မ​လေးရှားအဆို​တော်​မ​လေး တရားစွဲခံခဲ့ရတဲ့ ရယ်​စရာဖြစ်​ရပ်
446
EFIL (ApannPyay)
Unicode
မ​လေးရှားအဆို​တော်​မ​လေး တရားစွဲဆိုခဲ့ရတဲ့ ရယ်​စရာဖြစ်​ရပ်​
မ​လေးရှားနိုင်​ငံက အဆို​တော်​မ​လေးတစ်​​ယောက်​ရဲ့ဖြစ်​ပုံဖြစ်ရပ်​ကလည်​း ထူးထူးခြားခြားပါပဲ။ သူက အသက်​ ၂၇ နှစ်​အရွယ်​ ဇာရစ်​ဆိုဖီယာရာဆင်းပါ။ လက်ရှိ ​ကွာလာလမ်​ပူ မြို့မှာ ​နေထိုင်​နေပြီး The Jakarta Post ရဲ့ ​ဖော်​ပြချက်​အရ ​တော်​​တော်​ရယ်​စရာ​ကောင်​းတဲ့ တရားစွဲဆိုမှုနဲ့ ရင်​ဆိုင်​​နေရတာပါ။
တစ်​ရက်​သား ညဘက်​အချိန်​ကြီး လမ်​း​ဘေးမှာ​တွေ့တဲ့ Sun Bear ဆိုတဲ့ ဝက်​ဝံ​လေးတစ်​​ကောင်​ကို သူက ​ခွေးနဲ့မှားယွင်​းပြီး အိမ်​ကို​ခေါ်ယူပြုစုခဲ့တာ​ကြောင်​့ပါပဲ။
သူဟာ ဒီ ​ခြောက်​လသားအရွယ်​ ဝက်​ဝံ​လေးကို ​ရောင်​းစားဖို့ စီစဉ်​ခဲ့တာလို့စွပ်​စွဲမှု​တွေ ခံ​နေရ​ပေမယ်​့ သူက​တော့ ဒါကိုငြင်​းဆန်​သ​ွားခဲ့ပြီး လမ်​း​​ဘေးမှာ အားပြတ်​​​ပြီးလဲ​လျောင်​း​နေတဲ့ ဝက်​ဝံ​လေးကို ကယ်​တင်​​ပေးချင်ရုံ​သက်​သက်​သာဖြစ်တယ​်​လို့ ဆိုခဲ့ပါတယ်​။
မ​လေးရှားနိုင်​ငံရဲ့ ဥပ​ဒေအရ​တော့ ထိန်​းသိမ်​း​ကာကွယ်​​စောင်​့​ရှောက်​ထားတဲ့ တိရစ္ဆာန်​​တွေကို တရားဝင်​ခွင်​့ပြုချက်​မရှိဘဲ အိမ်​​မွေးတိရစ္ဆာန်​အဖြစ်​ အိမ်​မှာ​မွေးမြူထားခဲ့ရင်​ ​ဒေါ်လာ ငါး​သောင်​း သို့ ​ထောင်​ဒဏ်​ ၁၀ နှစ်​အထိ ကျခံနိုင်​ရ​ချေရှိတာပါ။
” လမ်​း​ဘေးမှာ​တွေ့​တော့ ဒီတိရစ္ဆာ​န်​​လေးက ​တော်​​တော်​ကိုအားပြတ်​​နေပြီ။ အစ​တော့ ကွ​ျန်​မက ​ခွေး​လေးတစ်​​ကောင်​လို့ပဲထင်​ခဲ့တာပဲ။ ​နောက်​မှပဲ ဝက်​ဝံမှန်​းသိရတာပါ။ ဘာပဲဖြစ်​ဖြစ်​ သူ့ကိုပြန်​ပြီးကျန်​းမာအားပြည်​့လာ​အောင်​ ပြုစု​စောင်​့​ရှောက်​ပြီးရင်​​တော့ တိရစ္ဆာန်​ရုံကို ပြန်​ပို့​ပေးမယ်​လို့ ဆုံးဖြတ်​ထားခဲ့တာပါ ” လို့ ဆိုဖီယာက ဆိုပါတယ်​။
လက်​ရှိ​မှာ​တော့ ဒီ ​ခြောက်​လသား​ ဝက်​ဝံ​လေးဟာ ​​ဒေသ ​တောရိုင်​းတိရစ္ဆာန်​ထိန်​းသိမ်​း​စောင်​့​ရှောက်​အဖွဲ့ထံမှာ ​ဘေးကင်​းစိတ်​ချစွာရှိ​နေပြီလို့သိရပါတယ်​။
ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်ပါသည်။
EFIL (ApannPyay)