ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပသုံးနိုင်ငံတွင် တရက်တည်းစံချိန်တင်သေဆုံး

32

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံး ဖြစ်နေတဲ့ နိုင်ငံသုံးနိုင်ငံမှာ မတ် ၁၆ ရက်နေ့က တရက်တည်း သေဆုံးသူ စုစုပေါင်း ၁၂၀ ဦးအထိ ရှိသွားတာမို့ လူသေဆုံးမှု အများဆုံး စံချိန်တင်သွားပါတယ်။ အီတလီမှာ သေဆုံးသူ ၃၆၈ ဦး၊ စပိန်မှာ ၉၇ ဦးနဲ့ ပြင်သစ်မှာ ၂၉ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

တနေ့တည်း သေဆုံးသူ စံချိန်သစ်ဖြစ်လာတဲ့ နောက်တနိုင်ငံကတော့ ယူကေ ဖြစ်ပြီး၊ ၁၄ ဦး သေဆုံးကာ စုစုပေါင်း သေဆုံးသူ ၃၅ ဦးအထိ ရှိသွားပါပြီ။ ဥရောပမှာ နိုင်ငံတော်တော်များများဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နိုင်ငံသားတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကို ကန့်သတ်တာနဲ့ နယ်စပ်တွေကို ထိန်းချုပ်တာ၊ ပိတ်ထားတာတွေ လုပ်နေရပါတယ်။

ဂျာမနီဟာ ဒီမနက် မတ် ၁၆ ရက်နေ့ အစောပိုင်းမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဩစတြီးယား၊ ဒိန်းမတ်နဲ့ လူဇင်ဘတ်တို့နဲ့ ထိစပ်နေတဲ့ သူ့နယ်စပ်တွေကို ထိန်းချုပ်ပိတ်ပင်မှုတွေ လုပ်နေသလို၊ ပေါ်တူဂီကလည်း စပိန်နဲ့ သူ့နယ်စပ်ကို ပိတ်လိုက်ပါပြီ။ ဩစတြီးယားမှာလည်း လူ ၅ ဦးထက် ပိုစုဝေးမှုကို ပိတ်ပင်ထားသလို၊ အိုင်ယာလန်မှာလည်း အရက်၊ ဘီယာဆိုင်တွေကို မတ် ၂၉ ရက်နေ့အထိ ပိတ်ထားဖို့ ညွှန်ကြားထားကြောင်း ဘီဘီစီသတင်းက ဖော်ပြပါတယ်။

DVB TV News

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဥေရာပ သုံးနိုင္ငံတြင္ တရက္တည္း စံခ်ိန္တင္ေသဆုံး

ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈအမ်ားဆုံး ျဖစ္ေနတဲ့ ႏိုင္ငံသုံးႏိုင္ငံမွာ မတ္ ၁၆ ရက္ေန႔က တရက္တည္း ေသဆုံးသူ စုစုေပါင္း ၁၂၀ ဦးအထိ ရွိသြားတာမို႔ လူေသဆုံးမႈ အမ်ားဆုံး စံခ်ိန္တင္သြားပါတယ္။ အီတလီမွာ ေသဆုံးသူ ၃၆၈ ဦး၊ စပိန္မွာ ၉၇ ဦးနဲ႔ ျပင္သစ္မွာ ၂၉ ဦးအထိ ရွိသြားၿပီ ျဖစ္ပါတယ္။

တေန႔တည္း ေသဆုံးသူ စံခ်ိန္သစ္ျဖစ္လာတဲ့ ေနာက္တႏိုင္ငံကေတာ့ ယူေက ျဖစ္ၿပီး၊ ၁၄ ဦး ေသဆုံးကာ စုစုေပါင္း ေသဆုံးသူ ၃၅ ဦးအထိ ရွိသြားပါၿပီ။ ဥေရာပမွာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားဟာ ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈ ထိန္းခ်ဳပ္ေရးအတြက္ ႏိုင္ငံသားေတြရဲ႕ သြားလာ လႈပ္ရွားမႈေတြကို ကန႔္သတ္တာနဲ႔ နယ္စပ္ေတြကို ထိန္းခ်ဳပ္တာ၊ ပိတ္ထားတာေတြ လုပ္ေနရပါတယ္။

ဂ်ာမနီဟာ ဒီမနက္ မတ္ ၁၆ ရက္ေန႔ အေစာပိုင္းမွာ ျပင္သစ္၊ ဆြစ္ဇာလန္၊ ဩစႀတီးယား၊ ဒိန္းမတ္နဲ႔ လူဇင္ဘတ္တို႔နဲ႔ ထိစပ္ေနတဲ့ သူ႔နယ္စပ္ေတြကို ထိန္းခ်ဳပ္ပိတ္ပင္မႈေတြ လုပ္ေနသလို၊ ေပၚတူဂီကလည္း စပိန္နဲ႔ သူ႔နယ္စပ္ကို ပိတ္လိုက္ပါၿပီ။ ဩစႀတီးယားမွာလည္း လူ ၅ ဦးထက္ ပိုစုေဝးမႈကို ပိတ္ပင္ထားသလို၊ အိုင္ယာလန္မွာလည္း အရက္၊ ဘီယာဆိုင္ေတြကို မတ္ ၂၉ ရက္ေန႔အထိ ပိတ္ထားဖို႔ ၫႊန္ၾကားထားေၾကာင္း ဘီဘီစီသတင္းက ေဖာ္ျပပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here