ကြက်သီးထဖွယ် ဝမ်းသာကြီုဆိုမှု နှင့် လူကုန်ကူးခံရတဲ့ မင်းကွန်းက မိန်းကလေး အိမ်ပြန်ခရီး

73

လူကုန်ကူးခံရတဲ့ မိန်းကလေး ကယ်တင်ပြီး မိဘများထံ အပ်နှံ ဒေသခံ ဆွေမျိုးများ ဝမ်းပမ်းတသာကြိုဆို

ဇန်နဝါရီ(၂၁) AlinnMyay(အလင်းမြေ)

တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ စစ်ကိုင်းတိုင်း မင်ကွန်းတိုက်နယ် ကင်းကျေးရွာက (၁၄) နှစ်အရွယ် မိန်းကလေးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ တဆင့် အုပ်ထိန်းသူမိဘများထံသို့ ပြန်လည်အပ်နှံခဲ့ပါတယ်။

တရုတ်နိုင်ငံကို လူကုန်ကူးခံရပြီး ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသမီးငယ်တွေကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှာ စောင့်ရှောက်ထားပြီး ထိုမှ တဆင့် မိဘများထံသို့ ပြန်လည်အပ်နှံခြင်းလည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကိုတွေ့ရှိရာမှ သမီးဖြစ်သူအား တရုတ်ပြည်သို့ ရောင်းစားခံခဲ့ရခြင်းကို မိခင်ဖြစ်သူမှ သိရှိပြီး မန္တလေးမြို့ အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တိုင်တန်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

အဆိုပါ မိန်းကလေးကို တရုတ်ပြည်မှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များ၊ မြန်မာနိုင်ငံမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များ နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ကယ်တင်ပြီး ၂၀၂၀ ဇန်နဝါရီလ ၂၀ ရက်နေ့က မူဆယ်ကနေ မန္တလေးမြို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ ရောက်ရှိကာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အုပ်ထိန်းသူမိဘများထံသို့ ပြန်လည်အပ်နှံခဲ့တာလည်းဖြစ်ပါတယ်။

မိန်းကလေးကို မိဘများထံပြန်လည်အပ်နှံပြီး မိန်းကလေး၏ နေရပ်ဖြစ်တဲ့ ကင်းကျေးရွာသို့ မိသားစုနှင့်အတူ ပြန်လည်ရောက်ရှိပြီးဖြစ်ကာ ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ဒေသခံဆွေမျိုးများမှ အလွန်ဝမ်းမြောက်ကြောင်း၊ ကူညီကယ်တင်ပေးခဲ့ကြသူများအားလုံးကို အထူးလေးစားစွာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မင်းကွန်းတိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ထောက်ပံ့ငွေများပေးအပ်ပြီး အလွန်ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်းကွန်းတိုက်နယ်အုပ်စုဥက္ကဌ ဦးကျော်ဌေး မှ AlinnMyay(အလင်းမြေ)မီဒီယာသို့ ပြောကြားခဲ့ပါတယ်။

#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here