လူတွေ သိပ်မမြင်တဲ့နေရာမှာပဲ တက်တူးထိုးတော့မှာပါဆိုတဲ့ ပိုင်တံခွန်

0
70

လက်တလော ပျိုမေတို့ အသဲစွဲ ရေပန်းစားနေတဲ့ ခပ်မိုက်မိုက်စတိုင်လ်တွေနဲ့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကိုတော့ သိကြမယ် ထင်ပါတယ်။ ပိုင်တံခွန်ကတော့ ခပ်မိုက်မိုက်လူငယ် စတိုင်လ်နဲ့ တက်တူးတွေကိုလည်း နှစ်သက်တဲ့သူတယောက်ဖြစ်ပြီး တက်တူးထိုးရတာကိုလည်း ကြိုက်တယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။

ထို့နောက်ပိုင်တံခွန်ကတော့ သူလတ်တလောလှုပ်ရှားနေတဲ့ အနုပညာအကြောင်းကိုလည်း ပြောကြားသွားပြီး သူရိုက်ချင်တဲ့ ကာရိုက်တာပုံစံလေးတွေကိုလည်း ပြောကြားသွား ခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ အင်တာဗျုးမှာ တက်တူးကအရင်ထဲကကြိုက်တာလားဆိုတဲ့ မေးခွန်းကိုတော့ “တက်တူးက အရင်ထဲကကြိုက်တာနောက်ပိုင်းကျတော့ တက်တူးထိုးရတဲ့ Feelingလေးကို တဖြည်းဖြည်းနဲ့ ကြိုက်လာတယ် ထွေထွေထူးထူး ဘာမှမရှိ တခုဘဲ Promise ဆိုတာလေးဘဲ ကျန်တဲ့ဟာတွေက ကိုယ်ကြိုက်လို့လျှောက်ထိုးတာပါ။

သူများတွေ ကတော့သိပ်မကြိုက်ဘူး တက်တူးကတော့ ကိုယ်ကြိုက်ဖို့ဘဲလိုတာပါ။ နောက်ဆိုလူတွေ သိပ်မမြင်တဲ့ နေရာမှာဘဲထိုးတော့မှာပါ အခုဆို အဝတ်စားတွေ ဝတ်ထားတဲ့နေရာတွေဆို မမြင်ရဘူးလေ အဲ့နေရာတွေမှာထိုးမယ် အဓိကကတော့ ကျွန်တော်လုပ်နေတဲ့ အလုပ်ကြောင့်ပေါ့ တက်တူးကျတော့ ကြိုက်တဲ့လူရှိတယ် မကြိုက်တဲ့လူရှိတယ် မကြိုက်တဲ့လူတွေကျ အားနာလို့ပေါ့နော်”

လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ပရိတ်သတ် အားပေးကျိုးနပ်အောင် အမြဲတမ်းကြိုးစားနေပါတယ်လို့ ဖြေကြားပေးခဲ့ပါတယ်။ ဆံပင်တွေကတော့ ညှပ်ဖို့လုပ်ထားတာပါ ညှပ်ဖို့လုပ်ရင်း ကားရိုတ်လက်ခံထားတာ အဲ့ကားမှာကျွန်တော် ဆံပင်ရှည်နဲ့ဘဲဝင်ရမှာ ဆံပင်ရှည်နဲ့ဘဲ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဆံပင်ကတော့ညှပ်လို့မရသေးဘူးဗျ။

ဘယ်လိုကာရိုတ်တာဖြစ်မလဲဆိုတော့ ဆိုက်ကိုလေးတွေလဲပါမယ်ဗျ လူငယ်ဆန်တဲ့အခန်းလေးတွေပါမယ်။ ကျွန်တော်က ဆိုက်ကိုဘဲဗျ ယူထားတဲဘာသာလဲ ဆိုက်ကိုဘဲဆိုတော့လေ” ဟု ဖြေကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးထဲမှာလည်း ပိုင်တံခွန်ကို အားပေးကြတဲ့သူတွေပါကြမယ် ထင်တယ်နော်။

KT (ApannPyay)