လက်တွဲသွားမယ့် အိမ်ထောင်ဖက်ကို ပြောပြလိုက်တဲ့ သင်ဇာဝင့်ကျော်

0
347

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တယောက်ဖြစ်ပြီး အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး သင်ဇာဝင့်ကျော်ကတော့ ယခုနောက်ပိုင်းမှာတော့ ပုရိသတွေကြားထဲမှာ ရေပန်းစားနေတာပါ။ သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်းလိုလို ဆက်ဆီကျလွန်းတဲ့ ဖက်ရှင်တွေကြောင့်လည်း ဝေဖန်ခံရတာတွေရှိသလို အားပေးခံရတာတွေလည်း ရှိပါတယ်။ သင်ဇာဝင့်ကျော်တယောက်ကတော့ ဒီလိုဖက်ရှင်တွေကြောင့် နာမည်ကြီးနေတဲ့ကြားက ချစ်သူလေးကိုချပြလိုက်တာကြောင့်လည်း သူတို့သတင်းလေးကတော့ ပရိသတ်တွေကြားမှာ ပိုပြီးတော့ ပျံနှံ့သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံခြားသားနဲ့ ကြိုက်နေတဲ့ သင်ဇာတယောက်ကတော့ အချစ်ရေးမှာ မစွံပဲ ချစ်သူနဲ့ ကြာကြာမတွဲလိုက်ရပဲ ပြီးခဲ့တဲ့ရက်ပိုင်းလေးတုန်းကတော့ ပျက်ဆဲကြောင်း ပရိသတ်တွေကို အသိပေးတဲ့ စာလေးတစောင်တင်ထား တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သင်ဇာဝင့်ကျော် တယောက် အချစ်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်နဲ့ ဘယ်လိုမျိုးရှိလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ လက်ရှိအချိန်မှာ အချစ်ရေးနဲ့ ပတ်သက်ပြီး “သူနဲ့တွဲ့တာကတော့ ၆လလောက်ဘဲ ရှိဦးမယ်။ စတွေ့တာ၆လလောက်နဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ခန့်မှန်းလို့မရသေးဘူး။ တစ်ယောက်နဲ့ တစ်ယောက်က အဝေးမှာ နေ့တိုင်းလဲတွေ့နေရတာ မဟုတ်တော့ အဆင်မပြောတာတွေလည်း ရှိတယ်လေ။

ရွေးချယ်မယ့်ချစ်သူပုံစံနဲ့ ပတ်သက်ပြီး “ကိုယ်ရွေးချယ်ချင်တဲ့ အိမ်ထောင်ဘက်နဲ့ ကိုက်ညီရင်လူဖြူဘဲဖြစ်ဖြစ် လူမဲဘဲဖြစ်ဖြစ် ရွေးချယ်သွားမှာပါအရှေ့မှာလဲ ထားခဲတဲ့ချစ်သူတွေရှိတယ် ဗုဒ္ဓဘာသာ ဗမာလူမျိုး တကယ်တွဲကြည့်တဲ့အခါ ကိုယ်နဲ့အဆင်မပြေတာမျိုးတွေ ရှိတယ် သေးသေးဖွဲဖွဲလေးတွေကစ ကြီးကြီးမာတွေဖြစ်လာတယ်

စဉ်းစားကြည့်လိုက်တော့ ဗမာလူမျိုး ဖြစ်နေမှမဟုတ်ဘူးနိုင်ငံခြားသားဖြစ်နေလဲ အိမ်ကလက်မခံဖို့ အကြောင်းမရှိပါဘူး သင်ဇာ ယူဖို့အချိန်ကျလာရင်တော့ မိဘတွေက သင်ဇာ အပေါ်တကယ်ကောင်းပီး အချိန်ပေးချစ်နိုင်ရင် လက်ခံနိုင်မှာပါ” ဟု ဖြေကြားသွားပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း သင်ဇာရဲ့ အချစ်ရေးကို သိချင်နေကြမယ် ထင်ပါတယ်။ ဘာလိုပဲ ဖြစ်နေနေ သင်ဇာကို အားပေးကြမယ်မလား။

(APannPyay)