အနမ်း​ချင်းဖလှယ်​တဲ့အခါ ဘယ်​လိုကျန်းမာ​ရေးအကျိုး​ကျေးဇူး​တွေ ရရှိနိုင်​သလဲ

345

အနမ်း​ချင်းဖလှယ်​တဲ့အခါ ဘယ်​လိုကျန်းမာ​ရေးအကျိုး​ကျေးဇူး​တွေ ရရှိနိုင်​သလဲ

၁။ဓာတ်​မတည့်​မှုနဲ့ စိတ်​ဖိစီးမှုကို သက်​သာ​စေပါတယ်​​​။ ချစ်​သူ​တွေ အနမ်းချင်းဖလှယ်​တဲ့အခါ ဓာတ်​မတည့်​မှုရဲ့တရားခံဖြစ်​တဲ့ Histamine ​ဟိုမုန်းနဲ့ စိတ်​ဖိစီးမှုဖြစ်​​စေတဲ့ Cortisol ​ဟိုမုန်းတို့ကို အလိုလို​လျော့နည်းသွား​စေပါတယ်​။

၂။ကယ်​လိုရီကို​လောင်​ကျွမ်း​စေပြီး ပိုပြီးနုပျို​စေပါတယ်​။ အနမ်းချင်းဖလှယ်​တဲ့အခါ မျက်နှာကြွက်​သား​တွေကိုအသုံးပြုရတာ​ကြောင့်​ တစ်​နာရီကို ၁၂၀ ​​ကယ်​လိုရီနှုန်းအထိ​လောင်​ကျွမ်း​စေတာပါ။ ဒါ့အပြင်​ မျက်​နှာကြွက်​သား ​၂ မျိုးက​နေ ၃၄ မျိုးအထိ အလုပ်​လုပ်​ရတာ​ကြောင့်​ လူရဲ့မျက်​နှာကိုပိုမိုနုပျို​စေတာပါ။

၃။အဆုတ်​နဲ့ နှလုံးကျန်းမာ​ရေးကိုအ​ထောက်​အကူ​ပေးတယ်​။ အနမ်းချင်းဖလှယ်​​နေစဉ်​မှာ လူရဲ့အဆုတ်​ဟာ ပုံမှန်​ထက်​ ၃ ဆ ပိုအလုပ်​လုပ်​ပါတယ်​တဲ့။ တစ်​မိနစ်​ကို အကြိမ်​ ၆၀ အထိ ​လေရှုသွင်းဖြစ်​​စေတာမို့ အဆုတ်​ကျန်းမာ​ရေးကို​ကောင်းမွန်​​စေပါတယ်​။ ကိုလက်​စထ​ရောကို ကျ​စေတာမို့ နှလုံးခုန်​နှုန်းနဲ့ ​သွေးဖိအားကိုလည်းပုံမှန်​ဖြစ်​​စေပါတယ်​တဲ့။

၎။နာကျင်​မှုနဲ့ ​ခေါင်းကိုက်​​ဝေဒနာကိုပါသက်​သာ​စေတဲ့ အနမ်း​ခြွေရဲ့ အစွမ်းထက်​မှုပါ။ ဒါ​ကြောင့်​ အနမ်း​ခြွေပါ။ ဓမ္မတာလာတဲ့အခါခံစားရတဲ့နာကျင်​ကိုက်​ခဲ​တွေအထိပါ ​လျော့ပါးသက်​သာ​စေပါတယ်​တဲ့။

၅။ ကိုယ်​ခံအားကို ​ကောင်းမွန်​လာ​စေတယ်​။ ဒီအချက်​က စိတ်​ဝင်​စားစရာပါ။ လူရဲ့တံ​တွေးမှာ ပါဝင်​တဲ့ ဘက်​တီးရီးယား ၈၀ ရာခိုင်​နှုန်း က လူတိုင်းအတွက် အ​တူတူဖြစ်​​ပေမယ့်​ ကျန်​ ၂၀ ရာနှုန်းက ကိုယ်​ပိုင်​ဘက်​တီးရီးယား​တွေဖြစ်​တာ​ကြောင့်​ အနမ်းချင်းဖလှယ်​တဲ့အခါ တံ​တွေးက​နေတစ်​ဆင့်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ဘက်​တီးအလဲအလှယ်​ဖြစ်​တာ​ကြောင့်​ ကိုယ်​တွင်းခုခံအားစနစ်​ကို ပိုပြီး​တိုးတက်​ကာင်းမွန်​လာ​စေတာပါ။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL(ApannPyay)