သူ့ယောကျာ်းတော့မသိဘူး ကျနော်တော့ သူ့လက်သံမြည်းဖူးတယ်ဆိုပြီး သက်မွန်မြင့်အကြောင်း ပြောလာတဲ့ ဟက်ကတ်

425

သူ့ယောကျာ်းတော့မသိဘူး ကျနော်တော့ သူ့လက်သံမြည်းဖူးတယ်ဆိုပြီး သက်မွန်မြင့်အကြောင်း ပြောလာတဲ့ ဟက်ကတ်

အနုပညာလောကထဲမှာ ခြေချလာတာကြာပြီ ဖြစ်တဲ့ သက်မွန်ုမြင့်ကတော့ လက်ရှိမှာတော့ သူမရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုး အထိန်းအမှတ်အနေနဲ့ သက်မွန်မြင့်ကတော့ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ သူ့ရဲ့ အမာခံပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သက်မွန်မြင့်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေထဲမှာမှ တခေတ်တခါက နှုတ်ခမ်းနီမလေးတွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ သရုပ်ဆောင်ဟက်ကတ်ကလည်း တက်ရောက်ခဲ့ပြီး သက်မွန်မြင့်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေအကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

သရုပ်ဆောင် ဟက်ကတ်ကတော့ သက်မွန်မြင့်နဲ့ ရင်းနှီးခဲ့တဲ့အကြောင်းကိုတော့ “သက်မွန်မြင့် ဒီလောကထဲစရောက်လာ ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးတယ်။ ကျွန်တော်တို့စိုင်းစိုင်းတို့ ငဖြိုးတို့က ဗီစီဒီ တွေရိုက်နေကြတဲ့အချိန်၊ အဲဒီကလေးမလေးက ကျွန်တော်တို့ဒီဘက်ခေတ် စကားနဲ့ပြောရင်တော့ မိုက်တယ်ပေါ့။တွဲရိုက်ဖြစ်တယ်။ သက်မွန်က ကျွန်တော်တို့ထက် ဒေါင်လည်းကောင်းတယ်။ ဘော်ဒီလည်းတောင့်တယ်။ ကျွန်တော်တို့က ပိန်ပိန်ပါးပါးလေးတွေဆိုတော့ သူနဲ့ရိုက်ရင် အင်္ကျီအပွကြီး တွေဝတ်ရတယ်။ အဲဒါကတော့ အမှတ်တရပါပဲ”

“ဒါကတော့ သေချာတယ်။ သက်မွန်ကို ကျွန်တော်ချစ်တဲ့အပိုင်းမှာလည်း အဲဒါတွေပါတယ်။ သက်မွန်က ငယ်ငယ်ကတည်းက ကျွန်တော်တို့နဲ့အတူတူ ရှုတင်ကားတွေဘာတွေစီး ဒီိလိုပဲနေတာပဲ။ နောက်ပိုင်းမှာ သူပုံစံတွေပြောင်းသွားတယ်။ မင်းသမီးဖြစ်လာတယ်။ အကယ်ဒမီတွေရ ၊မွေးနေ့ပွဲလား အိမ်သစ်တက်ပွဲလား ကျွန်တော်မမေ့ဘူး။ အခုထိလည်းမမေ့ဘူး။ ကျွန်တော်က သူဖိတ်တဲ့နေ့မှာ ကယားဘက်ကိုရောက်နေလို့ အခုတောင်ဖုန်းဆက်လိုက်သေးတယ်။ သူငယ်ချင်း၊ ငါဒီနေ့မှပြန်ရောက်တာ။ ဆောရီးနော်လို့။ ဒါပေမယ့် နောက်နှစ်ထပ်လုပ်၊ နောက်တစ်ခေါက်ထပ်လုပ်၊ ငါလာခဲ့မယ်လို့၊ သူကလုံးဝမပြောင်းလဲဘူး။ သူက အခုအိမ်အကြီးကြီးဆောက်ထားလည်း ဖိတ်တာပဲ”

“ကျွန်တော်တို့ ဗီစီဒီတွေရိုက်တော့ ပါးရိုက်တဲ့ အခန်းပါတယ်ဗျာ။ အဲဒီမှာ သူနဲ့ကျွန်တော်နဲ့ ရီဟာဇယ်တွေရိုက်၊ အကွာအဝေးတွေဘာတွေချိန်ပြီးတော့ လုပ်တော့။ ရိုက်တော့ ကျွန်တော့်ကိုအချက်တိုင်းထိတယ်။ နှစ်ချက်သုံးချက်တွေဘာတွေထိလာတော့ ကျွန်တော်တို့က သက်မွန်မဟုတ်တော့ဘူးကွာလို့ ငါရှောင်တာပဲလို့ ထိကိုထိနေတာလို့သူ့လက်ကိုကျွန်တော်တိုင်းကြည့်တော့ ကျွန်တော့်ထက် လက်သုံးလုံးလောက်ကိုရှည်နေတာ။

ဦးအောင်ကိုလတ်ဆီမှာ ကိုယ်ခံပညာတွေ ဘာတွေလည်းတက်ထားတော့ သူ့ယောက်ျားခံရလား မခံရလားတော့မသိဘူး။ ကျွန်တော်တော့ သက်မွန်လက်သံမြည်းဖူးတယ်ဗျ” ဟု ပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း သက်မွန်မြင့်ကိုရော သရုပ်ဆောင် ဟက်ကတ်ကိုရော အားပေးကြဖူးမယ်လို့ ထင်ပါတယ်။

ApannPyay