ပျောက်ဆုံးနေတဲ့ (၁၀)တန်းကျောင်းသားလေး ပြန်မတွေ့ပါက ကိုယ်ပိုင်အထက်တန်းကျောင်းကို တရားစွဲမည်ဟု မိသားစုဝင်များပြော

62

ဇန်နဝါရီ(၂၇) AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ခေါ်သန္တီ ကျေးရွာ ဦးနိုင်မြင့်၊ ဒေါ်ခင်မာ တို့၏ သားဖြစ်သူ (၁၀) တန်းကျောင်းသား မောင်ဇေယျာမင်း (၁၇) နှစ်သည် စစ်ကိုင်းတိုင်းဒေသကြီး ထန်းတစ်ပင် ဇီးကုန်းမြို့ အောင်သိဒ္ဓိရပ်ကွက်ရှိ အားသစ်မာန် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် အဆောင်နေကာ ပညာသင်ကြားနေရာမှ နို်ဝင်ဘာလ ၂၀ ရက် ၂၀၁၉ နေ့တွင် စတင်ပျောက်ဆုံးကာ ယနေ့အချိန်အထိ အဆက်အသွယ်မရပဲ ရှာဖွေတွေ့ရှိခြင်းမရှိကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှာ ပျောက်ဆုံးသည့်နေ့ မတိုင်ခင် (၁၀) တန်းကျောင်းသားမောင်ဇေယျာမင်းမှာ ကျောင်းစည်းကမ်းများ လိုက်နာမှု အားနည်းခြင်းတို့ကြောင့်ဟုဆိုကာ ကျောင်းက ဆရာကြီးများမှ မိဘများကို သတိပေးရန်ခေါ်ယူခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပျောက်ဆုံးသည့်နေ့တွင် မိဘများမှ ကျောင်းကို ရောက်ရှိလာချိန်တွင် ကျောင်းသားဖြစ်သူ မောင်ဇေယျာမင်း မှာ ကျောင်းတွင်မရှိတော့ပဲ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းသားလေး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်ခင်မာနှင့် အဒေါ်ဖြစ်သူ ဒေါ်ခင်လှိုင်ဝင်းတို့မှ မန္တလေးမြို့ ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ နှင့် စစ်ကိုင်းတိုင်းဒေသကြီး တလိုင်းကျေးရွာနေ ဦးအောင်မြတ်မင်းတို့၏ အကူအညီဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်တွေ့ဆုံ အကူအညီတောင်းခံကာ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၏ အကြံပေးချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့တွင် ပျောက်ဆုံးနေသူ ဆယ်တန်းကျောင်းသား မောင်ဇေယျာမင်း (၁၇) နှစ်သည် (၂) လ ကျော်လွန်သည်အထိ တာဝန်ရှိသူ ကိုယ်ပိုင်ကျောင်းမှလည်းကောင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှလည်းကောင်း တစ်စုံတရာ ထိရောက်အောင် ဆောင်ရွက်ပေးခြင်း မရှိပါသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မောင်ဇေယျာမင်း ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်ပါရန် အသနားခံတင်ပြခဲ့ကြောင်း သိရသည်။

“ကျမသားလေး ပျောက်တာ (၂) ကျော်ပါပြီ ဘာမှ ထူးခြားမှုမရှိလာသေးပါဘူး၊ ဒီလိုမျိုးတွေ အကူအညီတောင်းနေရဲ့သားနဲ့ မှ ထူးခြားမှု မရှိခဲ့ဘူးဆိုရင် ကျမတို့ဘက်က အဲ့ဒီကိုယ်ပိုင် အထက်တန်းကျောင်းကို မိဘတစ်ယောက်အနေနဲ့ ကျမက တရားစွဲဆိုမှာပါ” လို့ မိခင်ဖြစ်သူ ဒေါ်ခင်မာမှ AlinnMyay(အလင်းမြေ) မီဒီယာသို့ ပြောသည်။

အဆိုပါ ပျောက်ဆုံးနေတဲ့ ဆယ်တန်းကျောင်းသား မောင်ဇေယျာမင်း နှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ထန်းတစ်ပင် ဇီးကုန်းမြို့ အောင်သိဒ္ဓိရပ်ကွက်ရှိ အားသစ်မာန် ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇေယျအောင်ကို AlinnMyay(အလင်းမြေ) မီဒီယာမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ကျောင်းအုပ်ဆရာကြီး ဦးဇေယျအောင်မှ (၁၀) တန်းကျောင်းသား မောင်ဇေယျာမင်း နှင့်ပတ်သက်၍ ပျောက်ဆုံးပုံများကို ပြောကြားခဲ့ပြီး၊ သူ့အနေနဲ့ ကြိုးစားဆောင်ရွက် လိုက်လံ ရှာဖွေပေးခဲ့ကြောင်း၊ မိသားစုများမှ တရားစွဲမည်ဆိုပါကလည်း ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အခုလို လိုက်ပါကူညီဆောင်ရွက်ပေးနေရတဲ့ အဓိက ရည်ရွယ်ချက်က ပျောက်ဆုံးသွားတဲ့ မောင်ဇေယျာမင်း နှင့် သူ့မိသားစုတစ်ခုထဲအတွက် မဟုတ်ပါဘူး၊ အလားတူ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိနေတဲ့ အခြား ဘယ်ကိုယ်ပိုင်ကျောင်းက ကလေးမျိုးဖြစ်စေ ဒီလိုမျိုး လစ်လျူရှုတာတွေ အဲ့ဒီလို ဖြစ်စဉ်တွေ နောက်နောင်မှာ ဖြစ်ပေါ်မလာဖို့ အတွက် အားလုံးကို သတိရှိစေချင်တဲ့ ဆန္ဒလည်း အများကြီးပါပါတယ်၊ အဓိက ရည်ရွယ်ချက်က အဲ့ဒါပါ” လို့ မန္တလေးမြို့ ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ မှ AlinnMyay(အလင်းမြေ) မီဒီယာသို့ ပြောသည်။

“ကျွန်တော်တို့ကတော့ လူတစ်ဦးတစ်ယောက် ပျောက်သွားပြီဆိုရင် ကိုယ့်ဆွေမျိုးသားချင်းထဲက ပျောက်သွားသလို ကျွန်တော်တို့ကခံစားရတယ်၊ ခံစားရတော့ မည်သူမည်ဝါမဆို ကျွန်တော်တို့ကတော့ အကူအညီပေးတယ်၊ ကိုယ့်စရိတ်ကိုယ်စားပြီး အကူအညီပေးတယ်၊ အစိုးရဆိုတာ အစိုးရလက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ရှိမယ်၊ နောက် အခြားပညာရေးဆိုလည်း ပညာရေးပိုင်းမှာ ပြည်သူ့လာစာယူထားတဲ့ ဝန်ထမ်းတွေရှိမယ်၊ အဲ့တော့ တာဝန်ယူမှု တာဝန်ခံမှုလေးနဲ့ ကျွန်တော်တို့ လာစာ ယူမထားတဲ့သူတွေတောင်မှ ဒီလိုကိစ္စမျိုးကို လုပ်ပေးနေတာပဲ အဲ့တော့ ပြည်သူ့လစာယူထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဒီဟာကို ထိထိရောက်ရောက်ဖြစ်အောင် ကျောင်းအနေနဲ့ရော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ရော ဒီဟာကို ထိထိရောက်ရောက်ဖြစ်အောင် ရှာဖွေပေးပါလို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်” လို့ လိုက်ပါကူညီဆေင်ရွက်ပေးသူ ဦးအောင်မြတ်မင်းမှ ပြောသည်။

#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ

Credit to AlinnMyay

ေပ်ာက္ဆုံးေနတဲ့ (၁၀)တန္းေက်ာင္းသားေလး ျပန္မေတြ႕ပါက ကိုယ္ပိုင္အထက္တန္းေက်ာင္းကို တရားစြဲမည္ဟု မိသားစုဝင္မ်ားေျပာ

ဇန္နဝါရီ(၂၇) AlinnMyay(အလင္းေျမ)

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန႔္ဘလူၿမိဳ႕နယ္၊ ေခၚသႏၲီ ေက်းရြာ ဦးနိုင္ျမင့္၊ ေဒၚခင္မာ တို႔၏ သားျဖစ္သူ (၁၀) တန္းေက်ာင္းသား ေမာင္ေဇယ်ာမင္း (၁၇) ႏွစ္သည္ စစ္ကိုင္းတိုင္းေဒသႀကီး ထန္းတစ္ပင္ ဇီးကုန္းၿမိဳ႕ ေအာင္သိဒၶိရပ္ကြက္ရွိ အားသစ္မာန္ ကိုယ္ပိုင္ အထက္တန္းေက်ာင္းတြင္ အေဆာင္ေနကာ ပညာသင္ၾကားေနရာမွ နို္ဝင္ဘာလ ၂၀ ရက္ ၂၀၁၉ ေန႔တြင္ စတင္ေပ်ာက္ဆုံးကာ ယေန႔အခ်ိန္အထိ အဆက္အသြယ္မရပဲ ရွာေဖြေတြ႕ရွိျခင္းမရွိေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္မွာ ေပ်ာက္ဆုံးသည့္ေန႔ မတိုင္ခင္ (၁၀) တန္းေက်ာင္းသားေမာင္ေဇယ်ာမင္းမွာ ေက်ာင္းစည္းကမ္းမ်ား လိုက္နာမႈ အားနည္းျခင္းတို႔ေၾကာင့္ဟုဆိုကာ ေက်ာင္းက ဆရာႀကီးမ်ားမွ မိဘမ်ားကို သတိေပးရန္ေခၚယူခဲ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ေပ်ာက္ဆုံးသည့္ေန႔တြင္ မိဘမ်ားမွ ေက်ာင္းကို ေရာက္ရွိလာခ်ိန္တြင္ ေက်ာင္းသားျဖစ္သူ ေမာင္ေဇယ်ာမင္း မွာ ေက်ာင္းတြင္မရွိေတာ့ပဲ ေပ်ာက္ဆုံးေနခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်ာင္းသားေလး ေပ်ာက္ဆုံးေနမႈႏွင့္ ပတ္သက္ၿပီး မိခင္ျဖစ္သူ ေဒၚခင္မာႏွင့္ အေဒၚျဖစ္သူ ေဒၚခင္လွိုင္ဝင္းတို႔မွ မႏၲေလးၿမိဳ႕ ေဝဇယႏၲာလူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္စြာ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး တလိုင္းေက်းရြာေန ဦးေအာင္ျမတ္မင္းတို႔၏ အကူအညီျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးသို႔ သြားေရာက္ေတြ႕ဆုံ အကူအညီေတာင္းခံကာ စစ္ကိုင္းတိုင္းေဒသႀကီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူမ်ား၏ အႀကံေပးခ်က္မ်ားျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး မုံရြာၿမိဳ႕ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္၊ လူမႈေရးဝန္ႀကီး၊ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးဌာန တို႔တြင္ ေပ်ာက္ဆုံးေနသူ ဆယ္တန္းေက်ာင္းသား ေမာင္ေဇယ်ာမင္း (၁၇) ႏွစ္သည္ (၂) လ ေက်ာ္လြန္သည္အထိ တာဝန္ရွိသူ ကိုယ္ပိုင္ေက်ာင္းမွလည္းေကာင္း၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕မွလည္းေကာင္း တစ္စုံတရာ ထိေရာက္ေအာင္ ေဆာင္ရြက္ေပးျခင္း မရွိပါေသာေၾကာင့္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေမာင္ေဇယ်ာမင္း ျပန္လည္ေတြ႕ရွိနိုင္ေရးအတြက္ ထိထိေရာက္ေရာက္ ကူညီေဆာင္ရြက္ေပးနိုင္ပါရန္ အသနားခံတင္ျပခဲ့ေၾကာင္း သိရသည္။

“က်မသားေလး ေပ်ာက္တာ (၂) ေက်ာ္ပါၿပီ ဘာမွ ထူးျခားမႈမရွိလာေသးပါဘူး၊ ဒီလိုမ်ိဳးေတြ အကူအညီေတာင္းေနရဲ့သားနဲ႔ မွ ထူးျခားမႈ မရွိခဲ့ဘူးဆိုရင္ က်မတို႔ဘက္က အဲ့ဒီကိုယ္ပိုင္ အထက္တန္းေက်ာင္းကို မိဘတစ္ေယာက္အေနနဲ႔ က်မက တရားစြဲဆိုမွာပါ” လို႔ မိခင္ျဖစ္သူ ေဒၚခင္မာမွ AlinnMyay(အလင္းေျမ) မီဒီယာသို႔ ေျပာသည္။

အဆိုပါ ေပ်ာက္ဆုံးေနတဲ့ ဆယ္တန္းေက်ာင္းသား ေမာင္ေဇယ်ာမင္း ႏွင့္ပတ္သက္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ထန္းတစ္ပင္ ဇီးကုန္းၿမိဳ႕ ေအာင္သိဒၶိရပ္ကြက္ရွိ အားသစ္မာန္ ကိုယ္ပိုင္ အထက္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာႀကီး ဦးေဇယ်ေအာင္ကို AlinnMyay(အလင္းေျမ) မီဒီယာမွ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာတြင္ ေက်ာင္းအုပ္ဆရာႀကီး ဦးေဇယ်ေအာင္မွ (၁၀) တန္းေက်ာင္းသား ေမာင္ေဇယ်ာမင္း ႏွင့္ပတ္သက္၍ ေပ်ာက္ဆုံးပုံမ်ားကို ေျပာၾကားခဲ့ၿပီး၊ သူ႔အေနနဲ႔ ႀကိဳးစားေဆာင္ရြက္ လိုက္လံ ရွာေဖြေပးခဲ့ေၾကာင္း၊ မိသားစုမ်ားမွ တရားစြဲမည္ဆိုပါကလည္း ရင္ဆိုင္သြားရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“အခုလို လိုက္ပါကူညီေဆာင္ရြက္ေပးေနရတဲ့ အဓိက ရည္ရြယ္ခ်က္က ေပ်ာက္ဆုံးသြားတဲ့ ေမာင္ေဇယ်ာမင္း ႏွင့္ သူ႔မိသားစုတစ္ခုထဲအတြက္ မဟုတ္ပါဘူး၊ အလားတူ ျမန္မာနိုင္ငံ တစ္ဝန္းလုံးမွာရွိေနတဲ့ အျခား ဘယ္ကိုယ္ပိုင္ေက်ာင္းက ကေလးမ်ိဳးျဖစ္ေစ ဒီလိုမ်ိဳး လစ္လ်ဴရႈတာေတြ အဲ့ဒီလို ျဖစ္စဥ္ေတြ ေနာက္ေနာင္မွာ ျဖစ္ေပၚမလာဖို႔ အတြက္ အားလုံးကို သတိရွိေစခ်င္တဲ့ ဆႏၵလည္း အမ်ားႀကီးပါပါတယ္၊ အဓိက ရည္ရြယ္ခ်က္က အဲ့ဒါပါ” လို႔ မႏၲေလးၿမိဳ႕ ေဝဇယႏၲာလူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္စြာ မွ AlinnMyay(အလင္းေျမ) မီဒီယာသို႔ ေျပာသည္။

“ကၽြန္ေတာ္တို႔ကေတာ့ လူတစ္ဦးတစ္ေယာက္ ေပ်ာက္သြားၿပီဆိုရင္ ကိုယ့္ေဆြမ်ိဳးသားခ်င္းထဲက ေပ်ာက္သြားသလို ကၽြန္ေတာ္တို႔ကခံစားရတယ္၊ ခံစားရေတာ့ မည္သူမည္ဝါမဆို ကၽြန္ေတာ္တို႔ကေတာ့ အကူအညီေပးတယ္၊ ကိုယ့္စရိတ္ကိုယ္စားၿပီး အကူအညီေပးတယ္၊ အစိုးရဆိုတာ အစိုးရလက္ေအာက္မွာရွိတဲ့ ဝန္ထမ္းေတြ၊ ရဲတပ္ဖြဲ႕ရွိမယ္၊ ေနာက္ အျခားပညာေရးဆိုလည္း ပညာေရးပိုင္းမွာ ျပည္သူ႔လာစာယူထားတဲ့ ဝန္ထမ္းေတြရွိမယ္၊ အဲ့ေတာ့ တာဝန္ယူမႈ တာဝန္ခံမႈေလးနဲ႔ ကၽြန္ေတာ္တို႔ လာစာ ယူမထားတဲ့သူေတြေတာင္မွ ဒီလိုကိစၥမ်ိဳးကို လုပ္ေပးေနတာပဲ အဲ့ေတာ့ ျပည္သူ႔လစာယူထားတဲ့ နိုင္ငံ့ဝန္ထမ္းေတြအေနနဲ႔ ဒီဟာကို ထိထိေရာက္ေရာက္ျဖစ္ေအာင္ ေက်ာင္းအေနနဲ႔ေရာ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ အေနနဲ႔ေရာ ဒီဟာကို ထိထိေရာက္ေရာက္ျဖစ္ေအာင္ ရွာေဖြေပးပါလို႔ ကၽြန္ေတာ္အေနနဲ႔ ေျပာခ်င္ပါတယ္” လို႔ လိုက္ပါကူညီေဆင္ရြက္ေပးသူ ဦးေအာင္ျမတ္မင္းမွ ေျပာသည္။

#AlinnMyay(အလင္းေျမ) ျပည္သူ႔ ကူညီေရးႏွင့္ သတင္းမွန္ မီဒီယာ


Credit to AlinnMyay

LEAVE A REPLY

Please enter your comment!
Please enter your name here