ရန်ကုန်ဆေးရုံကြီးတွင် ဝူဟန်အဆုတ်ရောင် ရောဂါပိုးသံသယလူနာတစ်ဦး ရောက်ရှိဟု သတင်းထွက်ပေါ်

98

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တရုတ်နိုင်ငံမှ စတင် ကူးစက်ပျံ့ပွားနေသော ဝူဟန်ကော်ရိုနာအဆုတ်ရောင်ရောဂါပိုး Wu han coronavirus ကူးစက်ခံရသည်ဟု သံသယရှိသော တရုတ်လူနာတစ်ဦး ရောက်ရှိလာသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနဘက်သို့ မေးမြန်းသောအခါ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုခြင်းမရှိသေးပေ။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနေဝင်းထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းက သံသယလူနာတွေ့ရှိသည်ဆိုသော သတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမပြုဘဲ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိမ့်မည်ဟု ပြောဆိုသည်။

“အဲဒါက ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့ ဆေးရုံအနေနဲ့ သတင်းထုတ်ပြန်လို့ မရပါဘူး။ အားလုံးရဲ့ ကိုယ်စား ကျန်းမာရေးဝန်ကြီးဌာနဘက် ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့က ဆေးရုံအနေနဲ့ ထုတ်ပြန်ခွင့်မရှိပါဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ဝူဟန်ကော်ရိုနာ အဆုတ်ရောင် ရောဂါပိုး သံသယလူနာ တွေ့ရှိဆိုသော သတင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ဦးမှ တာဝန်ခံဖြေဆိုခြင်းမရှိသေးသဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယခင်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ဧရာဝတီတိုင်းတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသော ဒေါက်တာသောင်းလှိုင်ကမူ ဝူဟန်အဆုတ်ရောင်ရောဂါပိုး သံသယရှိလူနာ မရှိသေးဟုသာ သိရှိထားကြောင်းပြောဆိုသည်။

“လောလောဆယ်တော့ မတွေ့သေးဘူးပြောပါတယ်။ သေချာအောင်တော့ ရုံးချုပ်မေးလိုက်ပါတယ်။ ဒေါက်တာဒေါ်ခင်ခင်ကြီးတို့ကို ဖုန်းဆက်လိုက်ပါ။ အားတဲ့အခါကိုင်ပါလိမ့်မယ်။မရှိသေးဘူးလို့ သိထားတာပါ။ (တရုတ်ကသံသယလူနာရောက်နေတယ်လို့ သတင်းကြားလို့ပါ) အဲဒါတော့ ကျနော်လည်း မသိသေးဘူးဗျ” ဟု ဒေါက်တာသောင်းလှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိ မြန်မာနိုင်ငံတဝန်း တရုတ်နှင့် ထိစပ်နေသည့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များ၊ လေဆိပ်များတွင် သေချာစွာ စောင့်ကြပ်စစ်ဆေးမှုများဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော Viral Pneumonia ရောဂါနှင့်ပတ်သက်၍ ပြည်သူများအကြား သတင်းအမှန် ရရှိပြီး စိုးရိမ်မှုလျော့ကျစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင် Website (w w w.m o h s.g o v.mm) နှင့် Myanmar CDC Facebook Page (f b. me/Myanmar CDC) တို့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ပျံ့နှံ့လာသော ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်ပြည်တွင် ကူးစက်ခံရသူ ဦးရေ ၈၃၀၊ သေဆုံးသူ ၂၅ ဦးအထိရှိလာပြီဖြစ်ပြီး အခြားသောနိုင်ငံများသို့လည်း ပျံ့နှံ့လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်လေဆိပ်တွင် ကျန်းမာရေးဦးစီးဌာနက ရောဂါလေ့လာစောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

Photo ခရဒစ် Myanmar CDC (khitthitnews.)

ရန္ကုန္ေဆး႐ုံႀကီးတြင္ ဝူဟန္အဆုတ္ေရာင္ ေရာဂါပိုးသံသယလူနာတစ္ဦး ေရာက္ရွိဟု သတင္းထြက္ေပၚ

ရန္ကုန္၊ ဇန္နဝါရီ ၂၄

ရန္ကုန္ျပည္သူ႕ေဆးရုံႀကီးတြင္ တ႐ုတ္ႏိုင္ငံမွ စတင္ ကူးစက္ပ်ံ႕ပြားေနေသာ ဝူဟန္ေကာ္႐ိုနာအဆုတ္ေရာင္ေရာဂါပိုး Wu han coronavirus ကူးစက္ခံရသည္ဟု သံသယရွိေသာ တ႐ုတ္လူနာတစ္ဦး ေရာက္ရွိလာသည္ဆိုေသာ သတင္းမ်ား ထြက္ေပၚလ်က္ရွိၿပီး က်န္းမာေရးဝန္ႀကီးဌာနဘက္သို႔ ေမးျမန္းေသာအခါ တစ္စုံတစ္ရာမွတ္ခ်က္ျပဳ ေျပာဆိုျခင္းမရွိေသးေပ။

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေဒါက္တာေနဝင္းထြန္းကို ရန္ကုန္ေခတ္သစ္သတင္းဌာနက ဆက္သြယ္ေမးျမန္းရာ ၎က သံသယလူနာေတြ႕ရွိသည္ဆိုေသာ သတင္းႏွင့္ပတ္သက္၍ တစ္စုံတစ္ရာ မွတ္ခ်က္ျပဳေျပာဆိုျခင္းမျပဳဘဲ သက္ဆိုင္ရာ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိမ့္မည္ဟု ေျပာဆိုသည္။

“အဲဒါက က်န္းမာေရးဝန္ႀကီးဌာနဘက္က ထုတ္ျပန္ပါလိမ့္မယ္။ က်ေနာ္တုိ႔ ေဆး႐ုံအေနနဲ႔ သတင္းထုတ္ျပန္လို႔ မရပါဘူး။ အားလုံးရဲ႕ ကိုယ္စား က်န္းမာေရးဝန္ႀကီးဌာနဘက္ ထုတ္ျပန္ပါလိမ့္မယ္။ က်ေနာ္တို႔က ေဆး႐ုံအေနနဲ႔ ထုတ္ျပန္ခြင့္မရွိပါဘူး” ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနအေနျဖင့္ ဝူဟန္ေကာ္႐ိုနာ အဆုတ္ေရာင္ ေရာဂါပိုး သံသယလူနာ ေတြ႕ရွိဆိုေသာ သတင္းႏွင့္ပတ္သက္ၿပီး က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားထံ ဆက္သြယ္ေမးျမန္းေသာ္လည္း တစ္စုံတစ္ဦးမွ တာဝန္ခံေျဖဆိုျခင္းမရွိေသးသျဖင့္ အတည္ျပဳႏိုင္ျခင္းမရွိေသးပါ။

ယခင္က ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ယခု ဧရာဝတီတိုင္းတြင္ ေျပာင္းေရႊ႕ တာဝန္ထမ္းေဆာင္ေနေသာ ေဒါက္တာေသာင္းလႈိင္ကမူ ဝူဟန္အဆုတ္ေရာင္ေရာဂါပိုး သံသယရွိလူနာ မရွိေသးဟုသာ သိရွိထားေၾကာင္းေျပာဆိုသည္။

“ေလာေလာဆယ္ေတာ့ မေတြ႕ေသးဘူးေျပာပါတယ္။ ေသခ်ာေအာင္ေတာ့ ႐ုံးခ်ဳပ္ေမးလိုက္ပါတယ္။ ေဒါက္တာေဒၚခင္ခင္ႀကီးတို႔ကို ဖုန္းဆက္လိုက္ပါ။ အားတဲ့အခါကိုင္ပါလိမ့္မယ္။မရွိေသးဘူးလို႔ သိထားတာပါ။ (တ႐ုတ္ကသံသယလူနာေရာက္ေနတယ္လို႔ သတင္းၾကားလို႔ပါ) အဲဒါေတာ့ က်ေနာ္လည္း မသိေသးဘူးဗ်” ဟု ေဒါက္တာေသာင္းလႈိင္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာဆိုသည္။

က်န္းမာေရးဝန္ႀကီးဌာနက လက္ရွိ ျမန္မာႏိုင္ငံတဝန္း တ႐ုတ္ႏွင့္ ထိစပ္ေနသည့္ နယ္စပ္ဝင္ေပါက္၊ ထြက္ေပါက္မ်ား၊ ေလဆိပ္မ်ားတြင္ ေသခ်ာစြာ ေစာင့္ၾကပ္စစ္ေဆးမႈမ်ားေဆာင္႐ြက္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ ျဖစ္ပြားလ်က္ရွိေသာ Viral Pneumonia ေရာဂါႏွင့္ပတ္သက္၍ ျပည္သူမ်ားအၾကား သတင္းအမွန္ ရရွိၿပီး စိုးရိမ္မႈေလ်ာ့က်ေစရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ တရားဝင္ Website (w w w.m o h s.g o v.mm) ႏွင့္ Myanmar CDC Facebook Page (f b. me/Myanmar CDC) တို႔တြင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္လည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ လမ္းၫႊန္ခ်က္မ်ားကို စနစ္တက် လိုက္နာေဆာင္႐ြက္ၾကပါရန္ တိုက္တြန္းႏႈိးေဆာ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ထားသည္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္ပ်ံ႕ႏွံ႔လာေသာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးေၾကာင့္ တ႐ုတ္ျပည္တြင္ ကူးစက္ခံရသူ ဦးေရ ၈၃၀၊ ေသဆုံးသူ ၂၅ ဦးအထိရွိလာၿပီျဖစ္ၿပီး အျခားေသာႏုိင္ငံမ်ားသုိ႔လည္း ပ်ံ႕ႏွံ႔လ်က္ရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ရန္ကုန္ေလဆိပ္တြင္ က်န္းမာေရးဦးစီးဌာနက ေရာဂါေလ့လာေစာင့္ၾကည့္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိသည္။

Photo ခရဒစ္ Myanmar CDC (khitthitnews.)

LEAVE A REPLY

Please enter your comment!
Please enter your name here