လွတ်လပ်တဲ့ ​​Single ဘဝ ဖြစ်​ရခြင်းရဲ့ ​ကျန်းမာ​ရေး​အကျိုး​ကျေးဇူး ၅ ခု

270

လွတ်လပ်တဲ့ ​​Single ဘဝ ဖြစ်​ရခြင်းရဲ့ ​ကျန်းမာ​ရေး​အကျိုး​ကျေးဇူး ၅ ခု

ApannPyay ချစ်ပ​ရိသတ်​များထဲမှာလည်း Single ​လေး​တွေပါဝင်​ကြမှာပါ။ လူတချို့က​တော့ ​ပြော​လေ့ရှိကြတယ်​။ ဘဝဟာလက်​တွဲ​ဖော်​ရှိမှပြီးပြည့်​စုံပါတယ်​တဲ့။ ဒါကို ယုံကြည်​ကြသူ​တွေရှိကြ​ပေမယ့်​ လူမှုစိတ်​ပညာရှင်​တစ်​ဦးဖြစ်​တဲ့ Bella DePaulo ရဲ့ ​လေ့လာချက်​အရ တစ်​ကိုယ်​ရည်​သမား Single အဖြစ်​နဲ့​နေထိုင်​ကြသူ​တွေဟာ အိမ်​​ထောင်​ရှင်​​တွေထက်​ စိတ်​ပိုင်းဆိုင်​ရာအရ​ရော၊ ရုပ်​ပိုင်းဆိုင်​ရာအရပါ ပိုပြီးကျန်းမာ​ပျော်​ရွှင်​ကြရပါတယ်​တဲ့။ ဒါဆိုရင်​ Bella ရဲ့ သု​တေသနအရ Single ဖြစ်​ရခြင်းမှာ ရရှိနိုင်​တဲ့ ကျန်းမာ​ရေး​အကျိုး​ကျေးဇူး ၅ ချက်​ကို ကြည့်​လိုက်​ရ​အောင်​လား။

၁။Single ​​တွေဟာ လူမှုဆက်​ဆံ​ရေး နဲ့ လူမှုအသိုင်းအဝိုင်းမှာ ပိုပြီလူ​တောတိုး၊ လူဝင်​ဆံ့ကြပါတယ်​တဲ့။ အိမ်​​ထောင်​ရှင်​​တွေထက်​ လူမှု​ရေးကိုပိုအချိန်​​ပေးနိုင်​တာ​ကြောင့်​ နယ်​ပယ်​​ပေါင်းစုံမှာ မိတ်​​ဆွေစစ်​​တွေကိုရရှိကြပြီး လူ​တွေကိုအချိန်​မ​ရွေးကူညီ​ပေးနို​င်​သလို Single ​တွေဟာ သူတို့လိုအပ်​တဲ့အချိန်​လည်း မိတ်​​ဆွေ​ကောင်းေ​တွဆီက အကူအညီ​ကောင်း​တွေရရှိကြပါတယ်​တဲ့။

၂။Single ​တွေက မိသားစု​ရေးရာ၊ အိမ်​​ထောင့်​တာဝန်​​တွေပိ​နေတဲ့ အိမ်​​ထောင်​ရှင်​​တွေထက်​ ကိုယ်​ကာယကြံ့ခိုင်​မှုမှာ ပို​ကောင်းကြပါတယ်​တဲ့။ ဒါက​တော့သိပ်​မဆန်းတဲ့အချက်​ပဲ​နော့။ လွတ်​လပ်​တဲ့ Single ဘဝမှာ Gym ကစားဖို့အချိန်​​ပေးနိုင်​သလို ​လေ့ကျင့်​ခန်းလည်းပိုလုပ်​ဖြစ်​ကြတာကိုး။

၃။တစ်​ကိုယ်​ရည်​တိုးတက်​မှုပို​င်းအရ ကြည့်​မယ်​ဆိုရင်​လည်း လွတ်​လပ်​တဲ့ Single သမား​တွေက တစ်​ကိုယ်​ရည်​တိုးတက်​မှု၊ ဖွံ့ဖြိုးမှု၊ နဲ့ ​လေ့လာသင်​ယူကြံဆမှုအပိုင်းမှာ အိမ်​​ထောင်​ရှင်​​တွေထက်​ပိုအားထုတ်​နိုင်​တယ်​လို့ သိရပါတယ်​။

၎။ဒီအချက်​က​တော့ ရက်​​ရော​ပေးကမ်းမှုအပိုင်းပါပဲ။ Single ​တွေက မိတ်​​ဆွေသူငယ်​ချင်း​တွေအတွက်​ အကုန်​အကျခံနိုင်​သူ​တွေဖြစ်​သလို အိမ်​​ထောင်​ရှင်​​တွေက​တော့ အိမ်​​ထောင်​ကျပြီး​တဲ့​​နောက်​မှာ ခြိုးခြံ​ချွေတာရရင်း ခြစ်​ကုတ်​တတ်​တဲ့ကပ်​​စေးနည်းသူ​တွေဖြစ်​သွားတတ်​ကြတာပါ။ Single ​တွေ အတွက်​က​တော့ ​ပိုက်​ဆံကိစ္စကဒီ​လောက်​​ခေါင်းပူစရာမရှိလို့ သူငယ်​ချင်း​တွေအတွက်​ သုံးနိုင်​ဖြုန်းနိုင်​ကြပါတယ်​တဲ့။

၅။တစ်​ကိုယ်​ရည်​ကိုယ်​ပိုင်​အချိန်​ပိုင်​ဆို​င်​မှုမှာလည်း Single ​တွေကို အိမ်​​ထောင်​ရှင်​​တွေကလိုက်​မမီပါဘူး။ တကယ်​​တော့လူတစ်​​ယောက်​က ဘဝကိုဖြတ်​သန်း​နေရင်း ကိုယ့်​ကိုယ်​ကို ပြန်​သိနားလည်​ဖို့ဆိုရင်​ တစ်​ကိုယ်​ရည်​အပန်း​ဖြေချိန်​၊ တစ်​ကိုယ်​တည်း​တွေး​တောဆင်​ခြင်​ချိန်​၊ တစ်​ကိုယ်​ရည်​လွတ်​လပ်​ချိန်​ စသဖြင့်​ တစ်​ကိုယ်​​ရည်​ကိုယ်​ပိုင်​အချိန်​ကို သီးသန့်​လိုအပ်​တာအမှန်​ပါ။ အိမ်​​ထောင်​သည်​​တွေမှာ​တော့ ဒီအခွင့်​အ​ရေးက ရှားပားသွားပါပြီ။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL(ApannPyay)