အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းပြီး ကလေးတစ်ဦးရှိထားသည်ဟု စွပ်စွဲမှုများနှင့် ပတ်သက်ပြီး မနောမယဆရာတော် ရှင်းလင်းမိန့်ကြား

122

အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းပြီး ကလေးတစ်ဦးရှိထားသည်ဟု စွပ်စွဲမှုများ လူမှုကွန်ယက်တွင် ပျံ့နှံ့ နေမှုနှင့် ပတ်သက်ပြီး မနောမယဆရာတော်၏ ရှင်းလင်းမိန့်ကြားချက်များ

မတ်(၁၆) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စု၊ နှမ်းကြဲကျေးရွာ မနောမယကျောင်းတိုက် ဓမ္မကထိက ဆရာတော် ဦးနန္ဒိယသည် အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းပြီး ကလေးတစ်ဦးရှိထားသည်ဟု စွပ်စွဲမှုများ လူမှုကွန်ယက် စာမျက်နှာတွင် ဓာတ်ပုံများ နှင့် အသံဖိုင်များ ပျံ့နှံ့လျှက်ရှိပါသည်။

အဆိုပါ ပျံ့နှံ့နေသော အသံဖိုင်ကို ဦးဇင်းတစ်ပါးမှ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ နှင့် ပတ်သက်သော အကြောင်းအရာအချို့ပြောဆိုကာ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ နှင့် အမျိုးသမီးနှစ်ဦး ဖုန်းပြောထားတဲ့ အသံဖိုင်များကို လူမှုကွန်ယက်တွင် တင်ပြထားခဲ့ကြောင်း တွေ့ရပါတယ်။

ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ နှင့်ပတ်သက်သော အကြောင်းအရာများ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဆရာတော်အား တရားပွဲများ ပိတ်ထားသည်ဟုသော အကြောင်းများလည်း ပျံ့နှံ့နေခဲ့ပါတယ်။

အဆိုပါ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်တွင် ပြောဆိုမှုများနှင့် ပတ်သက်ပြီး အသံဖိုင်ထဲမှာ ပါတဲ့ အသံသည် ဆရာတော်ရဲ့ အသံများမှန်ကန်ကြောင်း ဆရာတော်ကိုယ်တိုင်က မိန့်ကြားခဲ့သော်လည်း အဆိုပါ အသံများ ဖုန်းပြောဆိုမှုများကို ဆရာတော် ဘာ့ကြောင့် ငြိမ်နေခဲ့ရတယ်ဆိုတဲ့ အကြောင်းကို အခုလို ရှင်းပြခဲ့ပါတယ်။

” ကောင်းပြီ ဒီအသံဖိုင်နဲ့ ပတ်သက်လို့ ဘုန်းဘုန်းတို့ ဘယ်လိုပြောလာမလဲဆိုတော့ ဒီအသံဖိုင်မှာ သူ့မအေက ဒါက ဦးဇင်းနဲ့ ရတဲ့ ဗိုက်နော်..။ ဦးဇင်းဝန်ခံလိုက်ပါ ဝန်ခံလိုက်ပါလို့ ပြောနေတဲ့ အချိန် သူ့သမီးကလည်း နောက်ကနေ ဆဲဆိုနေတဲ့ အချိန်မှာ ဘုန်းဘုန်းအနေနဲ့ အင်း အယ် အင်း အယ် နဲ့ ပဲ ဒီလိုသွားခဲ့တယ်။ ဒီအသံဖိုင် မန်မိုရီစတစ်ကို သာမာန်နားထောင်လိုက်ရင် လူတစ်ရာမှာ ၉၉ ယောက်သည် မနောမယ ဖြစ်နိုင်ခြေများတယ်။ သူ ဘာမှ ပြန်မပြောနိုင်ဘူးလို့ သတ်မှတ်ကြလိမ့်မယ်။ ကောင်းပြီ အဲ့လို တုန့်ပြန်ချင်တယ် ဆိုတော့ အဲ့ဒီအချိန်မှာ ဘုန်းဘုန်းသည် ကိုယ့်ကျောင်းကိုယ့်ကန် လွတ်လွတ်လပ်လပ် အနေအထားမှာမရှိဘူး။ အိမ်တစ်အိမ်မှာ ရောက်နေတယ်။ မန္တလေးမြို့မဟုတ်တဲ့ အခြားမြို့တစ်မြို့ အိမ်တစ်အိမ်မှာ ရောက်နေတယ်။ အဲ့ဒီအခါမှာ ဘုန်းဘုန်း ရောက်တဲ့ အတွက် မနောမယဆရာတော်ရောက်လို့ဆိုပြီးတော့ အိမ်နားနီးချင်း ပတ်ဝန်းကျင်တွေရော၊ ဒကာ ဒကာမတွေရော၊ တရားနာ ပရိသတ်တွေရော လာပြီးဖူးကြတယ်။ အဲ့ဒီအခါမှာ ဒီဖုန်းဝင်လာတဲ့ အခါ စဉ်စားကြည့်ပါ။ ခင်ဗျားသမီးကြီးတဲ့ ဗိုက်က ကျုပ်နဲ့မဟုတ်ဘူးလို့ ပြောဖို့ကို အခွင့်မသာခဲ့ဘူး။ နေရာထိုင်ခင်းအရ။ ကိုယ်မဟုတ်တိုင်း ရှင်းပြလိုက်ပါလားဆိုတော့ ခင်ဗျားသမီးဗိုက်က ကျုပ်နဲ့ ကြီးတာမဟုတ်ဘူးလို့ ပြောလိုက်ရင် အနားမှာရှိတဲ့ ဒကာ ဒကာမတွေ ဘယ်လို ခေါင်းထဲထည့်မလဲ။ ပြောချင်လျှက်နဲ့ ရှင်းချင်လျှက်နဲ့ ကျုပ်မှာ အခွင့်မသာခဲ့ဘူး” လို့ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ မှ အခုလို ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းမီဒီယာများနှင့် သတင်းထောက်များ သိလိုသည့်အရာများနှင့် မရှင်းတာများရှိပါက မနောမယကျောင်းတိုက် ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ အား ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်း မိန့်ကြားခဲ့ပါတယ်။ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ ဖုန်း – ( 09 448888827 )

စွပ်စွဲသူ အမျိုးသမီးမှ (၂၈.၁.၂၀၁၉) ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီ ပုသိမ်ကြီးမြို့နယ် သံဃာ့နာယကအဖွဲ့ထံသို့ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယအား သာသနာ့ဘောင်မှ ဘယ်ရှား ပေးတော်မူပါရန် တိုင်ကြားလျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဓမ္မကထိက ဆရာတော် ဦးနန္ဒိယအား ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ထံ စောဒနာတင်သွင်းစွဲဆိုခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့က မြို့နယ် သံဃဝိနိစ္ဆယအဖွဲ့ ဖွဲပစည်းဆောင်ရွက်လျှက်ရှိပြီး (၂၆.၂.၂၀၂၀) ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်း သံဃနာယက ဆရာတော်များစုံညီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဆရာတော် ဦးနန္ဒိယက ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားဟောခွင့် တောင်းခံလာပါက မြို့နယ် သံဃနာယကအဖွဲ့မှ တရားဟောခွင့်မပြုရေး တားမြစ်ရန် ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့ မှ ရန်ကုန်တိုင်း မြို့နယ် သံဃာ့နာယကအဖွဲ့များအား စာအမှတ် ၃၆၇၀/နတက/(သာ- ထွေ) ၂၀၂၀ ရက်စွဲ ၂၀၂၀ မတ်လ (၃) ရက်နေ့ ရက်စွဲပါ လျှောက်ထားစာ ထုတ်ပြန်ထားကြောင်း တွေ့ရပါသည်။

ရိုက်ကူး-မျိုဆင့် #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here