အြန္လိုင္းေပၚက လူလိမ္ရဲ႕ စကားကိုယံုၿပီး အခ်စ္ဆံုးသူငယ္ခ်င္းကို သတ္ခဲ့မိတဲ့ အမ်ိဳးသမီး

0
112

ပိုက္ဆံ၉သန္းအတြက္ အခ်စ္ဆံုးသူငယ္ခ်င္းကိုသတ္ခဲ့တဲ့ဆယ္ေက်ာ္သက္မိန္းကေလး

အေမရိကန္ အလတ္စကာျပည္နယ္ကဆယ္ေက်ာ္သက္မိန္းကေလးတေယာက္ဟာ သူရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းကို သတ္ရင္ပိုက္ဆံ၉သန္းေပးမယ္လို႔ အြန္လိုင္းေပၚမွာလူလိမ္တေယာက္ကေျပာခဲ႔တဲ့အတြက္ သတ္ျဖတ္ခဲ႔တဲ႔အမွဳ ဇြန္လ၂ရက္ေန႔ကျဖစ္ပြားခဲ႔ပါတယ္။

တရားခံျဖစ္တဲ႔မိန္းကေလးဟာ Denali Brehmer ျဖစ္ျပီး အသက္၁၈ႏွစ္ရွိပါျပီ။ ေသဆံုးသြားတဲ့ Cythia Hoffmanလို႔အမည္ရတဲ့မိန္းကေလးကေတာ့ အသက္ ၁၉ႏွစ္ရွိျပီျဖစ္ျပီး သူတို႔ႏွစ္ေယာက္ဟာအခ်စ္ဆံုးသူငယ္ခ်င္းေတြပါ။ တရားခြင္မွာ တရားခံဟာ Snapchat ဗီဒီယိုတစ္ခုကိုသက္ေသအေနနဲ႔တင္သြင္းခဲ့ျပီး အဲ့ဒီဗီဒီယိုထဲမွာ အိႏၵိယလူမ်ိဳးအမ်ိဳးသားတေယာက္ျဖစ္တဲ့ အသက္၂၁ႏွစ္အရြယ္ Darin Schilmiller အမည္ရသူဟာ သူမရဲ႕သူငယ္ခ်င္းကိုသတ္ရင္ ေဒၚလာ၉သန္းေပးမယ္လို႔ေျပာေနတာကိုေတြ႕ရမွာပါ။

ဒီအမွဳရဲ႕စံုစမ္းေရးမွဳးေတြကေတာ့ ဒီအမွဳဟာ မိဘေတြအေပၚ ဆယ္ေက်ာ္သက္ေတြနဲ႔ကေလးေတြရဲ႕ အင္တာနက္သံုးစြဲမွဳနဲ႔ပတ္သတ္ျပီး သတိေပးႏိုင္လိမ့္မယ္ ယူဆေနၾကပါတယ္။ ဇြန္လ၂ရက္ေန႔မွာ တရားခံမိန္းကေလးဟာ သူ႔ရဲ႕သူငယ္ခ်င္းကိုသတ္ခဲ့မိတယ္လို႔၀န္ခံခဲ့ျပီး သူမကိုသတ္ဖို႔ခိုင္းေစခဲ႔တဲ့သူရဲ႕ေနာက္ေၾကာင္းကိုလိုက္ခဲ႔တဲ့အခါမွာ သူမသိထားသလို႔အဲ့ဒီလူဟာ ပိုက္ဆံေတြအမ်ားၾကီးရွိတဲ႔သူေဌးတေယာက္မဟုတ္ပဲ လိမ္ညာခံခဲ႔ရတာျဖစ္ပါတယ္။ အဲ့တာအျပင္ တရားခံမိန္းကေလးရဲ႕ဖုန္းထဲမွာ အလတ္စကာျပည္နယ္ထဲမွာ တစံုတေယာက္ကို မုဒိန္းက်င့္ဖို႔နဲ႔ သတ္ျဖတ္ဖို႔စီစဥ္ခဲ့တဲ့သက္ေသေတြကိုေတြ႔ခဲ့ရတယ္လို႔ဆိုပါတယ္။ သူမရဲ႕သူငယ္ခ်င္းနဲ႔ေရတံခြန္ကိုသြားဖို႔ခ်ိန္းခဲ့ျပီး ၾကံရာပါျဖစ္တဲ့ခိုင္းေစတဲ့သူဟာ မသတ္ခင္မွာ မုဒိန္းက်င့္ဖို႔မွာခဲ့တယ္လို႔ဆိုပါတယ္။ ရဲေတြကေတာ့ ေသဆံုးသူမွာလိင္မွဳေစာ္ကားခံခဲ႔ရတဲ့ လကၡဏာမရွိဘူးလို႔ေျပာခဲ့ပါတယ္။

Yenin Phawah ( ApannPyay)

Resource: bbc

ပိုက်ဆံ၉သန်းအတွက် အချစ်ဆုံးသူငယ်ချင်းကိုသတ်ခဲ့တဲ့ဆယ်ကျော်သက်မိန်းကလေး

အမေရိကန် အလတ်စကာပြည်နယ်ကဆယ်ကျော်သက်မိန်းကလေးတယောက်ဟာ သူရဲ့အချစ်ဆုံးသူငယ်ချင်းကို သတ်ရင်ပိုက်ဆံ၉သန်းပေးမယ်လို့ အွန်လိုင်းပေါ်မှာလူလိမ်တယောက်ကပြောခဲ့တဲ့အတွက် သတ်ဖြတ်ခဲ့တဲ့အမှု ဇွန်လ၂ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။

တရားခံဖြစ်တဲ့မိန်းကလေးဟာ Denali Brehmer ဖြစ်ပြီး အသက်၁၈နှစ်ရှိပါပြီ။ သေဆုံးသွားတဲ့ Cythia Hoffmanလို့အမည်ရတဲ့မိန်းကလေးကတော့ အသက် ၁၉နှစ်ရှိပြီဖြစ်ပြီး သူတို့နှစ်ယောက်ဟာအချစ်ဆုံးသူငယ်ချင်းတွေပါ။ တရားခွင်မှာ တရားခံဟာ Snapchat ဗီဒီယိုတစ်ခုကိုသက်သေအနေနဲ့တင်သွင်းခဲ့ပြီး အဲ့ဒီဗီဒီယိုထဲမှာ အိန္ဒိယလူမျိုးအမျိုးသားတယောက်ဖြစ်တဲ့ အသက်၂၁နှစ်အရွယ် Darin Schilmiller အမည်ရသူဟာ သူမရဲ့သူငယ်ချင်းကိုသတ်ရင် ဒေါ်လာ၉သန်းပေးမယ်လို့ပြောနေတာကိုတွေ့ရမှာပါ။

ဒီအမှုရဲ့စုံစမ်းရေးမှုးတွေကတော့ ဒီအမှုဟာ မိဘတွေအပေါ် ဆယ်ကျော်သက်တွေနဲ့ကလေးတွေရဲ့ အင်တာနက်သုံးစွဲမှုနဲ့ပတ်သတ်ပြီး သတိပေးနိုင်လိမ့်မယ် ယူဆနေကြပါတယ်။ ဇွန်လ၂ရက်နေ့မှာ တရားခံမိန်းကလေးဟာ သူ့ရဲ့သူငယ်ချင်းကိုသတ်ခဲ့မိတယ်လို့ဝန်ခံခဲ့ပြီး သူမကိုသတ်ဖို့ခိုင်းစေခဲ့တဲ့သူရဲ့နောက်ကြောင်းကိုလိုက်ခဲ့တဲ့အခါမှာ သူမသိထားသလို့အဲ့ဒီလူဟာ ပိုက်ဆံတွေအများကြီးရှိတဲ့သူဌေးတယောက်မဟုတ်ပဲ လိမ်ညာခံခဲ့ရတာဖြစ်ပါတယ်။ အဲ့တာအပြင် တရားခံမိန်းကလေးရဲ့ဖုန်းထဲမှာ အလတ်စကာပြည်နယ်ထဲမှာ တစုံတယောက်ကို မုဒိန်းကျင့်ဖို့နဲ့ သတ်ဖြတ်ဖို့စီစဉ်ခဲ့တဲ့သက်သေတွေကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ သူမရဲ့သူငယ်ချင်းနဲ့ရေတံခွန်ကိုသွားဖို့ချိန်းခဲ့ပြီး ကြံရာပါဖြစ်တဲ့ခိုင်းစေတဲ့သူဟာ မသတ်ခင်မှာ မုဒိန်းကျင့်ဖို့မှာခဲ့တယ်လို့ဆိုပါတယ်။ ရဲတွေကတော့ သေဆုံးသူမှာလိင်မှုစော်ကားခံခဲ့ရတဲ့ လက္ခဏာမရှိဘူးလို့ပြောခဲ့ပါတယ်။

Yenin Phawah ( ApannPyay)

Resource: bbc