၁၀ တန်းကျောင်းသားလေး ပျောက်နေလို့ မိဘများမှ ပူပင်သောရောက်နေ

101

(ဝိုင်းဝန်းကူညီ မျှဝေပေးကြပါရန်)

ဇန်နဝါရီ(၂၄) AlinnMyay(အလင်းမြေ)

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ကုက္ကိုစုအုပ်စု၊ ကုက္ကိုစုကျေးရွာနေ (အဖ) ဦးသန်းထွန်း၊ (အမိ) ဒေါ်ဝိုင်းကြည်တို့ ရဲ့ သား အသက် (၁၈) နှစ် အရွယ် (၁၀) တန်းကျောင်းသား မောင်ညီညီမင်းထက် သည် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ ပညာစံအိမ် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ပညာသင်ကြားနေတဲ့ ကျောင်းသား တစ်ဦးဖြစ်ကြောင်း မိဘများရဲ့ ပြောပြချက်အရသိရသည်။

ကျောင်းသား မောင်ညီညီမင်းထက်သည် ကျောင်းပိတ်ရက် အိမ်ပြန်လာကာ (၁၄.၁.၂၀၂၀) ရက်နေ့ မနက်(၈)နာရီခွဲ အချိန်ခန့် တွင် ကျောင်းဖွင့်ရက်ဖြစ်၍ ဖခင်ဖြစ်သူ ဦးသန်းထွန်းမှ သားဖြစ်သူ မောင်ညီညီမင်းထက်အား ပခုက္ကူမြို့(ပညာစံအိမ်ဘော်ဒါ) သို့ သွားရန် ရေပြာလမ်းဆုံတွင် အစိမ်းရောင်ကားတစ်စီးဖြင့် တင်ပေးလိုက်ပြီး နေအိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် (၁၇.၁.၂၀၂၀) ရက်နေ့ တွင် ဘော်ဒါဆောင်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း ကျောင်းမှ မိသားစုထံ ဆက်သွယ်အကြောင်းကြားခဲ့ရာမှ ပျောက်ဆုံးနေပြီဖြစ်ကြောင်း သိရကာ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွင် လူပျောက် အမှတ်စဉ် (၁/၂၀၂၀) ဖြင့် လူပျောက်တိုင်ကြားထားပြီးဖြစ်ကြောင်း မိသားစုဝင်များရဲ့ ပြောပြချက်အရသိရသည်။

ထို့နောက်တွင် အဆိုပါ (၁၀)တန်းကျောင်းသား မောင်ညီညီမင်းထက်သည် ပျောက်ဆုံးနေပြီး ယနေ့ အချိန်အထိ ရှာဖွေတွေရှိခြင်း မရှိ၊ အဆက်အသွယ်လည်းမရဖြစ်နေကာ မိသားစုဝင်များ အလွန်စိတ်သောကရောက်နေ၍ (၁၀)တန်းကျောင်းသား မောင်ညီညီမင်းထက်အား တွေ့ရှိသူများမှ မိသားစုထံ ဆက်သွယ် အကြောင်းကြားပေးကြဖို့ လူမှုကွန်ယက် စာမျက်နှာတွင် တင်ပြပေးပါရန် မိသားစုဝင်များနှင့် မိဘများမှ (၂၄.၁.၂၀၂၀) ရက်နေ့တွင် AlinnMyay(အလင်းမြေ)မီဒီယာသို့ အကူအညီတောင်းခံလာခဲ့ပါသည်။

“ကျွန်မသားလေးက အခုမှ ၁၈ နှစ်ထဲရောက်ကာရှိပါသေးတယ်။ ကျွန်မသားက လက်လေးတွေကလည်း လူကောင်းတွေလို မသန်မာပါဘူး။ ကျွန်မဖြင့် ဘယ်လိုနေလို့ နေရမှန်းမသိပါဘူး။ အိမ်မှာဆိုရင် နေ့လည်းထိုင်ငို ညလည်း အိပ်မရပဲ ထိုင်ငိုနေရပါတယ်။ အမြန်ဆုံးပြန်လာစေချင်ပါပြီ။ ကူညီပေးကြပါ ဆရာတို့ရယ်” လို့ ပျောက်ဆုံးနေတဲ့ ကျောင်းသား မောင်ညီညီမင်းထက်၏ မိခင်ဖြစ်သူ ဒေါ်ဝိုင်းကြည်မှ AlinnMyay(အလင်းမြေ)မီဒီယာသို့ (ငိုသံများဖြင့်) ပြောသည်။

ထို့ကြောင့် အဆိုပါပျောက်ဆုံးနေသူ အသက် (၁၈) နှစ် အရွယ် (၁၀) တန်းကျောင်းသား မောင်ညီညီမင်းထက်အား တွေ့ရှိသူများမှ ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် နှင့် ဗွီဒီယိုဖိုင်ကို ကြည့်မိသူတိုင်းကလည်း လက်ဆင့်ကမ်း မျှဝေကူညီပေးကြပါရန် AlinnMyay(အလင်းမြေ)မီဒီယာမှ မိသားစုဝင်များရဲ့ ကိုယ်စား မိဘပြည်သူများကို လေးစားစွာဖြင့် အကူအညီတောင်းခံပေးလိုက်ပါသည်။

ဆက်သွယ်ရန် ဖုန်း – 09 960859344 ၊ 09 403733096

#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ #ကျောင်းသား # လူပျောက်

Credit to AlinnMyay

(ဝိုင္းဝန္းကူညီ မၽွေဝေပးၾကပါရန္)

၁၀ တန္းေက်ာင္းသားေလး ေပ်ာက္ေနလို႔ မိဘမ်ားမွ ပူပင္ေသာေရာက္ေန

ဇန္နဝါရီ(၂၄) AlinnMyay(အလင္းေျမ)

မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႕နယ္၊ ကုကၠိဳစုအုပ္စု၊ ကုကၠိဳစုေက်းရြာေန (အဖ) ဦးသန္းထြန္း၊ (အမိ) ေဒၚဝိုင္းၾကည္တို႔ ရဲ့ သား အသက္ (၁၈) ႏွစ္ အရြယ္ (၁၀) တန္းေက်ာင္းသား ေမာင္ညီညီမင္းထက္ သည္ ပခုကၠဴၿမိဳ႕၊ အမွတ္(၁၅) ရပ္ကြက္၊ ပညာစံအိမ္ ကိုယ္ပိုင္ အထက္တန္းေက်ာင္းတြင္ ပညာသင္ၾကားေနတဲ့ ေက်ာင္းသား တစ္ဦးျဖစ္ေၾကာင္း မိဘမ်ားရဲ့ ေျပာျပခ်က္အရသိရသည္။

ေက်ာင္းသား ေမာင္ညီညီမင္းထက္သည္ ေက်ာင္းပိတ္ရက္ အိမ္ျပန္လာကာ (၁၄.၁.၂၀၂၀) ရက္ေန႔ မနက္(၈)နာရီခြဲ အခ်ိန္ခန႔္ တြင္ ေက်ာင္းဖြင့္ရက္ျဖစ္၍ ဖခင္ျဖစ္သူ ဦးသန္းထြန္းမွ သားျဖစ္သူ ေမာင္ညီညီမင္းထက္အား ပခုကၠဴၿမိဳ႕(ပညာစံအိမ္ေဘာ္ဒါ) သို႔ သြားရန္ ေရျပာလမ္းဆုံတြင္ အစိမ္းေရာင္ကားတစ္စီးျဖင့္ တင္ေပးလိုက္ၿပီး ေနအိမ္သို႔ ျပန္လာခဲ့သည္။ ထို႔ေနာက္ (၁၇.၁.၂၀၂၀) ရက္ေန႔ တြင္ ေဘာ္ဒါေဆာင္သို႔ ျပန္လည္ေရာက္ရွိလာျခင္းမရွိေၾကာင္း ေက်ာင္းမွ မိသားစုထံ ဆက္သြယ္အေၾကာင္းၾကားခဲ့ရာမွ ေပ်ာက္ဆုံးေနၿပီျဖစ္ေၾကာင္း သိရကာ သက္ဆိုင္ရာ နယ္ေၿမ ရဲစခန္းတြင္ လူေပ်ာက္ အမွတ္စဥ္ (၁/၂၀၂၀) ျဖင့္ လူေပ်ာက္တိုင္ၾကားထားၿပီးျဖစ္ေၾကာင္း မိသားစုဝင္မ်ားရဲ့ ေျပာျပခ်က္အရသိရသည္။

ထို႔ေနာက္တြင္ အဆိုပါ (၁၀)တန္းေက်ာင္းသား ေမာင္ညီညီမင္းထက္သည္ ေပ်ာက္ဆုံးေနၿပီး ယေန႔ အခ်ိန္အထိ ရွာေဖြေတြရွိျခင္း မရွိ၊ အဆက္အသြယ္လည္းမရျဖစ္ေနကာ မိသားစုဝင္မ်ား အလြန္စိတ္ေသာကေရာက္ေန၍ (၁၀)တန္းေက်ာင္းသား ေမာင္ညီညီမင္းထက္အား ေတြ႕ရွိသူမ်ားမွ မိသားစုထံ ဆက္သြယ္ အေၾကာင္းၾကားေပးၾကဖို႔ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ တင္ျပေပးပါရန္ မိသားစုဝင္မ်ားႏွင့္ မိဘမ်ားမွ (၂၄.၁.၂၀၂၀) ရက္ေန႔တြင္ AlinnMyay(အလင္းေျမ)မီဒီယာသို႔ အကူအညီေတာင္းခံလာခဲ့ပါသည္။

“ကၽြန္မသားေလးက အခုမွ ၁၈ ႏွစ္ထဲေရာက္ကာရွိပါေသးတယ္။ ကၽြန္မသားက လက္ေလးေတြကလည္း လူေကာင္းေတြလို မသန္မာပါဘူး။ ကၽြန္မျဖင့္ ဘယ္လိုေနလို႔ ေနရမွန္းမသိပါဘူး။ အိမ္မွာဆိုရင္ ေန႔လည္းထိုင္ငို ညလည္း အိပ္မရပဲ ထိုင္ငိုေနရပါတယ္။ အျမန္ဆုံးျပန္လာေစခ်င္ပါၿပီ။ ကူညီေပးၾကပါ ဆရာတို႔ရယ္” လို႔ ေပ်ာက္ဆုံးေနတဲ့ ေက်ာင္းသား ေမာင္ညီညီမင္းထက္၏ မိခင္ျဖစ္သူ ေဒၚဝိုင္းၾကည္မွ AlinnMyay(အလင္းေျမ)မီဒီယာသို႔ (ငိုသံမ်ားျဖင့္) ေျပာသည္။

ထို႔ေၾကာင့္ အဆိုပါေပ်ာက္ဆုံးေနသူ အသက္ (၁၈) ႏွစ္ အရြယ္ (၁၀) တန္းေက်ာင္းသား ေမာင္ညီညီမင္းထက္အား ေတြ႕ရွိသူမ်ားမွ ေဖာ္ျပပါ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ အေၾကာင္းၾကားေပးၾကပါရန္ ႏွင့္ ဗြီဒီယိုဖိုင္ကို ၾကည့္မိသူတိုင္းကလည္း လက္ဆင့္ကမ္း မၽွေဝကူညီေပးၾကပါရန္ AlinnMyay(အလင္းေျမ)မီဒီယာမွ မိသားစုဝင္မ်ားရဲ့ ကိုယ္စား မိဘျပည္သူမ်ားကို ေလးစားစြာျဖင့္ အကူအညီေတာင္းခံေပးလိုက္ပါသည္။

ဆက္သြယ္ရန္ ဖုန္း – 09 960859344 ၊ 09 403733096

#AlinnMyay(အလင္းေျမ) ျပည္သူ႔ ကူညီေရးႏွင့္ သတင္းမွန္ မီဒီယာ #ေက်ာင္းသား # လူေပ်ာက္


Credit to AlinnMyay

LEAVE A REPLY

Please enter your comment!
Please enter your name here