မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာ အမျိုးသမီးသေဆုံးမှု အဖြေထွက်ပြီ

1

မတ်(၁၈) AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး မတ်လ ၁၇ ရက်နေ့က သေဆုံးခဲ့ပါတယ်။

အဆိုပါအမျိုးသမီးသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် တောင်ပြုံးတိုက်နယ်ဆေးရုံတွင် (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် တက်ရောက်ကုသခဲ့ပြီး လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့ရာ လူနာတွင် မောခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ (၁၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၂) နာရီအချိန်တွင် ကန်တော်နဒီဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ကြောင်းသိရသည်။

လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း နှင့် သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ (၁၈-၃-၂၀၂၀) ရက်နေ့ မနက်ပိုင်းတွေ သတင်းထုတ်ပြန် ဖော်ပြချက်အရ သိရပါတယ်။

အရင်းအမြစ်- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန #AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံတြင္ ေစာင့္ၾကည့္ လူနာအမ်ိဳးသမီး ေသဆုံးခဲ့ရသည့္ အေၾကာင္းအရင္း

မတ္(၁၈) AlinnMyay(အလင္းေျမ)#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံတြင္ COVID-19 ေစာင့္ၾကည့္လူနာ အမ်ိဳးသမီးေသဆံုးမႈ အေျဖထြက္ၿပီ

အဆိုပါအမ်ိဳးသမီးသည္ မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၂၂) ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး လည္ေခ်ာင္းနာျခင္း၊ အန္ျခင္း၊ အစာမစားနိုင္ျခင္း စသည့္ လကၡဏာမ်ားျဖင့္ ေတာင္ျပဳံးတိုက္နယ္ေဆး႐ုံတြင္ (၁၄-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၉) နာရီအခ်ိန္တြင္ တက္ေရာက္ကုသခဲ့ၿပီး လူနာမွာ သက္သာမႈ မရွိသျဖင့္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ လႊဲေျပာင္းေပးပို႔ခဲ့ရာ လူနာတြင္ ေမာျခင္း၊ အသက္ရႉၾကပ္ျခင္း စသည့္လကၡဏာမ်ား ေတြ႕ရွိရ သျဖင့္ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ (၁၇-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၂) နာရီအခ်ိန္တြင္ ကန္ေတာ္နဒီေဆး႐ုံသို႔ ထပ္မံပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္။

လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔ထားရွိၿပီး လိုအပ္ေသာ ေဆးကုသမႈမ်ား ေဆာင္ရြက္စဥ္ နံနက္ (၇) နာရီ (၃၀) မိနစ္အခ်ိန္တြင္ ေသဆုံးသြားခဲ့ေၾကာင္း ႏွင့္ ေသဆုံးရသည့္ အေၾကာင္းအရင္းမွာ လူနာ၏ ေရာဂါရာဇဝင္ႏွင့္ ေသြးစစ္ခ်က္အေျဖမ်ားအရ ေသြးဆိပ္တက္ျခင္း၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားေၾကာင့္ ျဖစ္နိုင္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန မွ (၁၈-၃-၂၀၂၀) ရက္ေန႔ မနက္ပိုင္းေတြ သတင္းထုတ္ျပန္ ေဖာ္ျပခ်က္အရ သိရပါတယ္။

အရင္းအျမစ္- က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန #AlinnMyay(အလင္းေျမ)#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

Credit to AlinnMyay

LEAVE A REPLY

Please enter your comment!
Please enter your name here