာထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မယ်လိုဒီပြောတာကို လက်ခံရဲ့လား ပြောသွားကြဦးနော်။
Rowena
Source: Melody’s fb
Rowena
Source: Melody’s fb
LEAVE A REPLY
Please enter your comment!
Please enter your name here