အချိန်တိုအတွင်း ဆိုင်ခွဲအများဆုံး စံချိန်တင်သွားတဲ့ ဇွဲထက် စိန်ရွှေရတနာဆိုင်ရဲ့ အဓိကကျတဲ့ လျို့ဝှက်ချက်
90
အချိန်တိုအတွင်း ဆိုင်ခွဲအများဆုံး စံချိန်တင်သွားတဲ့ ဇွဲထက် စိန်ရွှေရတနာဆိုင်ရဲ့ အဓိကကျတဲ့ လျို့ဝှက်ချက်
ကျောက်သံပတ္တမြား စိန်ရွှေရတနာတွေဟာ ခေတ်အဆက်ဆက် လူတွေရဲ့ အမြတ်တနိုးတန်ဖိုးထားစရာတွေဖြစ်ခဲ့ပြီး အခုခေတ်မှာဆိုရင် စိန်ရွှေရတနာတွေကို ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးနဲ့ ဆန်းသစ်လှပစွာ ထုဆစ်ရောင်းချနေတဲ့ ရွှေဆိုင်တွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ များပြားစွာတည်ရှိနေတာပဲဖြစ်ပါတယ်။ ကမ္ဘာမှာဆိုရင် Catier ရွှေဆိုင်၊Tiffany and Co. စတဲ့ လက်ဝတ်ရတနာဆိုင်တွေက ထိပ်တန်း နာမည်အကြီးဆုံးအဖြစ် နေရာယူထားသလို မြန်မာမှာဆိုရင်တော့ တစ်နိုင်ငံလုံးက ယုံကြည်စိတ်ချစွာ အားပေးဝယ်ယူကြတဲ့ နိုင်ငံကျော် ဇွဲထက်စိန်ရွှေရတနာဆိုင်ကြီးက ထိပ်ဆုံးမှာ နေရာယူထားတယ်ဆိုရင်မမှားပါဘူး။
နိုင်ငံကျော် ဇွဲထက် စိန်ရွှေရတနာဆိုင်ဟာ တစ်နိုင်ငံလုံးက စိန်ရွှေရတနာချစ်သူတွေ ယုံကြည်အားထားရတဲ့ ထိပ်ဆုံးက ရတနာဆိုင်ကြီးအဖြစ်ရပ်တည်နေနိုင်တဲ့ လျို့ဝှက်ချက်တွေကိုအားလုံးက စိတ်ဝင်စားနေကြမှာ အမှန်ပါပဲ။ အဲ့ဒီ လျှို့ဝှက်ချက်တွေကတော့ လက်ရှိ ဆိုင်ခွဲကိုးဆိုင်စလုံးက ဝန်ထမ်းတွေက Professional ကျပြီး ရွှေဝယ်စုချင်လို့ပဲ စုစု၊ အထိမ်းအမှတ်နေ့တွေအတွက် အမှတ်တရလက်ဆောင်ပေးချင်လို့ပဲ ရွေးရွေး အလိုက်တသိနဲ့ ကိုယ့်အကြိုက်တဲ့ ကွက်တိကျတဲ့ လက်ဝတ်ရတနာလေးတွေကို ပြသပေးပြီး အဆင်ပြေစိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးနိုင်တာ၊ အလျော့တွက်လက်ခမှန်တာ၊ ဒါ့ပြင် နောက်ဆုံးပေါ် ဖက်ရှင်လက်ရာတွေနဲ့အတူ အရည်သွေးမြင့် ဆန်းသစ်တဲ့ စိန်ရွှေရတနာ လက်ရာဒီဇိုင်းဆန်းတွေရောင်းချပေးနေခြင်းကြောင့်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံကျော် ဇွဲထက် စိန်ရွှေရတနာဆိုင်ကြီးက မကြာခင်မှာ (၁၀) ဆိုင်မြောက် ဆိုင်ခွဲကြီးကို ခမ်းနားကြီးကျယ်စွာ ဖွင့်လှစ်ရောင်းချသွားတော့မှာဖြစ်လို့ ဆိုင်ခွဲအများဆုံး စိန်ရွှေရတနာဆိုင်ကြီးအဖြစ် စံချိန်တင်သွားခဲ့ပြီလို့ဆိုရမှာပါ။
နိုင်ငံကျော်ဇွဲထက် စိန်ရွှေရတနာဆိုင်ကြီးဟာဆိုရင် ဘယ်သူမှထင်မထားလောက်တဲ့ လေးနှစ်ဆိုတဲ့အချိန်တိုအတွင်းလျင်မြန်စွာ အောင်မြင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး ထိပ်တန်းအကျဆုံး Brand တစ်ခုအဖြစ်ရပ်တည်လာနိုင်တာကလည်း အနယ်နယ်အရပ်ရပ်က ရွေချစ်သူတွေရဲ့ ချစ်ခင်အားပေးမှုကြောင့်ဆိုရင်မမှားပါဘူး။ ရင်သပ်ရှုမောဖွယ် ဆန်းသစ်တဲ့ လက်ဝတ်ရတနာ လက်ရာဒီဇိုင်းဆန်းတွေ၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ နိုင်ငံကျော် ဇွဲထက်ရဲ့ ဆိုင်အမှတ် (၁၀) ဖွင့်ပွဲကြီးကိုလည်း (၂၅. ၁. ၂၀၂၀) ရက်နေ့မှာ နိုင်ငံကျော်အနုပညာရှင်တွေနဲ့အတူ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားတော့မှာဖြစ်လို့ အနယ်နယ်အရပ်ရပ်က ရွှေချစ်သူတွေကိုလည်း တက်ရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ရွှေချစ်သူတွေရဲ့ ပါးစပ်ဖျားမှာ တန်းတန်းစွဲ ဖြစ်ရပြီး အအောင်မြင်ဆုံး Brand တစ်ခုအဖြစ်ရပ်တည်နေတဲ့ နိုင်ငံကျော် ဇွဲထက် စိန်ရွှေရတနာဆိုင်ကြီး ရဲ့ အမှတ် (၁၀) မြောက် ဆိုင်ခွဲကိုတော့ မဟာဗန္ဓုလလမ်းနဲ့ ၂၂လမ်းထောင့် လသာမြို့နယ် ရန်ကုန်မြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်တဲ့ ဖွေးဖွေး၊ ရွှေမှုန်ရတီ၊ ဖွေးဖွေး တို့နဲ့ အတူ ဖွင့်ပွဲကိုခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး နိုင်ငံကျော်ဇွဲထက် စိန်ရွှေရတနာဆိုင်ကြီးမှာသာ ရရှိနိုင်တဲ့ အထူး အရည်သွေးမြင့် ဆန်းသစ်တဲ့ လက်ရာဒီဇိုင်းဆန်းများကိုလည်း ရောင်းချပေးသွားမှာပါ။ အသေးစိတ် အချက်အလက်လေးတွေကိုတော့ဇွဲထက် စိန်ရွှေရတနာဆိုင် ရဲ့ Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။
(Zawgyi)
LEAVE A REPLY
Please enter your comment!
Please enter your name here