မကြာခဏ မေ့တက်ရင် ဒီအစားစာ (၅)မျိုးစားပေးပါ

124

တစ်ခုခုလုပ်မလို့ပြင်နေပြီးမှ ဘာလုပ်မလို့ပါလိမ့်ဆိုပြီး မေ့နေဖူးပါသလား။ တစ်ခုခုပြောမလို့လုပ်ပြီးမှ ဘာပြောမလို့ပါလိမ့်ဆိုပြီး မေ့နေဖူးပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့မှတ်ဉာဏ်နဲ့ပတ်သက်လို့ ချို့ယွင်းမှုတွေရှိနေပြီး အသက်ကြီးလာရင် သတိမေ့ရောဂါဖြစ်နိုင်ချေများနေပါတယ်။ ဒီတော့ မှတ်ဉာဏ်ကောင်းစေပြီး သတိမေ့ရောဂါမဖြစ်အောင်ကာကွယ်ဖို့ ဒီအစားအစာလေးတွေပုံမှန်စားပေးကြရအောင်နော်

(၁) ဘယ်ရီသီးများ

ဘယ်ရီသီးတွေမှာပါဝင်တဲ့ flavonoids ဆိုတဲ့ဓာတ်က မှတ်ဉာဏ်တိုးတက်မှုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် မကြာခဏမေ့တတ်နေရင် ဘယ်ရီသီးတွေများများစားပေးပါ။

(၂) အခွံမာသီးများ

အခွံမာသီးမှာပါဝင်တဲ့ အမျှင်ဓာတ်၊ ကျန်းမာရေးအတွက်အကျိုးပြုတဲ့အဆီဓာတ်၊ Antioxidant များနဲ့ ဗီတာမင် အီးတို့က မှတ်ဉာဏ်ကို သိသိသာသာတိုးတက်စေတဲ့အစွမ်းရှိတာကြောင့် အခွံမာသီးတွေ၊ အစေ့အဆန်တွေကို သရေစာအနေနဲ့စားပေးနိုင်ပါတယ်။

(၃) အစိမ်းရောင်အရွက်များ

အစိမ်းရောင်အရွက်တွေမှာ မှတ်ဉာဏ်ပြန်လည်ကောင်းမွန်စေတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့် ထမင်းစားတိုင်း အစိမ်းရောင်အရွက်ပါအောင်စားပေးမယ်ဆိုရင် သတိမေ့တတ်တာကနေ တဖြည်းဖြည်းသတိပြန်ကောင်းလာမယ်၊ မှတ်ဉာဏ်လည်းပြန်ကောင်းလာပါလိမ့်မယ်။

(၄) သံလွင်ဆီ

မကြာခဏမေ့တတ်နေတဲ့အခါ တခြားဆီတွေသုံးတာကိုလျှော့ပြီး သံလွင်ဆီကိုအစားထိုးသုံးကြည့်ပါ။ သံလွင်ဆီက မှတ်ဉာဏ်ကောင်းစေရုံတင်မကဘဲ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ရစေနိုင်ပါတယ်။

(၅) ငါး

ငါးမှာ ဦးနှောက်ကိုကျန်းမာစေတဲ့ Vitamin B6 နဲ့ B12 ပါဝင်တာကြောင့် တစ်ပတ်မှာ နှစ်ကြိမ်လောက် ငါးစားပေးခြင်းဖြင့် မှတ်ဉာဏ်ကိုတိုးတက်စေပြီး အသက်ကြီးလာချိန် သတိမေ့ရောဂါမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

ရှောင်ရမယ့်အစားအစာများ

မကြာခဏမေ့တတ်လွန်းတဲ့သူတွေက အနီရောင်အသား၊ ထောပတ်၊ ချိစ်၊ သကြား စတာတွေကို အထူးရှောင်ရှားသင့်ပါတယ်။

Credit

မၾကာခဏ ေမ့တက္ရင္ ဒီအစားစာ (၅)မ်ိဳးစားေပးပါ

တစ္ခုခုလုပ္မလို႕ျပင္ေနျပီးမွ ဘာလုပ္မလို႕ပါလိမ့္ဆိုျပီး ေမ့ေနဖူးပါသလား။ တစ္ခုခုေျပာမလို႕လုပ္ျပီးမွ ဘာေျပာမလို႕ပါလိမ့္ဆိုျပီး ေမ့ေနဖူးပါသလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕မွတ္ဉာဏ္နဲ႕ပတ္သက္လို႕ ခ်ိဳ႕ယြင္းမႈေတြရွိေနျပီး အသက္ၾကီးလာရင္ သတိေမ့ေရာဂါျဖစ္နိုင္ေခ်မ်ားေနပါတယ္။ ဒီေတာ့ မွတ္ဉာဏ္ေကာင္းေစျပီး သတိေမ့ေရာဂါမျဖစ္ေအာင္ကာကြယ္ဖို႕ ဒီအစားအစာေလးေတြပံုမွန္စားေပးၾကရေအာင္ေနာ္

(၁) ဘယ္ရီသီးမ်ား

ဘယ္ရီသီးေတြမွာပါဝင္တဲ့ flavonoids ဆိုတဲ့ဓာတ္က မွတ္ဉာဏ္တိုးတက္မႈအတြက္ အေကာင္းဆံုးေထာက္ပံ့ေပးနိုင္တာေၾကာင့္ မၾကာခဏေမ့တတ္ေနရင္ ဘယ္ရီသီးေတြမ်ားမ်ားစားေပးပါ။

(၂) အခြံမာသီးမ်ား

အခြံမာသီးမွာပါဝင္တဲ့ အမွ်င္ဓာတ္၊ က်န္းမာေရးအတြက္အက်ိဳးျပဳတဲ့အဆီဓာတ္၊ Antioxidant မ်ားနဲ႕ ဗီတာမင္ အီးတို႕က မွတ္ဉာဏ္ကို သိသိသာသာတိုးတက္ေစတဲ့အစြမ္းရွိတာေၾကာင့္ အခြံမာသီးေတြ၊ အေစ့အဆန္ေတြကို သေရစာအေနနဲ႕စားေပးနိုင္ပါတယ္။

(၃) အစိမ္းေရာင္အရြက္မ်ား

အစိမ္းေရာင္အရြက္ေတြမွာ မွတ္ဉာဏ္ျပန္လည္ေကာင္းမြန္ေစတဲ့ ဗီတာမင္နဲ႕သတၱုဓာတ္ေတြပါဝင္တာေၾကာင့္ ထမင္းစားတိုင္း အစိမ္းေရာင္အရြက္ပါေအာင္စားေပးမယ္ဆိုရင္ သတိေမ့တတ္တာကေန တျဖည္းျဖည္းသတိျပန္ေကာင္းလာမယ္၊ မွတ္ဉာဏ္လည္းျပန္ေကာင္းလာပါလိမ့္မယ္။

(၄) သံလြင္ဆီ

မၾကာခဏေမ့တတ္ေနတဲ့အခါ တျခားဆီေတြသံုးတာကိုေလွ်ာ့ျပီး သံလြင္ဆီကိုအစားထိုးသံုးၾကည့္ပါ။ သံလြင္ဆီက မွတ္ဉာဏ္ေကာင္းေစရံုတင္မကဘဲ တျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြကိုပါ ရေစနိုင္ပါတယ္။

(၅) ငါး

ငါးမွာ ဦးေႏွာက္ကိုက်န္းမာေစတဲ့ Vitamin B6 နဲ႕ B12 ပါဝင္တာေၾကာင့္ တစ္ပတ္မွာ နွစ္ၾကိမ္ေလာက္ ငါးစားေပးျခင္းျဖင့္ မွတ္ဉာဏ္ကိုတိုးတက္ေစျပီး အသက္ၾကီးလာခ်ိန္ သတိေမ့ေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

ေရွာင္ရမယ့္အစားအစာမ်ား

မၾကာခဏေမ့တတ္လြန္းတဲ့သူေတြက အနီေရာင္အသား၊ ေထာပတ္၊ ခ်ိစ္၊ သၾကား စတာေတြကို အထူးေရွာင္ရွားသင့္ပါတယ္။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here