သဲသဲရဲ့ Post ကို သေသေ ချာချာ ဖတ်ကြည့်ပါ..ဆိုတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဖခင်

322

ဇင်သဲနိုင်ရဲ့ ပို့ကိုတွေ့ပြီး သားဖတ်ကြည့်စမ်းပါဆိုတဲ့.. ပိုင်ဇေရဲထွန်းရဲ့ ဖခင်

ပိုင်ဇေရဲထွန်းရဲ့ ဖခင် U Ye Htun အကောင့်ကနေပြီး ချွေးမဖြစ်သူရေးသားထားတဲ့ ပို့ကိုတွေ့ပြီး စိတ်မကောင်းဖြစ်ကာ သားဖတ်ကြည့် စဉ်းစားပေါ့ ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

“သားတို့ အခက်အခဲဖြစ်နေချိန်အိမ်ဂရန်တွေကိုထုပ်ပေးခဲ့ပြီးကူညီခဲ့တယ်… သဲသဲရဲ့post တွေကိုတွေ့ရတယ်. .သားဖတိကြည့်စဉ်းစားပေါ့. .ဖေဖေတို့ ကဆုံးရှုံးရတော့မှာပါ. .သားတို့ ဆီကဘယ်တုန်းကမှမျော်လင့်ချက်မထားခဲ့ပါ. သဲသဲရဲ့post ကိုသေသေချာချာဖတ်ကြည့်ပါ.စဉ်းစားပါ.” လို့ ရေးသားထားခြင်းဖြစ်ပါတယ်။

အသက် (၇၀) ကျော် အဖိုးအဘွားတွေ အရွယ်ဖြစ်နေပြီဖြစ်တဲ့ ပိုင်ဇေရဲထွန်းရဲ့ မိဘတွေဟာ အခုချိန်မှာ သားဖြစ်သူ နဲ့ ချွေးမဖြစ်သူတို့ရဲ့ ငွေကြေးအခက်အခဲတွေကို ချစ်တဲ့ စိတ်နဲ့ ယုံကြည်ပြီး အိမ်ဂရန်တွေထုပ်ပေးခဲ့ရာကနေ ကမ္ဘောဇဘဏ်က တရားစွဲတဲ့ ပြဿနာကို ရင်ဆိုင်နေခဲ့ရကြောင်းကိုလည်း အရင် ရေးသားတင်ပြထားခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းရဲ့ ဇနီးဖြစ်သူ Zin Thae Naing လူမှုကွန်ယက် အကောင့်ကနေပြီး တုန်ပြန်မှုတစ်ခု ရေးသားခဲ့ပါတယ်။ ထိုတုန့်ပြန်မှုဟာ Zin Thae Naing လူမှုကွန်ယက်အကောင့်မှာ ပြန်ဖျက်သွားခဲ့သော်လည်း လူမှုကွန်ယက် စာမျက်နှာမှာ SS ပုံတွေက ရှိပြီး ပြန့်နှံ့နေခဲ့ပါတယ်။

ချွေးမဖြစ်သူ ဇင်သဲနိုင်ရဲ့ တုန့်ပြန်မှုကို ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူမှ မြင်တွေ့ကာ အခုလို ရေးသားခဲ့တယ်လို့ ယူဆပါတယ်။

ဦးရဲထွန်းဟာ အိမ်နှင့်ခြံ ကိုပါ တပါတည်းတွဲပြီး စိတ်မကောင်းစွာနဲ့ ရေးသားဖော်ပြထားခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းဖခင်ဖြစ်သူ ဦးရဲထွန်းက သားဆီက ဘယ်တုန်းကမှ မျှော်လင့်ချက်မထားခဲ့ဘူးလို့ဆိုပါတယ်။ သားဖြစ်သူနဲ့ ဇနီးဖြစ်သူ ချွေးမတို့က ဖခင်ဖြစ်သူ ဦးရဲထွန်းတို့ ဇနီးမောင်နှံရဲ့ အိမ်ဂရန်ကို အခက်အခဲဖြစ်ချိန်မှာ ယူဆောင်ပြီးပေါင်ထားခဲ့ကြတာဖြစ်ပါတယ်။

(ApannPyay)

Photos – U Ye Htun