လွင်မိုးကြောင့် နာမည်ကြီးရုပ်ရှင်ရုံမှာ ကျွေးတဲ့အထိ အောင်မြင် သွားတဲ့ စမူဆာသုပ် ဆိုင်လေး
61
အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ အကယ်ဒမီလွင်မိုးကတော့အင်မတန်မှကို စိတ်ထားဖြူစင်သူတစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာဆိုရင် ရုပ်ရှင်လောကမှာသာမက စီးပွားရေးနယ်ပယ်မှာလည်းအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄-၅ လ လောက်က ဝါယာလက် ၃ လမ်းက စမူဆာသုတ်ဆိုင်လေးကို ဦးလွင်မိုးက စားကောင်းကြောင်း ညွှန်းပေးခဲ့တာကြောင့် တိုးမပေါက်အောင် ရောင်းကောင်းခဲ့ရတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ အခုတော့ အဲ့ဒီဆိုင်လေးဟာ ရုပ်ရှင်ပြပွဲတစ်ခုကပါ အော်ဒါမှာရတဲ့အထိ အောင်မြင်ခဲ့တာကို သိရတော့ လွင်မိုးတစ်ယောက်အတော်လေးကို ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။
ဦးလွင်မိုးကတော့ ဒါတွေဟာ အကြောင်းအကျိုးတိုက်ဆိုင်လို့ ဖြစ်လာခဲ့တာဖြစ်ပြီးတော့ သူတို့ကြိုးစားတာကြောင့်လည်း ပါတယ်။ တကယ်လည်း စားကောင်းတယ်။ နောက်ဆို အခုလို ဆွဲကြိုး တစ်ကုံးကနေ နှစ်ကုံးဖြစ်မှာပါ လို့ဆိုပါတယ်။
အခုလို ဦးလွင်မိုးရဲ့ နှုတ်၏ ဆောင်မခြင်းကို ခံခဲ့ရတဲ့ စမူဆာဆိုင်က လင်မယားကလည်း လုပ်ငန်းတိုးချဲ့ဖို့အထိပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ ဒါကိုလည်း ဦးလွင်မိုးကပဲ အကြံပေးခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် ပရိသတ်ချစ်တဲ့ ဦးလွင်မိုးရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်လေးအတွက် ချီးမွမ်းစကားလေး ပြောပေးပါဦးနော်။
Video- Myanmar Celebrity , Shwe Yaung Lan
ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ
LEAVE A REPLY
Please enter your comment!
Please enter your name here