​နေဒွေးရဲ့ တရားလွန်ပြောဆိုမှုတွေကြောင့် ရှေ့ဆက်လုပ်မယ့်ကိစ္စတစ်ခုကို ပြောပြလိုက်တဲ့ သံစဉ်မောင်

61

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေဒွေးနဲ့ မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ သံစဉ်မောင်တို့ရဲ့ ပြဿနာကို ပရိသတ်ကြီးတို့လည်း သိကြမှာပါ….လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံတွေဟာ သူနဲ့လည်းမဟုတ်သလို သူတင်တာလည်းမဟုတ်ကြောင်းနဲ့ ဘယ်သူ့ကိုမှ ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ဘူးလို့ မီဒီယာတွေကနေတစ်ဆင့် ဖြေရှင်းခဲ့တဲ့ နေဒွေးရဲ့ အင်တာဗျူးလေးကိုလည်း ကြည့်ပြီးကြမယ်ထင်ပါတယ်…

လတ်တလောမှာတော့ သံစဉ်မောင်ဟာ နေဒွေးကို သက်သေအထောက်အထားနဲ့ တကွ တရားစွဲဖို့ ဆုံးဖြတ်လိုက်ပြီလို့ အကုန်သိသတင်းဌာနမှ တင်ဆက်တဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်…

ခုလိုတရားစွဲဖို့ ဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး သံစဉ်မောင် ပြောခဲ့ရာမှာတော့ ဒီလိုတရားစွဲရတာဟာ ဂုဏ်သိက္ခာအရရော ခုလိုမျိုးနေဒွေးကနေ သေချာပြင်ဆင်ပြီးမှ သူမကို စွပ်စွဲပြောဆိုတဲ့အတွက်ကြောင့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး သက်သေအထားအထားတွေနဲ့ တရားရင်ဆိုင်ဖို့ ပြင်ဆင်နေပြီလို့ သံစဉ်မောင်က ဆိုခဲ့တာပါ…….ဒါ့အပြင် ဒီကိစ္စကြောင့် မိသားစုပတ်ဝန်းကျင်မှာပါ ဂုဏ်သိက္ခာကျရတဲ့အတွက် တရားစွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သံစဉ်မောင်က ဆိုခဲ့ပါတယ်….

ဒီလိုတရားစွဲဖို့ စီစဉ်လာရခြင်းဟာ သရုပ်ဆောင်နေဒွေးတစ်ယောက် လူမှုကွန်ရက်မှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေဟာ သူနဲ့ မပတ်သက်ဘဲ ဖြစ်စဉ်မမှန်ကြောင်း အင်တာဗျူးဖြေဆိုခဲ့ပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)

Source : အကုန်သိ

​ေနေဒြးရဲ့ တရားလြန္ေျပာဆိုမႈေတြေၾကာင့္ ေရွ႕ဆက္လုပ္မယ့္ကိစၥတစ္ခုကို ေျပာျပလိုက္တဲ့ သံစဥ္ေမာင္

သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ေနေဒြးနဲ႔ ေမာ္ဒယ္လ္တစ္ဦးျဖစ္တဲ့ သံစဥ္ေမာင္တို႔ရဲ့ ျပႆနာကို ပရိသတ္ႀကီးတို႔လည္း သိၾကမွာပါ….လူမႈကြန္ရက္ေပၚမွာ ထြက္ေပၚေနတဲ့ ဓာတ္ပုံေတြဟာ သူနဲ႔လည္းမဟုတ္သလို သူတင္တာလည္းမဟုတ္ေၾကာင္းနဲ႔ ဘယ္သူ႔ကိုမွ ကိုယ္ထိလက္ေရာက္ မက်ဴးလြန္ခဲ့ဘူးလို႔ မီဒီယာေတြကေနတစ္ဆင့္ ေျဖရွင္းခဲ့တဲ့ ေနေဒြးရဲ့ အင္တာဗ်ဴးေလးကိုလည္း ၾကည့္ၿပီးၾကမယ္ထင္ပါတယ္…

လတ္တေလာမွာေတာ့ သံစဥ္ေမာင္ဟာ ေနေဒြးကို သက္ေသအေထာက္အထားနဲ႔ တကြ တရားစြဲဖို႔ ဆုံးျဖတ္လိုက္ၿပီလို႔ အကုန္သိသတင္းဌာနမွ တင္ဆက္တဲ့ သတင္းတစ္ပုဒ္အရ သိရပါတယ္…

ခုလိုတရားစြဲဖို႔ ဆုံးျဖတ္ရတာနဲ႔ ပတ္သက္ၿပီး သံစဥ္ေမာင္ ေျပာခဲ့ရာမွာေတာ့ ဒီလိုတရားစြဲရတာဟာ ဂုဏ္သိကၡာအရေရာ ခုလိုမ်ိဳးေနေဒြးကေန ေသခ်ာျပင္ဆင္ၿပီးမွ သူမကို စြပ္စြဲေျပာဆိုတဲ့အတြက္ေၾကာင့္ ေရွ႕ေနေတြနဲ႔ တိုင္ပင္ၿပီး သက္ေသအထားအထားေတြနဲ႔ တရားရင္ဆိုင္ဖို႔ ျပင္ဆင္ေနၿပီလို႔ သံစဥ္ေမာင္က ဆိုခဲ့တာပါ…….ဒါ့အျပင္ ဒီကိစၥေၾကာင့္ မိသားစုပတ္ဝန္းက်င္မွာပါ ဂုဏ္သိကၡာက်ရတဲ့အတြက္ တရားစြဲဖို႔ ဆုံးျဖတ္လိုက္တာျဖစ္တယ္လို႔ သံစဥ္ေမာင္က ဆိုခဲ့ပါတယ္….

ဒီလိုတရားစြဲဖို႔ စီစဥ္လာရျခင္းဟာ သ႐ုပ္ေဆာင္ေနေဒြးတစ္ေယာက္ လူမႈကြန္ရက္မွာျဖစ္ပ်က္ေနတဲ့ ျဖစ္စဥ္ေတြဟာ သူနဲ႔ မပတ္သက္ဘဲ ျဖစ္စဥ္မမွန္ေၾကာင္း အင္တာဗ်ဴးေျဖဆိုခဲ့ၿပီးတဲ့ေနာက္မွာ ျဖစ္ေပၚလာတာပဲ ျဖစ္ပါတယ္…

Writer – HW (Shwe Yaung Lan)

Source : အကုန္သိ

LEAVE A REPLY

Please enter your comment!
Please enter your name here