ကြာသပတေးသက်ရောက်မှာ အထူးသတိထားရမယ့် သောကြာသားသမီးတွေ

1

ငွေကြေးကံကြမ္မာ (သို့) ကြာသပတေး သက်ရောက်

ကြာသပတေး သက်ရောက်ကိုတော့ အရုဏ်ဦးနဲ့တင်စားချင်တယ်။ စနေသက်ရောက်ပြီးတော့ ကြာသပတေး သက်ရောက်ကိုကူးပါတယ်။ ဒါကြောင့် စနေသက်ရောက်ရဲ့ ညံ့တဲ့အရှိန်လေးတွေကို အနည်းငယ်ခံစားရတတ်တာကို အထူးတွေ့ရပါတယ်။

သန်းခေါင်ထက် ညဉ့်မနက်ဘူးလို့ ပြောလေ့ပြောထရှိကြပါတယ်။ စနေသက်ရောက်က သန်း ခေါင်းယံအချိန်ပါပဲ။ ဒါကြောင့် ကြာသပတေးသက်ရောက်က အရုဏ်ဦးပေါ့ဗျ။ အရုဏ်ဦးစောစောထကြဖူးမယ်ထင် ပါတယ်။ အလင်းရောင်အနည်းငယ်နဲ့အတူ အမှောင်ကလဲ ကြီးစိုးနေဆဲပါပဲ။

ဒါကြောင့်ပဲ ကြာသပတေးသက်ရောက်ဟာ အကောင်းအဆိုးရောထွေးနေတတ်တာကိုတွေ့ရပါတယ်။ ဘယ်လိုတွေရောထွေးနေသလဲဆက်ပြောရရင်တော့ ကိုယ်ပိုင်စီးပွားရေးသမားတစ်ယောက်ဆိုရင် အလုပ်အော်ဒါ တွေများလာပေမယ့် ၊ဆိုင်တွေဆို ဖောက်သည်တွေတိုးလာပေမယ့် အကြွေးကျတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။ ရောင်းတော့ရောင်းရတယ်။ အကြွေးရောင်းရတယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။

လုပ်ငန်းတွေထပ်မချဲ့ပါနဲ့။ လုပ်ငန်းတွေကချဲ့ပြီး နောက်ကငွေမနိုင်တာမျိုးတွေအလွန်ဖြစ်တတ်တဲ့နှစ်ပါပဲ။ ဒီလိုနှစ်မျိုးဟာ ဘုရင့်နောင်ဖောင်ဖျက်ဆိုသလို လုပ်လို့မရဘူးဗျ။

အခြေအနေမဟန်ရင် နောက်တစ်နည်းဆိုတဲ့ plan B ဆိုတာမျိုးကိုလဲ စဉ်းစားသင့်ပါတယ်။ ဒါကြောင့်ဒီနှစ်မှာကုန်ပစ္စည်းလှောင်မယ်ဆိုရင်တော့ သတိထားပါ။ ရှင်းရှင်း ပြောရရင်တော့ ငွေမြုပ်အောင်ဘာမှမလုပ်နဲ့ဗျ။ ငွေမြုပ်သွားလို့ကတော့ ပြန်ဖော်ရခက်ခဲပြီလို့သာမှတ်လိုက်တော့။

ဒါကြောင့် ဒီလိုနှစ်မှာ ငွေအမှုအခင်းတွေဖြစ်တတ်တယ်ဗျ။ ချေးထားပြီးမရလို့ ကိုယ်ကအမှုလုပ်တာပဲဖြစ် ဖြစ်၊ ကိုယ်ကမပေးနိုင်လို့ အခြားလူတွေက တရားစွဲတာပဲ ဖြစ်ဖြစ်ကြုံရတတ်ပါတယ် ။ကြာသပတေးသက်ရောက်မှာ တစ်ခုဆိုးတာက သူများအကြံပေးတာကိုလုပ်မိရင် လွဲချော်တာများတတ်တယ်။ မိမိစိတ်ကူးအကြံအစည်ကဒီနှစ်မှာ လက်တွေ့အသုံးတည့်လိမ့်မယ်။

ကိုယ်ပိုင်စီးပွား အသေးစားလေးစလုပ်မယ်လို့ စိတ်ကူးရင်တော့ ဒီနှစ်ကအရမ်းကောင်းပါတယ်။ နည်းနည်းကနေအစပျိုးတာမျိုးကို ကြိုက်တဲ့နှစ်ပါ။ အချီကြီးစလုပ်မယ်ဆိုရင်တော့ မကောင်းဘူးဗျ။ ဒီလိုကြာသပတေးသက် ရောက်က ဟိုဆိုရိုးစကားနဲ့သွားညီတယ်ဗျ။ နာမည်ကြီး ထမင်းငတ် ဆိုတဲ့စကားလေ။ တကယ်လဲဟုတ်တယ်။ ဘေးလူအမြင်မှာတော့ ကိုယ်အဆင်ပြေနေတယ်လို့ထင်ကြတာ။ ကိုယ်တိုင်ကတော့ လုပ်သာလုပ်နေရပြီး ငွေကအစရှာမရဘူး။

ဝန်ထမ်းတွေဆို အလုပ်တွေတိုးလာပြီး ငွေမတိုးတဲ့နှစ်ပေါ့ဗျ။ အချို့ကျတော့ ရာထူးတိုးတာခံရတယ်။ လစာကတော့ နည်းနည်းလေးတိုးပေးလိုက်တယ်။ လုပ်ခိုင်းတာကတော့ ရာထူးမတိုးခင်ထက် နှစ်ဆလုပ်နေရတတ် တယ်။ ဒါကြောင့် ဒီနှစ်မှာ ငွေကြေးစီမံခန့်ခွဲမှုတွေကိုတော့ လုံးဝကျွမ်းကျင်ဖို့လိုပါတယ်။ အသုံးအဖြုန်းတွေ နားလည် မှအဆင်ပြေလိမ့်မယ်။

ဒီနှစ်ဟာ မနှစ်ကစနေသက်ရောက်မှာ ကံညံ့လို့ဆိုပြီး ဘာသာရေးဖိလုပ်တဲ့သူတွေဆိုရင်တော့ ဒီနှစ်မှာစတင် ပြီးကောင်းကျိုးတွေခံစားရလာတတ်ပါတယ်။ ဖြေးဖြေးမှန်မှန်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားဖို့လိုတယ်။ အကြပ် အတည်းတွေကို သည်းခံပြီး ကျော်ဖြတ်သွားရင်ကောင်းကျိုးကိုရစေနိုင်ပါတယ်။

ဒီလိုကြာသပတေးသက်ရောက်မှာ အထူးသတိထားရမယ့် သူတွေကတော့ သောကြာသားသမီးတွေပဲဖြစ်ပါ တယ်။ သောကြာသားသမီးတွေကတော့အထူးကံညံ့နေတာကိုတွေ့ရပါတယ်။ နောက်ပြီးမိမိတို့ရဲ့မွေးခုနှစ်ကို ရနဲ့စား လို့ ၂ကြွင်းကြတဲ့ သူတွေကလဲ ဒီနှစ် ထင်သလောက်ကံမကောင်းတာမျိုးကိုလဲတွေ့ရပါတယ်။

ဒီလိုကြာသပတေးသက်ရောက်ကို ရောက်နေပြီ။ ကံတွေကလဲ ညံ့နေတယ်ဆိုအခြားအထွေအထူးယတြာတွေမလုပ် ပါနဲ့။ အကောင်းဆုံးကတော့ သရဏဂုံသုံးပါးဖြစ်စေ၊ မဟာသရဏဂုံတော်ကြီးဖြစ်စေ၊ သရဏံဂုံ (၃၀)ဂါထာကို ဖြစ်စေ မပြတ်ပွားနေခြင်းဖြင့် အညံ့အဆိုးတွေလျော့ပါးစေနိုင်ပါကြောင်းပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

ဒီထက်အသေးစိပ်သိ ချင်ရင်တော့ နီးစပ်တဲ့ဆရာတွေဆီသာ မေးမြန်းတာကအကောင်းဆုံးပါပဲ။

ကြာသပတေးသက်ရောက်ထဲရောက်နေတဲ့ နေ့သားအလိုက်အသက်အပိုင်းအခြားများ

တနင်္ဂနွေသားသမီးများအသက်—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀/၇၈ နှစ်များ

တနင်္လာသားသမီးများအသက်—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉/၇၇ နှစ်များ

အင်္ဂါသားသမီးများ—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/၇၆ နှစ်များ

ဗုဒ္ဓဟူးသားသမီးများ—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ နှစ်များ

စနေ သားသမီးများ—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ နှစ်များ

ကြာသပတေးသားသမီးများ—၁/၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ နှစ်များ

ရာဟုသားသမီးများ—၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ နှစ်များ

သောကြာသားသမီးများ— ၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ နှစ်များ

ရရက်သားသမီးများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ

ဆရာငြိမ်းအေးလူ v i b e r-09775555695

ၾကာသပေတးသက္ေရာက္မွာ အထူးသတိထားရမယ့္ ေသာၾကာသားသမီးေတြ

ေငြေၾကးကံၾကမၼာ (သို႔) ၾကာသပေတး သက္ေရာက္

ၾကာသပေတး သက္ေရာက္ကိုေတာ့ အ႐ုဏ္ဦးနဲ႕တင္စားခ်င္တယ္။ စေနသက္ေရာက္ၿပီးေတာ့ ၾကာသပေတး သက္ေရာက္ကိုကူးပါတယ္။ ဒါေၾကာင့္ စေနသက္ေရာက္ရဲ႕ ညံ့တဲ့အရွိန္ေလးေတြကို အနည္းငယ္ခံစားရတတ္တာကို အထူးေတြ႕ရပါတယ္။

သန္းေခါင္ထက္ ညဉ့္မနက္ဘူးလို႔ ေျပာေလ့ေျပာထရွိၾကပါတယ္။ စေနသက္ေရာက္က သန္း ေခါင္းယံအခ်ိန္ပါပဲ။ ဒါေၾကာင့္ ၾကာသပေတးသက္ေရာက္က အ႐ုဏ္ဦးေပါ့ဗ်။ အ႐ုဏ္ဦးေစာေစာထၾကဖူးမယ္ထင္ ပါတယ္။ အလင္းေရာင္အနည္းငယ္နဲ႕အတူ အေမွာင္ကလဲ ႀကီးစိုးေနဆဲပါပဲ။

ဒါေၾကာင့္ပဲ ၾကာသပေတးသက္ေရာက္ဟာ အေကာင္းအဆိုးေရာေထြးေနတတ္တာကိုေတြ႕ရပါတယ္။ ဘယ္လိုေတြေရာေထြးေနသလဲဆက္ေျပာရရင္ေတာ့ ကိုယ္ပိုင္စီးပြားေရးသမားတစ္ေယာက္ဆိုရင္ အလုပ္ေအာ္ဒါ ေတြမ်ားလာေပမယ့္ ၊ဆိုင္ေတြဆို ေဖာက္သည္ေတြတိုးလာေပမယ့္ အေႂကြးက်တာမ်ိဳးေတြအလြန္ျဖစ္တတ္ပါတယ္။ ေရာင္းေတာ့ေရာင္းရတယ္။ အေႂကြးေရာင္းရတယ္ဆိုတာမ်ိဳးျဖစ္ေနတတ္ပါတယ္။

လုပ္ငန္းေတြထပ္မခ်ဲ့ပါနဲ႕။ လုပ္ငန္းေတြကခ်ဲ့ၿပီး ေနာက္ကေငြမနိုင္တာမ်ိဳးေတြအလြန္ျဖစ္တတ္တဲ့ႏွစ္ပါပဲ။ ဒီလိုႏွစ္မ်ိဳးဟာ ဘုရင့္ေနာင္ေဖာင္ဖ်က္ဆိုသလို လုပ္လို႔မရဘူးဗ်။

အေျခအေနမဟန္ရင္ ေနာက္တစ္နည္းဆိုတဲ့ plan B ဆိုတာမ်ိဳးကိုလဲ စဥ္းစားသင့္ပါတယ္။ ဒါေၾကာင့္ဒီႏွစ္မွာကုန္ပစၥည္းေလွာင္မယ္ဆိုရင္ေတာ့ သတိထားပါ။ ရွင္းရွင္း ေျပာရရင္ေတာ့ ေငြျမဳပ္ေအာင္ဘာမွမလုပ္နဲ႕ဗ်။ ေငြျမဳပ္သြားလို႔ကေတာ့ ျပန္ေဖာ္ရခက္ခဲၿပီလို႔သာမွတ္လိုက္ေတာ့။

ဒါေၾကာင့္ ဒီလိုႏွစ္မွာ ေငြအမႈအခင္းေတြျဖစ္တတ္တယ္ဗ်။ ေခ်းထားၿပီးမရလို႔ ကိုယ္ကအမႈလုပ္တာပဲျဖစ္ ျဖစ္၊ ကိုယ္ကမေပးနိုင္လို႔ အျခားလူေတြက တရားစြဲတာပဲ ျဖစ္ျဖစ္ႀကဳံရတတ္ပါတယ္ ။ၾကာသပေတးသက္ေရာက္မွာ တစ္ခုဆိုးတာက သူမ်ားအႀကံေပးတာကိုလုပ္မိရင္ လြဲေခ်ာ္တာမ်ားတတ္တယ္။ မိမိစိတ္ကူးအႀကံအစည္ကဒီႏွစ္မွာ လက္ေတြ႕အသုံးတည့္လိမ့္မယ္။

ကိုယ္ပိုင္စီးပြား အေသးစားေလးစလုပ္မယ္လို႔ စိတ္ကူးရင္ေတာ့ ဒီႏွစ္ကအရမ္းေကာင္းပါတယ္။ နည္းနည္းကေနအစပ်ိဳးတာမ်ိဳးကို ႀကိဳက္တဲ့ႏွစ္ပါ။ အခ်ီႀကီးစလုပ္မယ္ဆိုရင္ေတာ့ မေကာင္းဘူးဗ်။ ဒီလိုၾကာသပေတးသက္ ေရာက္က ဟိုဆိုရိုးစကားနဲ႕သြားညီတယ္ဗ်။ နာမည္ႀကီး ထမင္းငတ္ ဆိုတဲ့စကားေလ။ တကယ္လဲဟုတ္တယ္။ ေဘးလူအျမင္မွာေတာ့ ကိုယ္အဆင္ေျပေနတယ္လို႔ထင္ၾကတာ။ ကိုယ္တိုင္ကေတာ့ လုပ္သာလုပ္ေနရၿပီး ေငြကအစရွာမရဘူး။

ဝန္ထမ္းေတြဆို အလုပ္ေတြတိုးလာၿပီး ေငြမတိုးတဲ့ႏွစ္ေပါ့ဗ်။ အခ်ိဳ႕က်ေတာ့ ရာထူးတိုးတာခံရတယ္။ လစာကေတာ့ နည္းနည္းေလးတိုးေပးလိုက္တယ္။ လုပ္ခိုင္းတာကေတာ့ ရာထူးမတိုးခင္ထက္ ႏွစ္ဆလုပ္ေနရတတ္ တယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ ေငြေၾကးစီမံခန႔္ခြဲမႈေတြကိုေတာ့ လုံး၀ကြၽမ္းက်င္ဖို႔လိုပါတယ္။ အသုံးအျဖဳန္းေတြ နားလည္ မွအဆင္ေျပလိမ့္မယ္။

ဒီႏွစ္ဟာ မႏွစ္ကစေနသက္ေရာက္မွာ ကံညံ့လို႔ဆိုၿပီး ဘာသာေရးဖိလုပ္တဲ့သူေတြဆိုရင္ေတာ့ ဒီႏွစ္မွာစတင္ ၿပီးေကာင္းက်ိဳးေတြခံစားရလာတတ္ပါတယ္။ ေျဖးေျဖးမွန္မွန္နဲ႕ လုပ္ကိုင္ေဆာင္႐ြက္သြားဖို႔လိုတယ္။ အၾကပ္ အတည္းေတြကို သည္းခံၿပီး ေက်ာ္ျဖတ္သြားရင္ေကာင္းက်ိဳးကိုရေစနိုင္ပါတယ္။

ဒီလိုၾကာသပေတးသက္ေရာက္မွာ အထူးသတိထားရမယ့္ သူေတြကေတာ့ ေသာၾကာသားသမီးေတြပဲျဖစ္ပါ တယ္။ ေသာၾကာသားသမီးေတြကေတာ့အထူးကံညံ့ေနတာကိုေတြ႕ရပါတယ္။ ေနာက္ၿပီးမိမိတို႔ရဲ႕ေမြးခုႏွစ္ကို ၇နဲ႕စား လို႔ ၂ႂကြင္းၾကတဲ့ သူေတြကလဲ ဒီႏွစ္ ထင္သေလာက္ကံမေကာင္းတာမ်ိဳးကိုလဲေတြ႕ရပါတယ္။

ဒီလိုၾကာသပေတးသက္ေရာက္ကို ေရာက္ေနၿပီ။ ကံေတြကလဲ ညံ့ေနတယ္ဆိုအျခားအေထြအထူးယၾတာေတြမလုပ္ ပါနဲ႕။ အေကာင္းဆုံးကေတာ့ သရဏဂုံသုံးပါးျဖစ္ေစ၊ မဟာသရဏဂုံေတာ္ႀကီးျဖစ္ေစ၊ သရဏံဂုံ (၃၀)ဂါထာကို ျဖစ္ေစ မျပတ္ပြားေနျခင္းျဖင့္ အညံ့အဆိုးေတြေလ်ာ့ပါးေစနိုင္ပါေၾကာင္းေျပာၾကားရင္းနိဂုံးခ်ဳပ္အပ္ပါတယ္။

ဒီထက္အေသးစိပ္သိ ခ်င္ရင္ေတာ့ နီးစပ္တဲ့ဆရာေတြဆီသာ ေမးျမန္းတာကအေကာင္းဆုံးပါပဲ။

ၾကာသပေတးသက္ေရာက္ထဲေရာက္ေနတဲ့ ေန႕သားအလိုက္အသက္အပိုင္းအျခားမ်ား

တနဂၤေႏြသားသမီးမ်ားအသက္—၆/၁၄/၂၂/၃၀/၃၈/၄၆/၅၄/၆၂/၇၀/၇၈ ႏွစ္မ်ား

တနလၤာသားသမီးမ်ားအသက္—၅/၁၃/၂၁/၂၉/၃၇/၄၅/၅၃/၆၁/၆၉/၇၇ ႏွစ္မ်ား

အဂၤါသားသမီးမ်ား—၄/၁၂/၂၀/၂၈/၃၆/၄၄/၅၂/၆၀/၆၈/၇၆ ႏွစ္မ်ား

ဗုဒၶဟူးသားသမီးမ်ား—၃/၁၁/၁၉/၂၇/၃၅/၄၃/၅၁/၅၉/၆၇/၇၅ ႏွစ္မ်ား

စေန သားသမီးမ်ား—၂/၁၀/၁၈/၂၆/၃၄/၄၂/၅၀/၅၈/၆၆/၇၄ ႏွစ္မ်ား

ၾကာသပေတးသားသမီးမ်ား—၁/၉/၁၇/၂၅/၃၃/၄၁/၄၉/၅၇/၆၅/၇၃ ႏွစ္မ်ား

ရာဟုသားသမီးမ်ား—၈/၁၆/၂၄/၃၂/၄၀/၄၈/၅၆/၆၄/၇၂ ႏွစ္မ်ား

ေသာၾကာသားသမီးမ်ား— ၇/၁၅/၂၃/၃၁/၃၉/၄၇/၅၅/၆၃/၇၁ ႏွစ္မ်ား

၇ရက္သားသမီးမ်ားအားလုံး ေကာင္းက်ိဳးလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ

ဆရာၿငိမ္းေအးလူ v i b e r-09775555695

LEAVE A REPLY

Please enter your comment!
Please enter your name here