အားလုံး သတိထားနိုင်ဖို့.. မိုးကြိုးပစ်သွားတဲ့ အနီးအနားတဝိုက်မှ လူနှင့် လျှပ်စစ်ပစ္စည်းများရဲ့ ဖြစ်ရပ်

364

မိုးကြိုးပစ်သွားတဲ့ အနီးအနားတဝိုက်မှ လူနှင့် လျှပ်စစ်ပစ္စည်းများရဲ့ ဖြစ်ရပ်

ကြောက်စရာကောင်းလှပါတယ်။ မိုးရွာနေရင် မိုးခြိမ်းနေရင် လျှပ်စစ်ပစ္စည်းများကို ဆင်ခြင်ပြီး သုံးစွဲကြဖို့ ကသာမြို အမှတ် (၈) ရပ်ကွက်နေ ကိုဇော်မျိုးလွင်+မဝင်းလဲ့ တို့၏ နေအိမ်ဝင်းထဲမှာ မိုးကြိုးပစ်ခတ်သွားတဲ့ ဒီသတင်းလေးကို ApannPyay ပရိသတ်ကြီးနှင့် အများပြည်သူများ သိရှိကာ သတိထားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်..။

၁၉ ၆ ၂၀၁၉ ရက်နေ့ ညနေ ၆:၄၅ နာရီ အချိန်ခန့်က ရွာသွန်းခဲ့သောမိုးသက်လေပြင်းနှင့်အတူ မိုးကြိုးပစ်ခတ်ခဲ့ရာတွင် ကသာမြို. အမှတ် ၈ ရပ်ကွက်နေ ကိုဇော်မျိုးလွင်+မဝင်းလဲ့ တို့၏နေအိမ်ဝင်းထဲမှ အုန်းပင်မှာ ထက်ခြမ်းကွဲသွားပီး ကိုဇော်မျိုးလွင်၏ဇနီးဖြစ်သူမဝင်းလဲ့မှာ သတိလစ်မေ့မြောသွားပါသဖြင့် ကသာမြို.ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရပါသည်။

ခြံဝင်းကပ်လျှက်နေသူ (ဘ) ဦးလှငွေ၏ သား မောင်ရန်မျိုးအောင်မှာလည်း ရင်ဘတ်အောင့်ကာ ခြေလက်များပျော့ခွေနေပါသဖြင့် ဆေးရုံသို့ထပ်မံပို့ဆောင် ခဲ့ရကာ ယခုအခါတွင် နှစ်ဦးစလုံးမှာ ကိုယ်တွင်းဒါဏ်ရာများမရရှိ ကြပဲ(မစိုးရိမ်ရ ) သက်သာနေပြီဖြစ်ပါကြောင်း နှင့် မိုးကြိုးပစ်ခတ်မှု ကြောင့် ကိုဇော်မျိုးလွင်အိမ်ရှေ့မှ ဓါတ်တိုင်တွင်ဆက်သွယ်အ သုံးပြုကြသူနေအိမ် ၇ အိမ်မှာ ဓါတ်အားပြတ်တောက်နေပြီး

ကိုဇော်မျိုးလွင်နေအိမ်မှ 21″T V ။ PSI စလောင်းနှင့် စ လောင်းဖမ်းစက်။ ဆောင်းဘောက်တစ်စုံ။ တပ်ဆင်ထားသော မီးချောင်း မီးလုံးများ။ မီးဖြတ်စက်များအားလုံးပေါက်ကွဲသွားပါ ကြောင်း။

အနီးပါတ်ဝန်းကျင်နေအိမ်များမှ ရေခဲသေတ္တာများ တီဗွီ များ။ မီးလုံးများမှာလည်းအသုံးပြု၍မရကြတော့ကြောင်း သိရှိရပါသဖြင့် အများပြည်သူများအနေနှင့် မိုးကြိုးအန္တရာယ် သတိပြုနေထိုင်သွားကြရန် အသိပေးအပ်ပါသည်။

(ApannPyay)

Source – Zaw Naing