သာသနာဘောင်ထဲ ဝင်ရောက်သွားပြီဖြစ်တဲ့ မြန်မာသံတေးသံရှင် ခင်ပိုးပန်းချီ

64

တရားတောင်း သီချင်းလေးတွေ သီဆိုရင်း ပရိသတ်တွေအားပေးမှုအပြည့်ဝရရှိခဲ့သလို ဆိုကရေးတီး မှာလည်းဆုတွေ အများကြီးရထားတဲ့ မြန်မာသံတေးသံရှင်တစ်ယောက်ပါ ။ ကြည်လင်ပြီးသာယာနာပျော်ဖွယ်အသံလေးနဲ့ ပရိသတ်ကိုရင်ကိုအေးစေသလို ရိုးရိုးယဉ်ယဉ်လေး နေတတ်တဲ့ သူမရဲ့ပုံရိပ်တွေကလည်း ပရိသတ်အချစ်ပိုနေရတဲ့အချက်ပါပဲ ။

လတ်တလောမှာတော့ ခင်ပိုးပန်းချီတစ်ယောက် သူမရဲ့ဆံပင်အရှည်ကြီးကို စွန့်လွှတ်ပြီး သာသနာဘောင်ထဲဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ် ။

ဇန်နဝါရီလ (၂၂) ရက်နေ့မှာ သီလရှင်ဝတ်ခဲ့ပြီး ” စစ်ကိုင်းနဲ့နီးတဲ့ မိတ်ဆွေများ ကြွရောက်နိုင်ရင် ကြွရောက်ပေးပါရှင် ၂၆ရက်နေ့ကတော့ ဧည့်ခံကျွေးမွေးမယ့်ရက် အလှူကြီးရက်ပါ သမီးကတော့မနက်ဖြန် မနက်ကို စစ်ကိုင်းမှာ ဆံပင်ရိတ်ပြီးသီလရှင်ဝတ်ပါ့မယ် သမီး ၁၁ရက်ဝတ်ချင်လို့ ရှေကိုစောဝတ်လိုက်တာပါ

အလှူနေ့ကိုတော့ ကြွရောက်ပါလို့ဖိတ်ပါတယ်ရှင် ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက် ကနေ ပရိသတ်တွေကိုသူမရဲ့ အလှူကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ ခင်ပိုးပန်းချီလေးရဲ့ စိတ်ဓာတ်ကတော့ တကယ်ကိုလေးစားစရာကောင်းလွန်ပါတယ်နော် ။

ဓမ္မတေးအဆိုရှင်လေး ခင်ပိုးပန်းချီ က ဒီနေ့ ဇန်နဝါရီလ ၂၁ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့၊ လင်းဇင်းရပ်မွန်ကျောင်းမှာ စစ်ကိုင်းတောင်ခေမေသကချောင် ပြည်ဇရပ်ဆရာကြီး ဒေါ်ဣန္ဒဝတီ ဆရာကြီးေ ဒါ်ကညာရီတို့ထံမှာ သီလရှင်ဘဝကိုခံယူခဲ့တယ်လို့ သိရပါတယ်။ ခင်ပိုးပန်းချီရဲ့ ပရိသတ်တွေအတွက် ခင်ပိုးပန်းချီရဲ့ သီလရှင်ဝတ်ပုံရိပ်တွေကို အခုပဲမျှဝေပေးလိုက်ပါတယ်နေ်ာ ။

Source : Khin Poe Panchi

Molly ( Cele Connections)

သာသနာေဘာင္ထဲ ဝင္ေရာက္သြားၿပီျဖစ္တဲ့ ျမန္မာသံေတးသံရွင္ ခင္ပိုးပန္းခ်ီ

တရားေတာင္း သီခ်င္းေလးေတြ သီဆိုရင္း ပရိသတ္ေတြအားေပးမႈအျပည့္ဝရရွိခဲ့သလို ဆိုကေရးတီး မွာလည္းဆုေတြ အမ်ားႀကီးရထားတဲ့ ျမန္မာသံေတးသံရွင္တစ္ေယာက္ပါ ။ ၾကည္လင္ၿပီးသာယာနာေပ်ာ္ဖြယ္အသံေလးနဲ႔ ပရိသတ္ကိုရင္ကိုေအးေစသလို ႐ိုး႐ိုးယဥ္ယဥ္ေလး ေနတတ္တဲ့ သူမရဲ႕ပုံရိပ္ေတြကလည္း ပရိသတ္အခ်စ္ပိုေနရတဲ့အခ်က္ပါပဲ ။

လတ္တေလာမွာေတာ့ ခင္ပိုးပန္းခ်ီတစ္ေယာက္ သူမရဲ႕ဆံပင္အရွည္ႀကီးကို စြန႔္လႊတ္ၿပီး သာသနာေဘာင္ထဲဝင္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္ ။

ဇန္နဝါရီလ (၂၂) ရက္ေန႔မွာ သီလရွင္ဝတ္ခဲ့ၿပီး ” စစ္ကိုင္းနဲ႔နီးတဲ့ မိတ္ေဆြမ်ား ႂကြေရာက္ႏိုင္ရင္ ႂကြေရာက္ေပးပါရွင္ ၂၆ရက္ေန႔ကေတာ့ ဧည့္ခံေကြၽးေမြးမယ့္ရက္ အလႉႀကီးရက္ပါ သမီးကေတာ့မနက္ျဖန္ မနက္ကို စစ္ကိုင္းမွာ ဆံပင္ရိတ္ၿပီးသီလရွင္ဝတ္ပါ့မယ္ သမီး ၁၁ရက္ဝတ္ခ်င္လို႔ ေရွကိုေစာဝတ္လိုက္တာပါ

အလႉေန႔ကိုေတာ့ ႂကြေရာက္ပါလို႔ဖိတ္ပါတယ္ရွင္ ” ဆိုတဲ့စာသားေလးနဲ႔အတူ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ ကေန ပရိသတ္ေတြကိုသူမရဲ႕ အလႉကိုဖိတ္ၾကားခဲ့တာျဖစ္ပါတယ္ ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ဗုဒၶဘာသာကို ယုံၾကည္သက္ဝင္ၿပီး ဘာသာတရားကိုင္းရႈိင္းတဲ့ ခင္ပိုးပန္းခ်ီေလးရဲ႕ စိတ္ဓာတ္ကေတာ့ တကယ္ကိုေလးစားစရာေကာင္းလြန္ပါတယ္ေနာ္ ။

ဓမၼေတးအဆိုရွင္ေလး ခင္ပိုးပန္းခ်ီ က ဒီေန႔ ဇန္နဝါရီလ ၂၁ ရက္နံနက္ပိုင္းက စစ္ကိုင္းၿမိဳ႕၊ လင္းဇင္းရပ္မြန္ေက်ာင္းမွာ စစ္ကိုင္းေတာင္ေခေမသကေခ်ာင္ ျပည္ဇရပ္ဆရာႀကီး ေဒၚဣႏၵဝတီ ဆရာႀကီးေ ဒၚကညာရီတို႔ထံမွာ သီလရွင္ဘဝကိုခံယူခဲ့တယ္လို႔ သိရပါတယ္။ ခင္ပိုးပန္းခ်ီရဲ႕ ပရိသတ္ေတြအတြက္ ခင္ပိုးပန္းခ်ီရဲ႕ သီလရွင္ဝတ္ပုံရိပ္ေတြကို အခုပဲမွ်ေဝေပးလိုက္ပါတယ္ေန္ာ ။

Source : Khin Poe Panchi

Molly ( Cele Connections)

LEAVE A REPLY

Please enter your comment!
Please enter your name here