မနာကျည်းသေးဘူးလား ကိုယ်က သူ့အပေါ် ချစ်မြတ်နိုး သလောက် ကိုယ့်ကို ချောင်ထိုးထားတဲ့သူကို

21

တမ်းတနေတုန်းပဲလား ကိုယ့်ဘက်က အရာရာနားလည် ပေးထားတာတောင် တန်ဖိုးမထားပဲ စွန့်ပစ်သွားတဲ့ သူကို။

သတိရနေတုန်းပဲလား…အရမ်းချစ်ပါတယ်ပြောပြီး အချိန်တိုင်းနာကျင်မှုတွေသာ ပေးတတ်တဲ့ သူ့ကို။

မမေ့နိုင်သေးဘူးလား ကိုယ်ကသာ သူ့အတွက် အမြဲတမ်းပထမနေရာ ဦးစားပေးပေမဲ့သူ့ဘက်ကျ ကိုယ့်အတွက်ဆို အပျင်းပြေ လိုသုံးသဘောထားတဲ့သူကို။

မနာကျည်းသေးဘူးလား…ကိုယ်က သူ့အပေါ် တွယ်တာမြတ်နိုး သလောက် ကိုယ့်ကို ချောင်ထိုးထားတဲ့သူကို။

ဥပေက္ခာမပြုနိုင်သေးဘူးလား သူ့ကြောင့် နေ့စဉ်ရက်ဆက် စိတ်ဆင်းရဲသောက မျက်ရည်ကျနေရတာတောင် တစ်ချက်လေးမှ စောင်းငှဲ့ မကြည့်တတ်တဲ့သူကို။

စဉ်းစားပါ၊ တွေးပါ၊ ခွဲခြားသိမြင်ပါ။

ကိုယ့်ကို တန်ဖိုးမထားတဲ့ သူ…ကိုယ့်ကို နာကျင်စေတဲ့ သူ…..ကိုယ့်ကို ညှာတာသနားစိတ်မရှိတဲ့သူ

ကိုယ့်ကို စိတ်ချမ်းသာမှု မပေးတဲ့ သူတစ်ယောက်ကြောင့်….ကိုယ့်ဘဝတစ်ခုလုံးကို အနစ်မွန်းခံမလား။

ပူဆွေးနေတော့မလား။ အချိန်ဖြုန်းနေတော့မလား။ကျလက်စ မျက်ရည် တို့ကိုသုတ်လိုက်ပါ။ပြီးရင် အရဲရင့်ဆုံးပြုံးလိုက်စမ်းပါ။

ငိုကြွေးမနေနဲ့……ခံစားမနေနဲ့…ကြေကွဲမနေနဲ့……တမ်းတမနေနဲ့

ဘဝကို အကောင်းမွန်ဆုံးနဲ့ အကောင်းဆုံးဖြတ်သန်းသွားဖို့ သတ္တိခွန်အားမွေးပါ။

ကိုယ့်နဲ့ မထိုက်တန်တဲ့ သူတစ်ယောက်အတွက် ကိုယ်တိုင်ဖန်တီးနိုင်မဲ့ လှပတဲ့ အနာဂ္ဂါတ် များစွာကို အဆုံးရူံးမခံပါနဲ့။

မှတ်ထားပါ…ဘဝမှာ အချစ်ထက်အရေးကြီးတာတွေ အများကြီးရှိပါသေးတယ်။

ကိုယ်နဲ့ထိုက်တန်တဲ့ သူရောက်လာဖို့ ကိုယ်နဲ့မထိုက်တန်သူဟာ တစ်နည်းနည်းနဲ့ ထွက်ခွာသွားကြရမှာပဲ။

အလှပဆုံး အပြုံးတွေနဲ့ မနက်ဖြန် များစွာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြလိုက်စမ်းပါ။

ကိုယ့်ဘဝအတွက် ကိုယ့်ကိုယ်ကိုသာ တန်ဖိုးထား ချစ်ပြလိုက်စမ်းပါလေ။

naethitmyanmar

မနာက်ည္းေသးဘူးလား ကိုယ္က သူ႔အေပၚ ခ်စ္ျမတ္နိုး သေလာက္ ကိုယ့္ကို ေခ်ာင္ထိုးထားတဲ့သူကို

တမ္းတေနတုန္းပဲလား ကိုယ့္ဘက္က အရာရာနားလည္ ေပးထားတာေတာင္ တန္ဖိုးမထားပဲ စြန႔္ပစ္သြားတဲ့ သူကို။

သတိရေနတုန္းပဲလား…အရမ္းခ်စ္ပါတယ္ေျပာၿပီး အခ်ိန္တိုင္းနာက်င္မႈေတြသာ ေပးတတ္တဲ့ သူ႔ကို။

မေမ့နိုင္ေသးဘူးလား ကိုယ္ကသာ သူ႔အတြက္ အျမဲတမ္းပထမေနရာ ဦးစားေပးေပမဲ့သူ႔ဘက္က် ကိုယ့္အတြက္ဆို အပ်င္းေၿပ လိုသုံးသေဘာထားတဲ့သူကို။

မနာက်ည္းေသးဘူးလား…ကိုယ္က သူ႔အေပၚ တြယ္တာျမတ္နိုး သေလာက္ ကိုယ့္ကို ေခ်ာင္ထိုးထားတဲ့သူကို။

ဥေပကၡာမျပဳနိုင္ေသးဘူးလား သူ႔ေၾကာင့္ ေန႔စဥ္ရက္ဆက္ စိတ္ဆင္းရဲေသာက မ်က္ရည္က်ေနရတာေတာင္ တစ္ခ်က္ေလးမွ ေစာင္းငွဲ႕ မၾကည့္တတ္တဲ့သူကို။

စဥ္းစားပါ၊ ေတြးပါ၊ ခြဲျခားသိျမင္ပါ။

ကိုယ့္ကို တန္ဖိုးမထားတဲ့ သူ…ကိုယ့္ကို နာက်င္ေစတဲ့ သူ…..ကိုယ့္ကို ညႇာတာသနားစိတ္မရွိတဲ့သူ

ကိုယ့္ကို စိတ္ခ်မ္းသာမႈ မေပးတဲ့ သူတစ္ေယာက္ေၾကာင့္….ကိုယ့္ဘဝတစ္ခုလုံးကို အနစ္မြန္းခံမလား။

ပူေဆြးေနေတာ့မလား။ အခ်ိန္ျဖဳန္းေနေတာ့မလား။က်လက္စ မ်က္ရည္ တို႔ကိုသုတ္လိုက္ပါ။ၿပီးရင္ အရဲရင့္ဆုံးျပဳံးလိုက္စမ္းပါ။

ငိုေႂကြးမေနနဲ႔……ခံစားမေနနဲ႔…ေၾကကြဲမေနနဲ႔……တမ္းတမေနနဲ႔

ဘဝကို အေကာင္းမြန္ဆုံးနဲ႔ အေကာင္းဆုံးျဖတ္သန္းသြားဖို႔ သတၱိခြန္အားေမြးပါ။

ကိုယ့္နဲ႔ မထိုက္တန္တဲ့ သူတစ္ေယာက္အတြက္ ကိုယ္တိုင္ဖန္တီးနိုင္မဲ့ လွပတဲ့ အနာဂၢါတ္ မ်ားစြာကို အဆုံး႐ူံးမခံပါနဲ႔။

မွတ္ထားပါ…ဘဝမွာ အခ်စ္ထက္အေရးႀကီးတာေတြ အမ်ားႀကီးရွိပါေသးတယ္။

ကိုယ္နဲ႔ထိုက္တန္တဲ့ သူေရာက္လာဖို႔ ကိုယ္နဲ႔မထိုက္တန္သူဟာ တစ္နည္းနည္းနဲ႔ ထြက္ခြာသြားၾကရမွာပဲ။

အလွပဆုံး အျပဳံးေတြနဲ႔ မနက္ျဖန္ မ်ားစြာကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းျပလိုက္စမ္းပါ။

ကိုယ့္ဘဝအတြက္ ကိုယ့္ကိုယ္ကိုသာ တန္ဖိုးထား ခ်စ္ျပလိုက္စမ္းပါေလ။

naethitmyanmar

LEAVE A REPLY

Please enter your comment!
Please enter your name here