ကျက်သရေမင်္ဂလာတိုး၍ ဝင်ငွေတိုးစေသော ယတြာ
15
လင်ဗန်းတစ်ချပ်အဝိုင်းဖြစ်ရမည်။ (မည်သည့်လင်ဗန်းမဆို ရပါသည်။ စတီလင်ဗန်း ကြေးလင်ဗန်းကိုသုံးစေချင်ပါသည်။)
သရက်အရွက် ၉ ရွက် (အပေါက် အပြဲ အနာအဆာ မပါစေရ။ အနာအဆာကင်းတာ ကိုသုံးပါ။ သရက်ရွက်သည် ကျက်သရေတိုးစေသည်။ မဂ်လာရှိစေသည်။)
ဆီမီးခွက် (မြေခွက် ကြေးခွက် စတီးခွက် ကြိုက်ရာသုံးပါ။ ကျွန်တော်ကတော့ ကြေးခွက်ကို သုံးပါသည်၊ အိန္ဒိယပစ္စည်းရောင်းသောဆိုင်မှဝယ်ပါသည်။ ပုံမှာပြထားပါသည်။)
ထောပတ်ဆီ (ထောပတ် ဆီသည် အတိုက်အခိုက်ကင်းစေသည်၊ ရန်ကိုရှင်းစေသည်၊ စီးပွားဥစ္စာကို အထူးပေးတတ်သည်။)
မီးဇာချည် (မီးဇာချည် မရပါက ဂွမ်းကို လက်နှစ်ဖက်ဖြင့် ထည့်၍လိပ်ပြီးသုံးပါ။ စက္ကူကိုလက်တွင်ထည့်၍ လိပ်သလို လုပ်ခိုင်းခြင်းပါ။)
အားလုံးစုံလျှင်
လင်ဗန်းပေါ် သရက်ရွက်တင်ပါ ၊ အဖျားများကို ဘုရားရှင်ဘက်သို့ထားပါ၊ ပြီးလျှင် ဆီမီးခွက်တင်ပါ၊ ဆီထည့်ပါ ၊ မီးဇာထည့်ပါ၊ မီးထွန်းပါ၊ ဘုရားကို ရိုသေစွာဖြင့် ကပ်လှူ ပူဇော်ပါ။
၂၄ နာရီ မပြတ်ပူဇော်လျှင် ပိုကောင်းသည်။
မကြာခဏ ပူဇော်လျှင်လည်းကောင်းပါသည်။
အကျိုးကား ငွေဝင်သည် အပူတပြင်းငွေဝင်ခြင်းမဟုတ်ပါ၊
စိတ်ချမ်း ချမ်းသာသာဖြင့် ငွေဝင်သည်။
ကျက်သရေ မဂ်လာတိုးစေသည် စီးပွားဥစ္စာ ဖြစ်ထွန်းသည်
ဆရာမင်းနိူင်ရဲ့ လောကီပညာသိစရာစာအုပ်ထဲတွင် အကျယ်တဝင့်ရေးသားထားသည်။
သရက်ရွက်များကို ခြောက်လျှင်လဲလှယ်ပေးရပါသည်….
သရက်များကိုဝယ်၍သုံးပါ မရပါက ခွင့်တောင်း၍ သုံးပါ
ပိုင်ရှင်ရှိပါက ပိုင်ရှင်ထံ ခွင့်တောင်း၍ ခူးယူသုံးပါ
ပိုင်ရှင်မရှိပါက အပင်စောင့်နတ်ထံရိုရိုသေသေ ခွင့်တောင်းပြီး ခူးယူ၍သုံးပါခင်ဗျာ…..
ယုံကြည်သူများ ပြုလုပ်နိူင်ရန် တင်ပြပေးပါသည် ခင်ဗျာ…
ဆရာ ဇေယျာထက်
အားလုံးစုံလျှင်
ဆရာမင်းနိုင်ရဲ့ လောကီပညာသိစရာစာအုပ်ထဲတွင် အကျယ်တဝင့်ရေးသားထားသည်။
ယုံကြည်သူများ ပြုလုပ်နိုင်ရန် တင်ပြပေးပါသည် ခင်ဗျာ…
ဆရာ ဇေယျာထက်
LEAVE A REPLY
Please enter your comment!
Please enter your name here