ငါးတစ်ကောင်ရဲ့ ဗိုက်ထဲမှာ တွေ့ရှိတဲ့ စာအုပ်တစ်အုပ်၊ ဒစ်ဂျစ်တယ်လ် ကင်မရာတစ်လုံး

358

တစ်ချို့သော လူတွေကတော့ လူတွေရဲ့အမှိုက်သရိုက်အညစ်အကြေးများကို ပင်လယ်၊ ချောင်း၊ မြောင်း၊ ကန် တွေထဲမှာမပစ်ချဖို့ သတိပေးနှိုးဆော်လျက်ရှိပါတယ်။ အမှိုက်များကိုပစ်ချလိုက်ခြင်းက ရေနေသတ္တဝါလေးတွေကို သတ်လိုက်တာနဲ့ အတူတူပါပဲနော်။ လူအချို့ရဲ့ ပေါ့ဆမှုကြောင့် ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်နေရတာကတော့ ရေနေသတ္တဝါလေးတွေပါ။

Creature အချို့က ကံဆိုးရှာတဲ့ ဗိုက်ဖောင်းကားနေတဲ့ သနားစရာ ငါးလက်ထုံလေးတစ်ကောင်ကိုတွေ့ရှိခဲ့ရပါတယ်။ ဗိုက်ကိုခွဲကြည့်လိုက်တော့မှ ကြောက်စရာကောင်းစွာနဲ့ပဲ စာအုပ်တစ်အုပ်၊ ဒစ်ဂျစ်တယ်လ် ကင်မရာတစ်လုံး နဲ့အတူ စီးကရက်တစ်ထုပ်ကိုတွေ့ရှိခဲ့ရပါတယ်။ ApannPyay ပရိတ်သတ်ကြီးရေ ဒီငါးလေးဟာ မသေခင်အရမ်းနာကျင်နေခဲ့ရမှာပဲနော်။

ဒီအဖြစ်အပျက်တွေကို 5MinuteBeachCleanup ဖောင်ဒေးရှင်းအဖွဲ့က IG မှာမျှဝေပေးခဲ့တာပါ။ Creature တွေကလည်း သနားစရာငါးလေးကို အသက်သေရက်နဲ့သာတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ငါးလေးရဲ့ဗိုက်ထဲမှာရှိတဲ့စာအုပ်ဟာ တရုတ်ဘာသားစကားဖြင့်ရေးသားထားပြီး သေချာထုတ်ဖော်မပြခဲ့ပါဘူး။ ကင်မရာကတော့ သုံးလို့ရသေးတယ်လို့ သိရှိရပါတယ်။

ကင်မရာမှာရှိတဲ့ ဓါတ်ပုံတွေ နဲ့အချက်အလက်တစ်ချို့ကပိုင်ရှင် ဘယ်သူလည်းဆိုတာရှာဖွေနိုင်ပါတယ်လို့ သိရပါတယ်။ တကယ်တော့ ငါးလက်ထုံလေးတွေဟာ ပုဇွန်၊ ကနုကမာလေးတွေနဲ့ ငါးအသေးစားလေးတွေကိုစားတဲ့ မျိုးစိတ်ပါ။ ဒါပေမယ့် ဗိုက်အရမ်းဆာနေတဲ့ ငါးလက်ထုံတစ်ကောင်အနေနဲ့ကတော့ ၄င်းရဲ့ရှေ့မှာရှိတဲ့ မြင်တဲ့အရာတိုင်းကို စားသောက်ပစ်တတ်တယ်ဆိုတာပါပဲ။ ကံမကောင်းစွာနဲ့ ဒီငါးလေးကတော့ ၄င်းရဲ့ အသက်ကိုသေစေနိုင်တဲ့ အမှိုက်ထုပ်ကို ဝါးမြိုမိလိုက်တာပါပဲ။

ဒါ့ကြောင့် ApannPyay ပရိတ်သတ်ကြီးလည်း အချို့သောလူများ အသိတရားဝင်လာအောင် အချင်းချင်းမျှဝေပေးကြရအောင်နော်။နောက်အချက်တော့ သင်ကိုယ်တိုင်လည်း သင့်ရဲ့အကျင့်တွေကိုပြန်လည်သုံးသပ်ကြည့်ပါ။ သင့်ရောသင့်ရဲ့ အမှိုက်တွေကို ဘယ်လိုနေရာမှာ စွန့်ပစ်နေလည်းဆိုတာ ပြန်စဉ်းစားကြည့်ပါဦးနော်။

နှစ်စဉ်နှစ်တိုင်းမှာတော့ ပင်လယ်တွေထဲမှာ လူတွေအမှတ်တမဲ့ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို တွေ့ရှိနေရတယ်လို့ သိရှိရပါတယ်။ လူတစ်ချို့ရဲ့အမှတ်တမဲ့က ရေနေသတ္တဝါလေးတွေအတွက် အသက်ပါစတေးနေကြရတ်ာပါတယ်။ အသက်တိုင်းဟာတန်းဖိုးဖြတ်လို့မရတာမို့ သင်လည်းသင့်ရဲ့အမှိုက်တွေ အမှိုက်တောင်းထဲမှာစွန့်ပစ်ကြဖို့ ApannPyay ပရိတ်သတ်ကြီးက အသိပေးနှိုးဆော်လိုက်ရအောင်နော်။

San Htet Wai ( ApannPyay)

Source- Elite Reader