ဆက်ထုံးများတဲ့ကြိုး

56

ခဏခဏပြတ်လွန်းတဲ့ကြိုးတစ်ချောင်းကိုနှမြောတဲ့စိတ်တခုနဲ့ ပြန်ပြန်ချည်မိတတ်ကြတယ်။

တခါချည်လိုက်တိုင်း အထုံးလေးတခု၊တခုနဲ့ဆက်ထုံးလေးတွေများလာခဲ့တယ်။

ဆုပ်ကိုင်ကြည့်လိုက်တိုင်း အဖုအထစ်ဆက်ထုံးတွေက မချောမွေ့တော့သလို၊အမြင်လည်းမလှခံနိုင်အားလည်းနည်းသထက်နည်းလာတတ်တာ သဘာဝပါ။

ဒီလိုပါပဲ ခဏခဏအမြင်မတူ၊အတ္တ၊မာနလွန်ဆွဲပွဲလို အဖုအထစ်တွေအများကြီးနဲ့Relationတခုမှာလည်း ဆက်ထုံးလေးတွေများနေမှာပါ။

တဖြည်းဖြည်းနဲ့ရှေ့ဆက်ဖို့အတွက်ယုံကြည်မူတွေလျော့နည်းလာစေတယ်။

ရန်ဖြစ်၊ပြန်ချစ်ဆိုကြပေမဲ့ ခဏခဏတစ်ယောက်စီရဲ့အတ္တကိုထိတတ်လာတဲ့အကြိမ်တွေများလာခဲ့တဲ့အခါ ဘယ်လောက်ခိုင်ပါတယ်ဆိုတဲ့ သံယောဇဉ်ကြိုး ဖြစ်ဖြစ်ပြတ်တတ်ကြတာသတိရစေချင်မိတယ်။

ချစ်သူ၊ခင်သူတွေကြားဆက်ထုံးလေးတွေကြောင့်ဝေးကွားခြင်းမျိူ းတွေကင်းဝေးပါစေ။ဆက်ထုံးများတဲ့ကြိုးဆိုတာအမြင်မလှသလို ရေရှည်ခံနိုင်အားလည်းနည်းတတ်တာမို့သတိပြုစေချင်ပါတယ်။

♥မီမို

ဆက္ထုံးမ်ားတဲ့ႀကိဳး

ခဏခဏျပတ္လြန္းတဲ့ႀကိဳးတစ္ေခ်ာင္းကိုႏွေျမာတဲ့စိတ္တခုနဲ႔ ျပန္ျပန္ခ်ည္မိတတ္ၾကတယ္။

တခါခ်ည္လိုက္တိုင္း အထုံးေလးတခု၊တခုနဲ႔ဆက္ထုံးေလးေတြမ်ားလာခဲ့တယ္။

ဆုပ္ကိုင္ၾကည့္လိုက္တိုင္း အဖုအထစ္ဆက္ထုံးေတြက မေခ်ာေမြ႕ေတာ့သလို၊အျမင္လည္းမလွခံနိုင္အားလည္းနည္းသထက္နည္းလာတတ္တာ သဘာဝပါ။

ဒီလိုပါပဲ ခဏခဏအျမင္မတူ၊အတၱ၊မာနလြန္ဆြဲပြဲလို အဖုအထစ္ေတြအမ်ားႀကီးနဲ႔Relationတခုမွာလည္း ဆက္ထုံးေလးေတြမ်ားေနမွာပါ။

တျဖည္းျဖည္းနဲ႔ေရွ႕ဆက္ဖို့အတြက္ယုံၾကည္မူေတြေလ်ာ့နည္းလာေစတယ္။

ရန္ျဖစ္၊ျပန္ခ်စ္ဆိုၾကေပမဲ့ ခဏခဏတစ္ေယာက္စီရဲ့အတၱကိုထိတတ္လာတဲ့အႀကိမ္ေတြမ်ားလာခဲ့တဲ့အခါ ဘယ္ေလာက္ခိုင္ပါတယ္ဆိုတဲ့ သံေယာဇဥ္ႀကိဳး ျဖစ္ျဖစ္ျပတ္တတ္ၾကတာသတိရေစခ်င္မိတယ္။

ခ်စ္သူ၊ခင္သူေတြၾကားဆက္ထုံးေလးေတြေၾကာင့္ေဝးကြားျခင္းမ်ိဴ းေတြကင္းေဝးပါေစ။ဆက္ထုံးမ်ားတဲ့ႀကိဳးဆိုတာအျမင္မလွသလို ေရရွည္ခံနိုင္အားလည္းနည္းတတ္တာမုိ့သတိျပဳေစခ်င္ပါတယ္။

♥မီမို

LEAVE A REPLY

Please enter your comment!
Please enter your name here