လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စာ​မေးပွဲအတွက် တရားဝင်သတင်းထုတ်ပြန်ချက်

1

ကျောင်း​တော်ကြီးမှာ ပညာသင်ကြား​နေတဲ့ ​ညီအစ်ကိုမောင်နှမများခင်ဗျာ …

၁၉.၃.၂၀၂၀ (ကြာသပ​တေး​နေ့) မှာ စတင်ဖြေဆိုကျင်းပမယ့် စာ​မေးပွဲကြီးမှာ အခက်ခဲမရှိ​ဖြေဆိုနိုင်ဖို့အတွက်

ကျွန်​တော်တို့ ​ကျောင်းသားများသမဂ္ဂက​နေပြီး တတ်အားသ၍ ပါဝင်ကူညီ​ဆောင်ရွက်​ပေးဖို့ အသင့်ရှိ​နေပါတယ်ဗျ။

စာ​ဖြေခန်းများမှာ စာ​ရေးကိရိယာနဲ့ ပက်သတ်ပြီး အခက်ခဲမရှိ​စေ​ရေးအတွက် လိုအပ်မယ့် စာ​ရေးကိရိယာ များကို စာ​ဖြေခန်းတိုင်းမှာ ထည့်သွင်း​ပေးထားပါတယ်ဗျ။

စာဖြေခန်းများမှစာရေးခုံများနှင့် ထိုင်ခုံများ အပြင် စာဖြေခန်းများကိုလည်း ကျန်းမာရေးဌာန၏လမ်းညွှန်ချက်များအတိုင်းစနစ်တကျဖြင့် စီစဉ်ထားသည့်အပြင် ပိုးသတ်ဆေးများဖြင့် စာဖြေခန်းတိုင်း သန့်စင်ထားပါသေးတယ်ဗျ။

​​စာ​ဖြေခန်း တို့ရောက်ရှိလာကြမည့် ကျောင်းသား/သူများအတွက်လည်း ကိုယ်အပူချိန်တိုင်းဖို့ အတွက်လည်း ဆရာ/ဆရာမများက အသင့်ရှိနေပါတယ်ဗျ။

စာ​ဖြေခန်းထဲ မဝင်ခင် ​ရောဂါအများဆုံး အလွယ်တကူ ကူးစက်နိုင်တဲ့ ကျ​နော်တို့ လက်​တွေကိုလည်း ပိုးသတ်​ဆေး​ရေပါတဲ့ Hand Gel ​တွေကိုလည်း စာ​ဖြေခန်းတိုင်းမှာ ထား​ပေးအုံးမှာတဲ့ဗျ။

အကယ်လို့ကျောင်းသား/သူများ၏ကျန်းမာရေးပေါ်မူတည်၍ လိုအပ်ခဲ့မယ်ဆိုရင်လည်း Mask ​တွေ​တပ်ဆင်ပြီး ဖြေဆိုနိုင်ရန်ကျောင်းတော်ကြီးက အဆင်သင့်ဖြည့်ဆည်း​ပေးထားပါတယ်​နော်။

စာမေးပွဲဖြေဆိုချိန်နှင့်စာ‌ မေးပွဲကာလ အတွင်း‌ ကျန်းမာရေး အခြေနေများအရ နှာစေး၊ချောင်းဆိုး၊ကိုယ်ပူစတဲ့လက္ခဏာများ ရှိခဲ့ မယ်ဆိုရင်လည်း စာမေးပွဲခန်းစောင့် ဆရာ၊မ များနှင့်ကျွန်တော်တို့သမဂ္ဂ ဒါမှမဟုတ် ​စာမေးပွဲကြီးကြပ်အဖွဲ့၊ကျောင်းသားရေးရာဌာနများကို ဆက်သွယ်​ပေးဖို့ မှာချင်ပါတယ်။

နောက်ပြီး ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအရစာ‌‌မေးပွဲ‌ဖြေဆို‌နေချိန်အတွင်း ရောဂါ လက္ခဏာ များ ကြုံတွေ့ရပါက ကျောင်းသား/သူ​တွေအတွက် အထူးပိုးသတ်ထားတဲ့ စာဖြေခန်း သီးသန့်လေးကိုလည်း ​ကျောင်း​တော်ကြီးက​နေ စီစဉ်​ပေးထားပါ​သေးတယ်​နော်။ထပ်ပြီး လိုအပ်မယ်ဆိုရင် လည်းကျန်းမာရေးဌာနနှင့်ချိတ်ဆက်ဆောင်ရွက် ထားရှိပြီးဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊စဉ်ဆက်မပြတ် စောင့်ကြည့်မှု များပြုလုပ်ပေးမည်ဖြစ်ပါသည်။

နည်းပညာတက္ကသိုလ်(လားရှိုး) ​ညီကို​မောင်နှမ အားလုံး Mid-Term စာ​မေးပွဲကို ​ဘေးမသီရန်မခပဲ ​ဖြေဆိုနိုင်ကြပါ​စေလို့ ဆုမွန်​ကောင်း​တောင်းအပ်ပါတယ်ဗျ။

လိုအပ်ပါက ဆက်သွယ်ရန် – 09964346652 / 09771644519 / 09790114650














LEAVE A REPLY

Please enter your comment!
Please enter your name here