ဇင်သဲနိုင် ရဲ့ ပြဿနာ အကြောင်းစုံကို ပြောပြလာတဲ့ ပိုင်ဇေရဲထွန်း ရဲ့ အဒေါ်

1212

ဒီနေ့ လူမှုကွန်ယက်မှာ ပြန့်နှံနေတဲ့ နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်တဲ့ ပိုင်ဇေရဲထွန်း တို့ ဇနီးမောင်နှံ နှင့် ပိုင်ဇေရဲထွန်းရဲ့ မိဘများ ငွေကြေး ဆိုင်ရာ တရားစွဲခံရမှုအကြောင်းနှင့် ပတ်သက်ပြီး အလုံးစုံသိရှိထားတဲ့ ပိုင်ဇေရဲထွန်းရဲ့ အဒေါ်ဖြစ်သူ Chaw Yin Minn အကောင့်ပိုင်ရှင်မှ SS ပုံများနှင့်တကွ အကြောင်းစုံ ဖွင့်ဟ ရေးသားထားခြင်းကို ApannPyay ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါသည်။

“ဘဏ်လောက က သြဇာသြတ္တိမအကြီးဆုံး ပုဂ္ဂိုလ်က ပြန်တမ်းဝင်အရာရှိကြီးတဦး၊ တိုင်းပြည်အတွက်အသက်စွန့်ခဲ့သူတဦး၊ ယနေ့ထိကိုယ်ကျိုးစီးပွားအတွက်ဘာရပိုင်ခွင့်မှ မယူသူမို့ အချိန်သတ်မှတ်လတွေထက်အများကြီး အခွင့်အရေးပေးခဲ့ပါတယ်။

ဘဏ်ကအတိုးတောင်းတဲ့စာလာလို့သွားပြရင် ခြေ၂ချောင်းအပေါ်ချိတ်အိပ်ယာကအခန့်သားစတိုင်လ်နဲ့ပြော. ဘာပြောမလို့လဲ ဆိုတဲ့ချွေးမကောင်းကြီး။အစကဘာမှမရှိ၊အဝတ်တထည်ကိုယ်တခုသာသာနဲ့..။

“ပိုင်ဇေကိုချစ်လို့ လေဆိပ်ရိပ်သာခြံနဲ့အိမ်ရောင်းတာလဲအမွေအနေနဲ့ အကုန်ပေးခဲ့တယ်။

စာချုပ်လွတ်ပေါ်လက်မှတ်ထိုးငွေချေးလို့ တဘက်ကစောင်မြင်ကတ်ပုဒ်မနဲ့ သိန်းရာဂဏန်း ချေးတာ သိန်း၂ထောင်ပြင်ရေးတယ်။ မရမ်းကုန်းတရားရုံးကတရားစွဲတောင်းမယ်ဆ်ုတော့ အဖေဖြစ်သူ က ညတွင်းခြင်း သိန်း၂ထောင်သွား ပေးခဲ့တဲ့ကျေးဇူးကို စောင်ကန်းမ က လစဉ် စားစရိတ်ထောက်ရတာ ဂုဏ်ဖေါ်နေတာအံ့တယ်။

နိုင်ငံခြားခရီးစဉ်မကလို့တာဝတိံသာတက်တက် ရတနာဆိုင်မကလို ရှော့ပင်းမောလ်ကြီးဖွင့်ဖွင့် မိဘ အိမ် ယူပေါင်တာတော့ရွေးပေးခဲ့အုံး…လို့။ ” လူမှုစာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်…” လို့ ရေးသားတင်ပြထားပါတယ်။

ထို့အရင်ပို့တွင်လည်း ” မိဘ ပစ္စည်း ဥစ္စာ သိန်း သောင်းနဲ့ချီ အုပ် ပြီး မျက်စိခွဲပေးတာဂုဏ်ဆာ နေသတဲ့လား” ဆိုပြီး ရေးသားတင်ပြထားခဲ့ပါသေးတယ်။

(ApannPyay)

Source – Chaw Yin Minn