သွားတိုက်ဆေးညှစ် တဲ့ပုံစံကိုကြည့်ပြီး စိတ်နေသဘောထားကို ပြောပြနိုင်တဲ့ နည်းလမ်းတွေ

62

စိတ်ပညာရှင်တွေရဲ့စကားအရ သင့်အပြုအမူတွေရဲ့၄၀ ရာခိုင်နှုန်းဟာ အလေ့အကျင့်တွေပါပဲ။ သင့်နေစဉ်လုပ်နေတဲ့ အကြောင်းတွေများစွာရှိပြီး ဒီအကြောင်းအရာတွေကပဲ သင့် ယခု စိတ်နေသဘောထားကိုသိနိုင်သလို နဂိုစိတ်ရင်းကိုလည်း သိနိုင်ပါတယ်။

၁။ အနောက်ကနေ လိပ်ပြီး ညှစ်တဲ့ပုံစံ

ဒီလို သွားတိုက်ဆေး ညှစ်တတ်ရင်တော့ သင်ဟာ သေသပ်တဲ့သူတစ်ဦးဖြစ်ပြီး ပိုင်ဆိုင်မှုတွေကို အလေးထားသူတစ်ယောက်ပေါ့။ ဒါ့အပြင် သူငယ်ချင်း အပေါင်းအသင်းတွေကိုလည်း ဂရုစိုက်တတ်သူတစ်ယောက်ပေါ့။ ဒါ့အပြင် သင်ဟာ ဘာကိုမှ အလကား မဖြုန်းတီးချင်သူတစ်ယောက် ဖြစ်ပါတယ်။ အလုပ်ကြိုးစားကာ သေချာလုပ်တတ်သူဖြစ်တာမို့ အများရဲ့ အားထားမှုကို ခံနေရသူတစ်ယောက်ပါ။ သင့်အိမ်ကလည်း အမြဲသန့်ရှင်းနေမှာဖြစ်ပြီး သင့်ဘဝက အလွန် စည်းစနစ် ကျနေမှာဖြစ်ပါတယ်။

၂။ အလယ်ကနေ ညှစ်ပြီး သုံးတတ်သူ

သင်ဟာ လက်တွေ့ကျသူဖြစ်ပြီး အမြဲအလျင်လိုနေတတ်သူပါ။ သင်ဟာစိန်ခေါ်မှုတိုင်းကိုရင်ဆိုင်နိုင်သူဖြစ်ပေမယ့် အမြဲသေသေသပ်သပ် နေတတ်သူတစ်ဦးတော့မဟုတ်ပါဘူး။ သင်ဟာ ဖော်ရွေသူတစ်ဦးလည်း ဖြစ်ပြီးသူငယ်ချင်းအပေါင်းအသင်း ဝင်ဆံ့သူပေါ့။ ဒါ့အပြင်ဘဝကို balance ညီအောင် ထိန်းကျောင်းနိုင်သူတစ်ဦးပါ။

၃။ ထိပ်ကနေ ညှစ်ပြီး သုံးတတ်သူ

သင်ဟာ လွယ်လွယ်နဲ့ အလျှော့မပေးတတ်သူဖြစ်ပြီးအောင်မြင်မှုပန်းတိုင်ရောက်ဖို့ အမြဲကြိုးစားနေသူပေါ့။အယုံမလွယ်တတ်ဘဲ သင့်ကိုယ်သင် အားကိုးတတ်သူတစ်ယောက်ပေါ့။ သင့်ကိုယ်သင်ထိန်းချုပ်နိုင်သလိုကိုယ့်ကိုယ်ကိုချစ်တဲ့ လူပါ။ ဒါပေမယ့် တစ်ကိုယ်ကောင်းမဆန်ဖို့နဲ့ အခြားသူတွေကို သင်ကောင်းစားဖို့အသုံးမချမိဖို့တော့လိုမယ်နော်။

၄။ မသုံးပဲ ဒီတိုင်းသိမ်းထားသူ

ဒါဆိုရင်တော့ သင်ဟာ တစ်ယောက်တည်းနေရတာကြိုက်ပြီး စိတ်ကူးယဉ်တတ်သူပေါ့။ သင်ဟာ သိမ်မွေ့တယ် ဘဝကိုအေးဆေးဖြတ်သန်းတယ် စိတ်ရှည်တယ်ဆုံးဖြတ်တွေးတောနိုင်စွမ်း ရှိသူတစ်ယောက်ဖြစ်တယ်။

သင်ဟာ အတွေးတွေ အိပ်မက်တွေနဲ့ ပျော်မွေ့နေသူဖြစ်ပြီး သင့်စိတ်ကူးတွေကို သူငယ်ချင်းတွေဆီ အမြဲပြောပြချင်နေတတ်ပါတယ်။

၄။ နေရာမျိုးစုံက ညှစ်သုံးသူ

ဒါဆိုရင်တော့ သင်ဟာ ပွင့်လင်းသူတစ်ယောက်ဖြစ်ပြီးဘယ်အချိန်မှာဖြစ်ဖြစ်အလှတရားကိုရှာဖွေနိုင်သူပါ။ သင်ဟာလည်း အမြဲသပ်သပ်ရက်ရက်နေတတ်သူမျိုးမဟုတ်ဘဲ ကမ္ဘာကြီးကို ရှု့ထောင့်အမျိုးမျိုးက ကြည့်တတ်သူပေါ့။ ဒါ့အပြင် အနုပညာဆန်သူဖြစ်ပြီး ဖန်တီးနိုင်စွမ်းမြင့်မားသူပေါ့။

သင်ကော သွားတိုက်ဆေး ဘယ်လို ညှစ်သလဲ။ အထက်က အကြောင်းအရာတွေနဲ့ကော ကိုက်ညီရဲ့လား။သင့် သူငယ်ချင်းတွေကို မျှဝေဖို့လည်းမမေ့နဲ့နော်။

Writer – Min Thu (XYZ News)

သြားတိုက္ေဆးညႇစ္ တဲ့ပုံစံကိုၾကည့္ၿပီး စိတ္ေနသေဘာထားကို ေျပာျပႏိုင္တဲ့ နည္းလမ္းေတြ

စိတ္ပညာရွင္ေတြရဲ႕စကားအရ သင့္အျပဳအမူေတြရဲ႕၄၀ ရာခိုင္ႏႈန္းဟာ အေလ့အက်င့္ေတြပါပဲ။ သင့္ေနစဥ္လုပ္ေနတဲ့ အေၾကာင္းေတြမ်ားစြာရွိၿပီး ဒီအေၾကာင္းအရာေတြကပဲ သင့္ ယခု စိတ္ေနသေဘာထားကိုသိႏိုင္သလို နဂိုစိတ္ရင္းကိုလည္း သိႏိုင္ပါတယ္။

၁။ အေနာက္ကေန လိပ္ၿပီး ညႇစ္တဲ့ပုံစံ

ဒီလို သြားတိုက္ေဆး ညႇစ္တတ္ရင္ေတာ့ သင္ဟာ ေသသပ္တဲ့သူတစ္ဦးျဖစ္ၿပီး ပိုင္ဆိုင္မႈေတြကို အေလးထားသူတစ္ေယာက္ေပါ့။ ဒါ့အျပင္ သူငယ္ခ်င္း အေပါင္းအသင္းေတြကိုလည္း ဂ႐ုစိုက္တတ္သူတစ္ေယာက္ေပါ့။ ဒါ့အျပင္ သင္ဟာ ဘာကိုမွ အလကား မျဖဳန္းတီးခ်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ အလုပ္ႀကိဳးစားကာ ေသခ်ာလုပ္တတ္သူျဖစ္တာမို႔ အမ်ားရဲ႕ အားထားမႈကို ခံေနရသူတစ္ေယာက္ပါ။ သင့္အိမ္ကလည္း အၿမဲသန႔္ရွင္းေနမွာျဖစ္ၿပီး သင့္ဘဝက အလြန္ စည္းစနစ္ က်ေနမွာျဖစ္ပါတယ္။

၂။ အလယ္ကေန ညႇစ္ၿပီး သုံးတတ္သူ

သင္ဟာ လက္ေတြ႕က်သူျဖစ္ၿပီး အၿမဲအလ်င္လိုေနတတ္သူပါ။ သင္ဟာစိန္ေခၚမႈတိုင္းကိုရင္ဆိုင္ႏိုင္သူျဖစ္ေပမယ့္ အၿမဲေသေသသပ္သပ္ ေနတတ္သူတစ္ဦးေတာ့မဟုတ္ပါဘူး။ သင္ဟာ ေဖာ္ေ႐ြသူတစ္ဦးလည္း ျဖစ္ၿပီးသူငယ္ခ်င္းအေပါင္းအသင္း ဝင္ဆံ့သူေပါ့။ ဒါ့အျပင္ဘဝကို balance ညီေအာင္ ထိန္းေက်ာင္းႏိုင္သူတစ္ဦးပါ။

၃။ ထိပ္ကေန ညႇစ္ၿပီး သုံးတတ္သူ

သင္ဟာ လြယ္လြယ္နဲ႔ အေလွ်ာ့မေပးတတ္သူျဖစ္ၿပီးေအာင္ျမင္မႈပန္းတိုင္ေရာက္ဖို႔ အၿမဲႀကိဳးစားေနသူေပါ့။အယုံမလြယ္တတ္ဘဲ သင့္ကိုယ္သင္ အားကိုးတတ္သူတစ္ေယာက္ေပါ့။ သင့္ကိုယ္သင္ထိန္းခ်ဳပ္ႏိုင္သလိုကိုယ့္ကိုယ္ကိုခ်စ္တဲ့ လူပါ။ ဒါေပမယ့္ တစ္ကိုယ္ေကာင္းမဆန္ဖို႔နဲ႔ အျခားသူေတြကို သင္ေကာင္းစားဖို႔အသုံးမခ်မိဖို႔ေတာ့လိုမယ္ေနာ္။

၄။ မသုံးပဲ ဒီတိုင္းသိမ္းထားသူ

ဒါဆိုရင္ေတာ့ သင္ဟာ တစ္ေယာက္တည္းေနရတာႀကိဳက္ၿပီး စိတ္ကူးယဥ္တတ္သူေပါ့။ သင္ဟာ သိမ္ေမြ႕တယ္ ဘဝကိုေအးေဆးျဖတ္သန္းတယ္ စိတ္ရွည္တယ္ဆုံးျဖတ္ေတြးေတာႏိုင္စြမ္း ရွိသူတစ္ေယာက္ျဖစ္တယ္။

သင္ဟာ အေတြးေတြ အိပ္မက္ေတြနဲ႔ ေပ်ာ္ေမြ႕ေနသူျဖစ္ၿပီး သင့္စိတ္ကူးေတြကို သူငယ္ခ်င္းေတြဆီ အၿမဲေျပာျပခ်င္ေနတတ္ပါတယ္။

၄။ ေနရာမ်ိဳးစုံက ညႇစ္သုံးသူ

ဒါဆိုရင္ေတာ့ သင္ဟာ ပြင့္လင္းသူတစ္ေယာက္ျဖစ္ၿပီးဘယ္အခ်ိန္မွာျဖစ္ျဖစ္အလွတရားကိုရွာေဖြႏိုင္သူပါ။ သင္ဟာလည္း အၿမဲသပ္သပ္ရက္ရက္ေနတတ္သူမ်ိဳးမဟုတ္ဘဲ ကမာၻႀကီးကို ရႈ႕ေထာင့္အမ်ိဳးမ်ိဳးက ၾကည့္တတ္သူေပါ့။ ဒါ့အျပင္ အႏုပညာဆန္သူျဖစ္ၿပီး ဖန္တီးႏိုင္စြမ္းျမင့္မားသူေပါ့။

သင္ေကာ သြားတိုက္ေဆး ဘယ္လို ညႇစ္သလဲ။ အထက္က အေၾကာင္းအရာေတြနဲ႔ေကာ ကိုက္ညီရဲ႕လား။သင့္ သူငယ္ခ်င္းေတြကို မွ်ေဝဖို႔လည္းမေမ့နဲ႔ေနာ္။

Writer – Min Thu (XYZ News)

LEAVE A REPLY

Please enter your comment!
Please enter your name here