မျက်နှာစူပုပ်နေတတ်သူ တွေဟာ တခြားသူတွေထက် အသက်ပိုရှည်ကြောင်း လေ့လာတွေ့ရှိ

360

ဒါပေမယ့် အခု နောက်ပိုင်း စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတွေ အရ ရုပ်တည်ကြီးနဲ့ နေတဲ့ မျက်နှာပိုင်ရှင်တွေက တခြား သူတွေထက် ပိုပြီး အသက်ရှည်လေ့ ရှိကြတယ် ဆိုတာကို တွေ့ရှိခဲ့ ပါတယ်။မျက်နှာ တည်တဲ့သူတွေ၊ စူပုတ်နေ တတ်တဲ့ သူတွေဟာ ညှိနှိုင်း စကားပြောတဲ့ နေရာမှာ တော်တဲ့သူတွေ ဖြစ်ပြီး၊ အရေးကြီး ဆုံးဖြတ်ချက်တွေ ချရမှာလည်း တွေဝေခြင်း မရှိတဲ့ သူတွေပါ။သူတို့တွေဟာ တည်ငြိမ်တဲ့ အိမ်ထောင်ရေး ရှိပြီး ဘဝ ရည်မှန်းချက်လည်း ပိုကြီးသူတွေ ဖြစ်ရုံမက တခြားသူတွေ ထက်လည်း ဝင်ငွေ ပိုကောင်းတဲ့ သူတွေ ဖြစ်ကြတယ်လို့ တွေ့ရှိခဲ့ ပါတယ်။

သူတို့တွေဟာ စိတ်ထဲမှာ ဖြစ်နေတဲ့ အဆင်မပြေမှုတွေကို ဟန်ဆောင်ပြီး အဆင်ပြေ သလို ပျော်ချင်ယောင် မဆောင်တတ်တဲ့ အတွက် စိတ်ဖိစီးမှု ပိုနည်းတယ်၊ မကျေလည်မှု အစိုင်အခဲတွေကို ရင်ထဲမှာ မသိမ်းထားတတ်တဲ့ အတွက် Stress တွေ ပိတာမျိုးလည်း ဖြစ်နိုင်ချေ နည်းပါတယ်။စစ်တမ်း ကောက်လိုက်တဲ့ အခါ စူပုတ်နေတတ်တဲ့ သူတွေက အစားအစာ အလွန်အကျွံ စားသောက်တာ၊ အရက်အလွန်အကျွံ သောက်သုံးတာနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်စေမယ့် အရာတွေ မလုပ်ကြတာကို တွေ့ခဲ့ရ ပါတယ်။

ယေဘုယျအားဖြင့် မျက်နှာစူပုတ်နေတဲ့ သူတွေက အတိတ်က ကိစ္စ တွေကို လက်ရှိ အချိန်ထဲ သယ်လာပြီး တွေးတောနေ တာမျိုး သိပ်မရှိကြဘဲ လက်ရှိအချိန်မှာပဲဲ နေထိုင်ကြတဲ့ သူတွေ ဖြစ်တာကို လည်း သိရှိခဲ့ကြ ပါတယ် ။ သူတို့တွေရဲ့ ဦးနှောက် အလုပ် လုပ်ပုံက တနေ့တာ အတွက် အားစိုက်ပြီး တွေးတောတဲ့ ပုံစံမျိုး ဖြစ်တဲ့အတွက် တီထွင် ဖန်တီးနိုင်စွမ်း မှာလည်း တခြားသူတွေထက် သာလွန်နေပါတယ်။

ဦးနှောက်က မလိုအပ်တာတွေ တွေးပြီး ပင်ပန််းနေ တာမျိုး မရှိတာကြောင့် Cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထွက် ရှိမှုလည်း နည်းသွား ပါတယ်။ အဲ့ဒါကပဲ သူတို့တွေကို တခြားသူတွေထက် အသက် ပိုရှည်စေတဲ့ အချက် ဖြစ်စေတယ်လို့ ပြောရမှာပါ ။သင်တို့လည်း “မင်းမျက်နှာကလည်း စူပုတ်နေတာပဲ၊ ဘာလို့မျက်နှာကြီးက တည်နေတာလဲ” လို့ အမြဲပြောခံရတယ် ဆိုရင် တခြားသူတွေထက် ပိုပြီး အသက်ရှည်မယ့်သူ ဖြစ်နေပြီ ဆိုတာ မှတ်ထားလိုက်ပါနော်။

Credit Aunty May

မ်က္ႏွာစူပုပ္ေနတတ္သူ ေတြဟာ တျခားသူေတြထက္ အသက္ပိုရွည္ေၾကာင္း ေလ့လာေတြ႔ရွိ

ဒါေပမယ့္ အခု ေနာက္ပိုင္း စိတ္ပညာရွင္ေတြရဲ့ ေလ့လာမႈေတြ အရ ႐ုပ္တည္ႀကီးနဲ႔ ေနတဲ့ မ်က္ႏွာပိုင္ရွင္ေတြက တျခား သူေတြထက္ ပိုၿပီး အသက္ရွည္ေလ့ ရွိၾကတယ္ ဆိုတာကို ေတြ႕ရွိခဲ့ ပါတယ္။မ်က္ႏွာ တည္တဲ့သူေတြ၊ စူပုတ္ေန တတ္တဲ့ သူေတြဟာ ညႇိႏွိုင္း စကားေျပာတဲ့ ေနရာမွာ ေတာ္တဲ့သူေတြ ျဖစ္ၿပီး၊ အေရးႀကီး ဆုံးျဖတ္ခ်က္ေတြ ခ်ရမွာလည္း ေတြေဝျခင္း မရွိတဲ့ သူေတြပါ။သူတို႔ေတြဟာ တည္ၿငိမ္တဲ့ အိမ္ေထာင္ေရး ရွိၿပီး ဘဝ ရည္မွန္းခ်က္လည္း ပိုႀကီးသူေတြ ျဖစ္႐ုံမက တျခားသူေတြ ထက္လည္း ဝင္ေငြ ပိုေကာင္းတဲ့ သူေတြ ျဖစ္ၾကတယ္လို႔ ေတြ႕ရွိခဲ့ ပါတယ္။

သူတို႔ေတြဟာ စိတ္ထဲမွာ ျဖစ္ေနတဲ့ အဆင္မေျပမႈေတြကို ဟန္ေဆာင္ၿပီး အဆင္ေၿပ သလို ေပ်ာ္ခ်င္ေယာင္ မေဆာင္တတ္တဲ့ အတြက္ စိတ္ဖိစီးမႈ ပိုနည္းတယ္၊ မေက်လည္မႈ အစိုင္အခဲေတြကို ရင္ထဲမွာ မသိမ္းထားတတ္တဲ့ အတြက္ Stress ေတြ ပိတာမ်ိဳးလည္း ျဖစ္နိုင္ေခ် နည္းပါတယ္။စစ္တမ္း ေကာက္လိုက္တဲ့ အခါ စူပုတ္ေနတတ္တဲ့ သူေတြက အစားအစာ အလြန္အကၽြံ စားေသာက္တာ၊ အရက္အလြန္အကၽြံ ေသာက္သုံးတာနဲ႔ ကိုယ့္ကိုယ္ကို ထိခိုက္ေစမယ့္ အရာေတြ မလုပ္ၾကတာကို ေတြ႕ခဲ့ရ ပါတယ္။

ေယဘုယ်အားျဖင့္ မ်က္ႏွာစူပုတ္ေနတဲ့ သူေတြက အတိတ္က ကိစၥ ေတြကို လက္ရွိ အခ်ိန္ထဲ သယ္လာၿပီး ေတြးေတာေန တာမ်ိဳး သိပ္မရွိၾကဘဲ လက္ရွိအခ်ိန္မွာပဲဲ ေနထိုင္ၾကတဲ့ သူေတြ ျဖစ္တာကို လည္း သိရွိခဲ့ၾက ပါတယ္ ။ သူတို႔ေတြရဲ့ ဦးေႏွာက္ အလုပ္ လုပ္ပုံက တေန႔တာ အတြက္ အားစိုက္ၿပီး ေတြးေတာတဲ့ ပုံစံမ်ိဳး ျဖစ္တဲ့အတြက္ တီထြင္ ဖန္တီးနိုင္စြမ္း မွာလည္း တျခားသူေတြထက္ သာလြန္ေနပါတယ္။

ဦးေႏွာက္က မလိုအပ္တာေတြ ေတြးၿပီး ပင္ပန္္းေန တာမ်ိဳး မရွိတာေၾကာင့္ Cortisol လို႔ ေခၚတဲ့ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းထြက္ ရွိမႈလည္း နည္းသြား ပါတယ္။ အဲ့ဒါကပဲ သူတို႔ေတြကို တျခားသူေတြထက္ အသက္ ပိုရွည္ေစတဲ့ အခ်က္ ျဖစ္ေစတယ္လို႔ ေျပာရမွာပါ ။သင္တို႔လည္း “မင္းမ်က္ႏွာကလည္း စူပုတ္ေနတာပဲ၊ ဘာလို႔မ်က္ႏွာႀကီးက တည္ေနတာလဲ” လို႔ အျမဲေျပာခံရတယ္ ဆိုရင္ တျခားသူေတြထက္ ပိုၿပီး အသက္ရွည္မယ့္သူ ျဖစ္ေနၿပီ ဆိုတာ မွတ္ထားလိုက္ပါေနာ္။

Credit Aunty May

LEAVE A REPLY

Please enter your comment!
Please enter your name here