ထူးထူးခြားခြား ကြောက်မက်ဖွယ် ယင်ကောင် ကပ်ဘေးဆိုက်ရောက်မှု

379




ဒီယင်ကောင်အုပ်တွေစတင်ပြီး ရွာထဲကိုဝင်ရောက်လာတဲ့အချိန်ကစလို့ ရပ်ရွာအကြီးအကဲတွေဟာ အစိုးရနဲ့ပူးပေါင်းပြီး ပိုးမွှားဖြန်းဆေးတွေ ယင်လုံဇကာတွေနဲ့အသုံးပြုပြီးနှိမ်နင်းခဲ့ပေမယ့် ယင်ကောင်အရေအတွက်အရမ်းများတာရယ် သူတို့ရဲ့လျှင်မြန်စွာရှောင်တိမ်းနိုင်မှုတွေကြောင့် ထင်သလောက်ခရီးမပေါက်ဘူးလို့ဆိုပါတယ်။




Resource. Livescience

ကြောက်စရာကောင်းတဲ့ယင်ကောင်ကပ်ဘေးဆိုက်ရောက်ခဲ့တဲ့ရုရှားနိုင်ငံ

ယင်ကောင်တွေဆိုတာ ညစ်ပတ်တဲ့မသန့်ရှင်းတဲ့နေရာတွေမှာသာ ပေါက်ဖွားရှင်သန်ကြတာလို့ သင်ယူကြားသိခဲ့ရပါတယ်။ ဒါပေမယ့် ဒီရုရှားရွာလေးမှာတော့သူတို့အမှားမဟုတ်ပဲနဲ့ယင်ကောင် အကောင်ပေါင်းသိန်းသန်းနဲ့ချီပြီး အိမ်တွေထဲ ရွာရဲ့ပတ်ဝန်းကျင်တွေမှာရုတ်တရက်ဆိုသလိုပေါ်လာခဲ့ကြတာပါ။

ဗီဒီယိုထဲမှာဆိုရင်ဖြင့် သေနေတဲ့ ယင်ကောင်တွေနဲ့မသေတသေဖြစ်နေတဲ့ယင်ကောင်တွေဟာ အိမ်ရဲ့ကြမ်းပြင်မှာအပြည့်ရှိနေတာကိုတွေ့ရမှာဖြစ်ပြီး ဒါတွေကိုရွာသားတွေဟာနေ့စဉ်လှည်းကျင်းနေကြရတာပါ။

ဒီယင်ကောင်အုပ်တွေစတင်ပြီး ရွာထဲကိုဝင်ရောက်လာတဲ့အချိန်ကစလို့ ရပ်ရွာအကြီးအကဲတွေဟာ အစိုးရနဲ့ပူးပေါင်းပြီး ပိုးမွှားဖြန်းဆေးတွေ ယင်လုံဇကာတွေနဲ့အသုံးပြုပြီးနှိမ်နင်းခဲ့ပေမယ့် ယင်ကောင်အရေအတွက်အရမ်းများတာရယ် သူတို့ရဲ့လျှင်မြန်စွာရှောင်တိမ်းနိုင်မှုတွေကြောင့် ထင်သလောက်ခရီးမပေါက်ဘူးလို့ဆိိုပါတယ်။

အထူးသဖြင့်ယင်ကောင်တွေရဲ့မျိုးပွားနှုန်းဟာမြန်လွန်းတာကြောင့် ဘယ်အချိန်မှ ရှင်းလင်းရေးပြီးဆုံးမယ်ဆိုတာ တိတိကျကျမပြောနိုင်သေးတာဟာ ရွာသူရွာသားတွေအတွက်စိုးရိမ်စရာဖြစ်လို့နေတာပါ။

ယင်ကောင်တွေဟာ ပိုးမွှားရောဂါဘယတွေကိုပါသယ်ဆောင်တတ်တဲ့အကောင်ငယ်လေးတွေဖြစ်တာကြောင့် ရွာသားတွေဟာအစိုးရကဒီကိစ္စကိုမြန်မြန်ဖြေရှင်းမပေးရင် ရွာမှာကျန်းမာရေးပြသနာတွေရှိလာနိုင်တယ်လို့ ထုတ်ဖော်ပြောပြကြပါတယ်။

Yenin Phawah( ApannPyay)

Resource. Livescience