အမျိုးသားဥပဒေနဲ့ ငြိလို့ ဆက်မလွှင့်တော့ပဲ ရပ်သွားဖို့ရှိတဲ့ မြောက်ကိုရီးယားဗိုလ်ကြီးကား

71

ကိုရီးယားရုပ်ရှင်လောကကို စံချိန်ချိုးပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်အားပေးကြတဲ့ Crush Landing On You ဇာတ်ကားကိုတော့ ပရိသတ်တွေတော်တော်များများကြည့်ရှုအားပေးကြမယ် ထင်ပါတယ်။

မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကားဟာ မြန်မာနို်င်ငံမှာလည်း အနုပညာရှင်တွေသာမက ပရိသတ်တွေပါ တခဲနက်စွဲလန်းအားပေးကြပြီး တစ်နိုင်ငံလုံး ဗိုလ်ကြီးမှဗိုလ်ကြီးဖြစ်နေတယ်လို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ အပတ်ကလည်း တစ်ပတ်တစ်ခါအပိုင်းသစ်လွှင့်နေကျ ဗိုလ်ကြီးဇာတ်ကားက တစ်ပတ်အနားယူပြီး နောက်အပတ်မှ ပြန်လွှင့်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ဗိုလ်ကြီးကို လွမ်းနေကြတဲ့ ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးတယ်။ ဒါပေမယ့် အခု ထွက်ပေါ်လာတဲ့ သတင်းကတော့ ဗိုလ်ကြီးကိုချစ်ကြသူတွေအတွက် ဖြေမဆည်နိုင်အောင်ဖြစ်ရမှာ အမှန်ပါပဲ။

အဲဒီသတင်းကတော့ မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကား အမျိုးသားဥပဒေနဲ့ ငြိစွန်းပြီး မြောက်ကိုရီးယားကို အရမ်းပစားပေးပြီး ဖော်ပြထားတဲ့အတွက် အဲဒီဇာတ်လမ်းတွဲကို လွှင့်တဲ့ tvN ရုပ်သံဌာနကို Christian Liberal Party က တရားစွဲဆိုလိုက်တဲ့ သတင်းပါ။

Christian Liberal Party ရဲ့ကြေငြာချက်မှာ “ရန်သူလို ရန်သူလိုခွဲခြားမသိနိုင်တဲ့ ရုပ်သံဌာနတစ်ခုရဲ့ လုပ်ဆောင်ချက်ကြောင့် တောင်ကိုရီးယားနိုင်ငံသားတွေကို တရားဥပဒေချိုးဖောက်ဖို့ အားပေးရာရောက်နေပါတယ်။

NSA (National Security Act) အရ တောင်ကိုရီးယားရဲ့ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေတဲ့ မည်သို့သော အဖွဲ့အစည်းမျိုးကိုမှ အားပေးအားမြှောက်ပြုခြင်း၊ ချီးကျူးခြင်း မပြုရ။

ဖော်ပြပါ တားမြစ်မှုများကို ချိုးဖောက်တဲ့မည်သူမဆို အလုပ်နဲ့ ထောင်ဒဏ်ခုနစ်နှစ်အထိအများဆုံးကျခံရမယ့် ဥပဒေရှိပါတယ်။ ဒီကိစ္စမှာ ပါဝင်နေတဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံးစစ်ဆေးပြီးအရေးယူဆောင်ရွက်ပေးစေလိုပါတယ်”လို့ ပါရှိပါတယ်။

မြောက်ကိုရီးယားဗိုလ်ကြီးရုပ်ရှင်ဟာ တောင်နဲ့မြောက် နှစ်နိုင်ငံ ပေါင်းစည်းရေးကို အလေးထားဖော်ပြထားတာကြောင့်လည်း Christian Liberal Party က အခုလို တရားစွဲတာ ဖြစ်ဟန်တူပါတယ်။

လက်ရှိမှာတော့ ရဲဌာနက ဒီကိစ္စကို မေးမြန်းစုံစမ်းနေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးရေးကို မစတင်ရသေးကြောင်းနဲ့ အခုလို ဒရာမာဇာတ်ကားတွေမှာ ပါဝင်တဲ့ မမှန်ကန်တဲ့ ဖြစ်ရပ်တွေကို NSA နဲ့ ငြိစွန်းတယ်ဆိုပြီး အပြစ်ပေးတာမျိုးက ရှားပါးကြောင်း အသိပေးထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် tvN က Crush Landing On You ဇာတ်လမ်းတွဲဆက်လက်ထုတ်လွှင့်မယ့်ရက်ကို ရွှေ့ဆိုင်းထားပြီး အခြေအနေတစ်ခုခုတိ်မ်းစောင်းသွားခဲ့ရင် ဆက်လက်ထုတ်လွှင့်ခြင်းပြုပဲ ရပ်ဆိုင်းလိုက်ရတာမျိုးလည်း ဖြစ်နိုင်ကြောင်း သိရပါတယ်။

အခြေအနေမကောင်းရင် ဗိုလ်ကြီးရဲ့ တည်ကြည်အေးချမ်းတဲ့ မျက်နှာလေးကို နောက်ဘယ်တော့မှထပ်မြင်ရတော့မှာမဟုတ်လို့ တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာပါပဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဗိုလ်ကြီးဇာတ်လမ်းတွဲကို ကြည့်ဖြစ်ကြလား။ ဗိုလ်ကြီးကို ဆက်ကြည့်ရဖို့ မျှော်နေကြပြီလား။ tvN အနေနဲ့ ဒီဖြစ်ရပ်ထဲက အမြန်ဆုံးရုန်းထွက်နိုင်ပြီး ဗိုလ်ကြီးဇာတ်လမ်းတွဲကိုဆက်လက်ထုတ်လွှင့်နိုင်ပါစေလို့ အတူတူဆုတောင်းကြရအောင်နော်။

Credit

အမ်ိဳးသားဥပေဒနဲ႔ ျငိလို႔ ဆက္မလႊင့္ေတာ့ပဲ ရပ္သြားဖို႔ရွိတဲ့ ေျမာက္ကုိရီးယားဗုိလ္ၾကီးကား

ကိုရီးယားရုပ္ရွင္ေလာကကုိ စံခ်ိန္ခ်ိဳးျပီး တစ္ကမၻာလံုးက ေစာင့္ၾကည့္အားေပးၾကတဲ့ Crush Landing On You ဇာတ္ကားကုိေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားၾကည့္ရႈအားေပးၾကမယ္ ထင္ပါတယ္။

ေျမာက္ကုိရီးယားဗုိလ္ၾကီးဇာတ္ကားဟာ ျမန္မာနုိ္င္ငံမွာလည္း အနုပညာရွင္ေတြသာမက ပရိသတ္ေတြပါ တခဲနက္စြဲလန္းအားေပးၾကျပီး တစ္နုိင္ငံလံုး ဗိုလ္ၾကီးမွဗိုလ္ၾကီးျဖစ္ေနတယ္လို႔ ဆိုရမွာပါ။

ျပီးခဲ့တဲ့ အပတ္ကလည္း တစ္ပတ္တစ္ခါအပုိင္းသစ္လႊင့္ေနက် ဗိုလ္ၾကီးဇာတ္ကားက တစ္ပတ္အနားယူျပီး ေနာက္အပတ္မွ ျပန္လႊင့္ခဲ့ပါေသးတယ္။ အဲဒီတုန္းကလည္း ဗုိလ္ၾကီးကုိ လြမ္းေနၾကတဲ့ ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ခဲ့ၾကရပါေသးတယ္။ ဒါေပမယ့္ အခု ထြက္ေပၚလာတဲ့ သတင္းကေတာ့ ဗိုလ္ၾကီးကုိခ်စ္ၾကသူေတြအတြက္ ေျဖမဆည္နုိင္ေအာင္ျဖစ္ရမွာ အမွန္ပါပဲ။

အဲဒီသတင္းကေတာ့ ေျမာက္ကုိရီးယားဗိုလ္ၾကီးဇာတ္ကား အမ်ိဳးသားဥပေဒနဲ႔ ျငိစြန္းျပီး ေျမာက္ကုိရီးယားကုိ အရမ္းပစားေပးျပီး ေဖာ္ျပထားတဲ့အတြက္ အဲဒီဇာတ္လမ္းတြဲကို လႊင့္တဲ့ tvN ရုပ္သံဌာနကုိ Christian Liberal Party က တရားစြဲဆိုလိုက္တဲ့ သတင္းပါ။

Christian Liberal Party ရဲ႕ေၾကျငာခ်က္မွာ “ရန္သူလို ရန္သူလိုခြဲျခားမသိနုိင္တဲ့ ရုပ္သံဌာနတစ္ခုရဲ႕ လုပ္ေဆာင္ခ်က္ေၾကာင့္ ေတာင္ကိုရီးယားနိုင္ငံသားေတြကုိ တရားဥပေဒခ်ိဳးေဖာက္ဖို႔ အားေပးရာေရာက္ေနပါတယ္။

NSA (National Security Act) အရ ေတာင္ကုိရီးယားရဲ႕ တရားဥပေဒစုိးမိုးမႈကုိ ျခိမ္းေျခာက္ေနတဲ့ မည္သို႔ေသာ အဖြဲ႕အစည္းမ်ိဳးကုိမွ အားေပးအားေျမွာက္ျပဳျခင္း၊ ခ်ီးက်ဴးျခင္း မျပဳရ။

ေဖာ္ျပပါ တားျမစ္မႈမ်ားကုိ ခ်ိဳးေဖာက္တဲ့မည္သူမဆို အလုပ္နဲ႔ ေထာင္ဒဏ္ခုနစ္နွစ္အထိအမ်ားဆံုးက်ခံရမယ့္ ဥပေဒရွိပါတယ္။ ဒီကိစၥမွာ ပါဝင္ေနတဲ့ တာဝန္ရွိသူေတြကုိ အျမန္ဆံုးစစ္ေဆးျပီးအေရးယူေဆာင္ရြက္ေပးေစလိုပါတယ္”လို႔ ပါရွိပါတယ္။

ေျမာက္ကုိရီးယားဗိုလ္ၾကီးရုပ္ရွင္ဟာ ေတာင္နဲ႔ေျမာက္ နွစ္နုိင္ငံ ေပါင္းစည္းေရးကို အေလးထားေဖာ္ျပထားတာေၾကာင့္လည္း Christian Liberal Party က အခုလို တရားစြဲတာ ျဖစ္ဟန္တူပါတယ္။

လက္ရွိမွာေတာ့ ရဲဌာနက ဒီကိစၥကုိ ေမးျမန္းစံုစမ္းေနဆဲျဖစ္ျပီး စံုစမ္းစစ္ေဆးေရးကုိ မစတင္ရေသးေၾကာင္းနဲ႔ အခုလို ဒရာမာဇာတ္ကားေတြမွာ ပါဝင္တဲ့ မမွန္ကန္တဲ့ ျဖစ္ရပ္ေတြကုိ NSA နဲ႔ ျငိစြန္းတယ္ဆိုျပီး အျပစ္ေပးတာမ်ိဳးက ရွားပါးေၾကာင္း အသိေပးထားပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ tvN က Crush Landing On You ဇာတ္လမ္းတြဲဆက္လက္ထုတ္လႊင့္မယ့္ရက္ကုိ ေရႊ႕ဆိုင္းထားျပီး အေျခအေနတစ္ခုခုတိ္မ္းေစာင္းသြားခဲ့ရင္ ဆက္လက္ထုတ္လႊင့္ျခင္းျပဳပဲ ရပ္ဆိုင္းလုိက္ရတာမ်ိဳးလည္း ျဖစ္နုိင္ေၾကာင္း သိရပါတယ္။

အေျခအေနမေကာင္းရင္ ဗိုလ္ၾကီးရဲ႕ တည္ၾကည္ေအးခ်မ္းတဲ့ မ်က္နွာေလးကုိ ေနာက္ဘယ္ေတာ့မွထပ္ျမင္ရေတာ့မွာမဟုတ္လို႔ တစ္ကမၻာလံုးက ပရိသတ္ေတြအတြက္ေတာ့ စုိးရိမ္စရာပါပဲ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဗိုလ္ၾကီးဇာတ္လမ္းတြဲကုိ ၾကည့္ျဖစ္ၾကလား။ ဗိုလ္ၾကီးကုိ ဆက္ၾကည့္ရဖို႔ ေမွ်ာ္ေနၾကျပီလား။ tvN အေနနဲ႔ ဒီျဖစ္ရပ္ထဲက အျမန္ဆံုးရုန္းထြက္နုိင္ျပီး ဗိုလ္ၾကီးဇာတ္လမ္းတြဲကုိဆက္လက္ထုတ္လႊင့္နုိင္ပါေစလို႔ အတူတူဆုေတာင္းၾကရေအာင္ေနာ္။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here