လူတစ်ဦးတိုင်းမှာ စိတ်ဝင်စားတဲ့ အနုပညာတစ်ခုခုကို မဖြစ်မနေ လုပ်နေသင့်တဲ့ အချက် (၅)ချက်

217

လူတိုင်း အ​နုပညာဖန်​တီး​ပြီး ​နေထိုင်​သွားဖို့လိုအပ်​​​ကြောင်း သိပ္ပံနည်းကျ​ထောက်​ခံထားတဲ့ အ​ကြောင်းအရင်း ၅ ချက်

လူတိုင်းမှာ အနုပညာဗီဇစိတ်​နဲ့ ဗီဇအခံရှိနှင့်​ပြီးသားဖြစ်​ပါတယ်​။ အခု​ပြောပြမယ့်​အ​ကြောင်းအရာ​က​တော့ အနုပညာတစ်​ခုခုမှာ ​ပျော်​ဝင်​စီးဆင်းကြတဲ့အခါ ဘဝအတွက်ဘယ်​​လောက်​အ​ထောက်​အကူပြုလဲဆိုတာ သိ​စေလိုရင်းပါ။

ကျွမ်းကျင်​မှုရှိလား၊ မရှိလားဆိုတာနဲ့သက်​ဆိုင်​မှုမရှိဘဲ လူတိုင်းလိုလို အ​နုပညာဖန်​တီး​ပြီး ​နေထိုင်​သွားဖို့လိုအပ်​​​ကြောင်း သိပ္ပံနည်းကျ​ထောက်​ခံထားတဲ့ အ​ကြောင်းအရင်း ၅ ချက်​ ကို ​ဖော်​ပြ​ပေးမှာပါ။

၁။ စိုးရိမ်​​သောကစိတ်​ နဲ့ စိတ်​ဖိအားဒဏ်​ကို ​လျော့နည်းသွား​စေတာ အဓိကအချက်​ပါပဲ။ အနုပညာပုံစံတစ်​ခုခုကို ၄၅ မိနစ်​စာ​လောက်​ အာရုံစိုက်​ဖန်​တီးဖြစ်​တဲ့အခါ စိတ်​ဖိစီးမှု​ကိုဖြစ်​​စေတဲ့ Cortisol ဟော်​မုန်းဟာ ​လျော့ကျသွားပါတယ်​တဲ့။ ဒါဟာ ကိုယ်​ ​​အနုပညာကျွမ်းကျင်​မှု ရှိ မရှိ နဲ့ မသက်​ဆိုင်​သလို စာ​မေးပွဲ​ဖြေဆိုရမယ့်​ကျောင်းသား​တွေအ​နေနဲ့လည်း နာရီဝက်​စာ​လောက်​ အလွတ်​လပ်​ဆုံး ပန်းချီဆွဲ​နေလိုက်​တာဟာ စိတ်​ကိုသက်​သာ​ပေါ့ပါးသွား​စေတဲ့ အကျိုးကိုခံစား​စေမှာပါ။

၂။ စိတ်​မ​ပျော်​ရွှင်​မှု၊ စိတ်​ဆင်းရဲတဲ့ခံစားချက်​နဲ့ ဝမ်းနည်းမှု​တွေရှိလာခဲ့တဲ့အချိန်​မှာလည်း အနုပညာတစ်​ခုခု အာရုံစိုက်​လုပ်​​နေလိုက်​တာဟာ တခြားအရာ​တွေလုပ်​​နေတာထက်​ လူအတွက်​ပိုအကျိုးရှိ​စေတယ်​လို့ဆိုပါတယ်​။

၃။ မှတ်​ဥာဏ်​အား​ကောင်းလာ​စေတာလည်း သတိပြုစရာတစ်​ချက်​ဖြစ်​ပါတယ်​။ ဒီအချက်​က​တော့ ဆရာစာသင်​ချိန်​မှာ နား​ထောင်​ရတာပျင်းလာရင်​ ပုံ​တွေဆွဲ၊ ပန်းချီ​တွေဆွဲ၊ သီချင်း​တွေ​ရေးသားဖန်​တီး​နေတတ်​ရင်း စာသင်​တာကိုနား​ထောင်​တတ်​တဲ့​ကျောင်းသား​တွေကို ​လေ့လာပြီး​တွေ့ရှိခဲ့တာပါ။ သူတို့ရဲ့မှတ်​ဥာဏ်​က ထက်​မြက်​လာပါတယ်​တဲ့။

၎။ စာ​ရေးသားခြင်းလို စဉ်းစား​တွေး​ခေါ်ရင်းဖန်​တီးရတဲ့ အနုပညာတစ်​မျိုးမှာလည်း ပြသနာ​တွေအ​ပေါ်ချဉ်းကပ်​ရာမှာ လူရဲ့အမြင်​ကိုသစ်​လွင်​သွား​စေတဲ့ အကျိုး​ကျေးဇူးရှိပါတယ်​တဲ့။ ကိုယ့်​ရဲ့စိတ်ထိခိုက်​​​ခံစားမှု​တွေကို ချ​ရေးဖြစ်​တဲ့အခါ ကိုယ့်​ရဲ့စိတ်​ဒုက္ခ​တွေကို ဘယ်​လိုကိုင်​တွယ်​​ပြီး ဘဝကိုဘယ်​လိုထိန်း​ကျောင်းရမလဲဆိုတာ ပိုပြီးသိနားလည်​လာ​စေပါတယ်​တဲ့။

၅။ လွတ်​​မြောက်​ရာတစ်​ခုကိုရ​စေပြီး ဘဝရဲ့လူမှုဘဝနဲ့ ခဏကင်း​ဝေး​စေသလို ကိုယ်​ပိုင်​ သီးသန့်​ဝပ်​ကျင်း​လေးလို ဖြစ်​​စေတာလည်း အနုပညာဖန်​တီးဖို့အချိန်​​ပေးခြင်းရဲ့အားသာချက်​တစ်​ခုပါပဲ။ စိတ်​​ကျေနပ်​နှစ်သိမ့်​​ဖွယ်​ရာအတိဖြစ်​​စေတဲ့ အ​ကောင်းစားအချိန်​အပိုင်းအခြားတစ်​ခုကို အနုပညာဖန်​တီး​နေသူ​တွေမှာ ရရှိနိုင်​ကြပါတယ်​။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ပါတယ်​။

EFIL (ApannPyay)