အသက်ရှူရာမှာ အခက်အခဲမဖြစ်ဖို့ အဆုတ်အားကောင်းစေသော အစားအစာများ

1

အဆုတ်အားကောင်းစေသော အစားအစာများ

ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိလူသားတိုင်းကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးတစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပေါ်တဲ့ C 0 V I D -1 9 အဆုတ်ရောဂါပဲဖြစ်ပါတယ်။

ထိုရောဂါကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ကိုယ်ခံအားကောင်းဖို့လည်း လိုအပ်သလို သင့်ရဲ့အဆုတ်ကို ယခင်ကထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်

အသက်ရှူရာမှာ အခက်အခဲမဖြစ်ဖို့၊ အသက်ဝဝလင်လင်ရှူနိုင်ဖို့ရန်အတွက် အဆုတ်အားကောင်းစေတဲ့အစားအစာများကို များများစားသုံးပေးခြင်းအားဖြင့် အဆုတ်ကျန်းမာရေးကောင်းကို ကြိုးစားလိုက်ပါ။

အဆုတ်အားကောင်းဖို့အတွက်

ရေများများသောက်ပါ

သင့်ရဲ့အဆုတ်ကို ရေဓာတ်ဖြည့်ဖို့အတွက် အကျိအချွဲများ စီးဆင်းသွားလာနိုင်ဖို့အတွက် သန့်ရှင်းတဲ့ရေကို များများမသောက်သုံးပေးဖို့လိုအပ်ပါတယ်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

ကြက်သွန်တွေကတော့ သင့်နှလုံးကျန်းမာရေးအတွက်သာမက အဆုတ်ကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ လေ့လာချက်တစ်ခုအရ ကြက်သွန်ဖြူကို အစိမ်းလိုက်စားတဲ့ ဆေးလိပ်သောက်သုံးသူများက ကြက်သွန်ဖြူမစားတဲ့ ဆေးလိပ်သောက်သုံးသူများထက် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် ကြက်သွန်များ စားသုံးပေးပါက ရောင်ရမ်းခြင်း၊ ကိုလက်စတောပမာဏကို လျှော့ချပေးခြင်းနှင့် ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးခြင်း စတဲ့ ကောင်းကျိုးများ ခံစားရရှိနိုင်ပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်ရဲ့အစွမ်းကတော့ အံ့မခန်းပါပဲ။ သူ့မှာပါဝင်တဲ့ Curcumin ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဆဲလ်များကိုတောင် တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကို လျှော့ချပေးပြီး ရင်ခေါင်းတစ်ဝိုက် တင်းကြပ်မှုကို ပြေလျော့စေကာ အသက်ရှူနှုန်းကို မှန်ကန်စေပါတယ်။ ပန်းနာရင်ကြပ်သမားများအနေနဲ့ကတော့ မှန်မှန်မှီဝဲသင့်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။

ဂျင်း

ဂျင်းကို မှန်မှန်မှီဝဲပါက အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ အတားအဆီးများကို ဖယ်ရှားပေးပြီး အသက်ရှူရာမှာ အခက်အခဲမရှိအောင် ကူညီပေးပြီး အဆုတ်ကျန်းမာရေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

ပန်းသီး

ပန်းသီးတစ်လုံးမှာ အဆုတ် ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးတဲ့ Flavonoids ၊ ဗီတာမင် အီးနဲ့ ဗီတာမင် စီတို့ ပါဝင်ပါတယ်။ ပန်းသီးများများစားသုံးသူက အဆုတ်အားကောင်းပြီး ကျန်းမာတဲ့အဆုတ်ကို ပိုင်ဆိုင်နိုင်မှာပါ။

အထက်ဖော်ပြပါအစားအစာများအပြင် ငရုတ်သီးတောင့်၊ Grapefruit ၊ တလည်းသီး၊ ပန်းဂေါ်ဖီအဖြူနှင့် အစိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ အစေ့အဆံများ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ ရွှေဖရုံသီး၊ ငရုတ်ပွ စတဲ့အစားအစာများကို မှန်မှန်စားသုံးပေးခြင်းအားဖြင့်လည်း သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် ပြုလုပ်နိုင်ပါတယ်။

ခရက်ဒစ် မိုင်ဖုမြန်မာ

အသက္ရႉရာမွာ အခက္အခဲမျဖစ္ဖို႕ အဆုတ္အားေကာင္းေစေသာ အစားအစာမ်ား

အဆုတ္အားေကာင္းေစေသာ အစားအစာမ်ား

ယေန႔ေခတ္မွာ ကမၻာေပၚရွိလူသားတိုင္းကို ၿခိမ္းေျခာက္ေနတဲ့ ကပ္ေရာဂါဆိုးတစ္ခုကေတာ့ ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ေပၚတဲ့ C 0 V I D -1 9 အဆုတ္ေရာဂါပဲျဖစ္ပါတယ္။

ထိုေရာဂါကို ႀကိဳတင္ကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ္ခံအားေကာင္းဖို႔လည္း လိုအပ္သလို သင့္ရဲ့အဆုတ္ကို ယခင္ကထက္ပိုၿပီး ဂ႐ုစိုက္ေပးဖို႔ လိုအပ္ပါတယ္ေနာ္

အသက္ရႉရာမွာ အခက္အခဲမျဖစ္ဖို႔၊ အသက္ဝဝလင္လင္ရႉနိုင္ဖို႔ရန္အတြက္ အဆုတ္အားေကာင္းေစတဲ့အစားအစာမ်ားကို မ်ားမ်ားစားသုံးေပးျခင္းအားျဖင့္ အဆုတ္က်န္းမာေရးေကာင္းကို ႀကိဳးစားလိုက္ပါ။

အဆုတ္အားေကာင္းဖို႔အတြက္

ေရမ်ားမ်ားေသာက္ပါ

သင့္ရဲ့အဆုတ္ကို ေရဓာတ္ျဖည့္ဖို႔အတြက္ အက်ိအခၽြဲမ်ား စီးဆင္းသြားလာနိုင္ဖို႔အတြက္ သန႔္ရွင္းတဲ့ေရကို မ်ားမ်ားမေသာက္သုံးေပးဖို႔လိုအပ္ပါတယ္။

ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴ

ၾကက္သြန္ေတြကေတာ့ သင့္ႏွလုံးက်န္းမာေရးအတြက္သာမက အဆုတ္က်န္းမာေရးအတြက္လည္း မရွိမျဖစ္လိုအပ္ပါတယ္။ ေလ့လာခ်က္တစ္ခုအရ ၾကက္သြန္ျဖဴကို အစိမ္းလိုက္စားတဲ့ ေဆးလိပ္ေသာက္သုံးသူမ်ားက ၾကက္သြန္ျဖဴမစားတဲ့ ေဆးလိပ္ေသာက္သုံးသူမ်ားထက္ အဆုတ္ကင္ဆာျဖစ္ပြားနိုင္ေခ်ကို ၄၀ ရာခိုင္ႏႈန္းခန႔္ ကာကြယ္ေပးနိုင္ပါတယ္။

ဒါ့ေၾကာင့္ ၾကက္သြန္မ်ား စားသုံးေပးပါက ေရာင္ရမ္းျခင္း၊ ကိုလက္စေတာပမာဏကို ေလၽွာ့ခ်ေပးျခင္းႏွင့္ ေရာဂါပိုးမႊားမ်ားကို တိုက္ဖ်က္ေပးျခင္း စတဲ့ ေကာင္းက်ိဳးမ်ား ခံစားရရွိနိုင္ပါတယ္။

နႏြင္းမႈန႔္

နႏြင္းမႈန႔္ရဲ့အစြမ္းကေတာ့ အံ့မခန္းပါပဲ။ သူ႔မွာပါဝင္တဲ့ Curcumin ျဒပ္ေပါင္းတစ္မ်ိဳးက ကင္ဆာဆဲလ္မ်ားကိုေတာင္ တိုက္ဖ်က္ေပးနိုင္ပါတယ္။ ဒါ့အျပင္ ေရာင္ရမ္းမႈကို ေလၽွာ့ခ်ေပးၿပီး ရင္ေခါင္းတစ္ဝိုက္ တင္းၾကပ္မႈကို ေျပေလ်ာ့ေစကာ အသက္ရႉႏႈန္းကို မွန္ကန္ေစပါတယ္။ ပန္းနာရင္ၾကပ္သမားမ်ားအေနနဲ႔ကေတာ့ မွန္မွန္မွီဝဲသင့္တဲ့ သဘာဝေဆးစြမ္းေကာင္းတစ္လက္ပါပဲ။

ဂ်င္း

ဂ်င္းကို မွန္မွန္မွီဝဲပါက အသက္ရႉလမ္းေၾကာင္းမွာ ပိတ္ဆို႔ေနတဲ့ အတားအဆီးမ်ားကို ဖယ္ရွားေပးၿပီး အသက္ရႉရာမွာ အခက္အခဲမရွိေအာင္ ကူညီေပးၿပီး အဆုတ္က်န္းမာေရး တိုးတက္ေကာင္းမြန္ေအာင္ ျပဳလုပ္ေပးနိုင္ပါတယ္။

ပန္းသီး

ပန္းသီးတစ္လုံးမွာ အဆုတ္ ေကာင္းမြန္စြာအလုပ္လုပ္နိုင္ဖို႔အတြက္ ကူညီေပးတဲ့ Flavonoids ၊ ဗီတာမင္ အီးနဲ႔ ဗီတာမင္ စီတို႔ ပါဝင္ပါတယ္။ ပန္းသီးမ်ားမ်ားစားသုံးသူက အဆုတ္အားေကာင္းၿပီး က်န္းမာတဲ့အဆုတ္ကို ပိုင္ဆိုင္နိုင္မွာပါ။

အထက္ေဖာ္ျပပါအစားအစာမ်ားအျပင္ င႐ုတ္သီးေတာင့္၊ Grapefruit ၊ တလည္းသီး၊ ပန္းေဂၚဖီအျဖဴႏွင့္ အစိမ္း၊ ေဂၚဖီထုပ္၊ ကိုက္လန္၊ အေစ့အဆံမ်ား၊ မုန္လာဥနီ၊ လိေမၼာ္သီး၊ ေရႊဖ႐ုံသီး၊ င႐ုတ္ပြ စတဲ့အစားအစာမ်ားကို မွန္မွန္စားသုံးေပးျခင္းအားျဖင့္လည္း သင့္ရဲ့အဆုတ္ကို က်န္းမာေအာင္ ျပဳလုပ္နိုင္ပါတယ္။

ခရက္ဒစ္ မိုင္ဖုျမန္မာ

LEAVE A REPLY

Please enter your comment!
Please enter your name here