Avengers: Endgame ကို ၁၁၆ကြိမ်အထိ ကြည့်ခဲ့တဲ့အမျိုးသား

153

Avengers: Endgameကို ၁၁၆ကြိမ်ကြည့်ခဲ့တဲ့အမျိုးသား

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အမျိုးသားတယောက်ဟာ မာဗယ်စတူဒီယိုရဲ့အကြီးစားပရိတ်သက်တယောက်ပါ။ သူဟာ အခုနောက်ဆုံးထွက်ရှိထားတဲ့ မာဗယ်ရဲ့နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Avengers: End gameကို အခေါက်ပေါင်း ၁၁၆ကြိမ်တိတိ ရုပ်ရှင်ရုံတွေကိုလှည့်လည်ပြီးကြည့်ရှုခဲ့တာပါ။

အသက်၃၀ အရွယ်ရှိပြီဖြစ်တဲ့ Agustin Alanis ဟာ အခု ၁၁၄ကြိမ်မှာတင်မရပ်သေးပဲ အကြိမ်၂၀၀ပြည့်တဲ့အထိကြည့်ရှုပြီး ဂင်းနစ်စံချိန်တင်ဖို့ကြိုးစားသွားမယ်လို့သိရပါတယ်။ သုံးနာရီဝန်းကျင်ကြာတဲ့ဒီရုပ်ရှင်ကို သူဟာ စနေ၊တနင်္ဂနွေပိတ်ရက်တိုင်းမှာ ငါးခေါက်စီကြည့်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်ဒီရုပ်ရှင်ကို ရုံမချခင်မှာ အကြိမ်၂၀၀ပြည့်အောင်ကြည့်ပြီး စံချိန်အသစ်တင်ဖို့အစွမ်းကုန်ကြိုးစားနေကြောင်းသိရပါတယ်။ အခုလက်ရှိစံချိန်တင်ထားတဲ့ ၁၁၄ကြိမ်ဟာ ပထမစံချိန်တင်ထားတဲ့ Anthony Mitchell ရဲ့စံချိန်ကို ကျော်လွန်နေပါပြီ။ အရင်စံချိန်ဟာလည်း မာဗယ်စတူဒီယိုကနေထုတ်ထားတဲ့ Avengers: Infinity Warရုပ်ရှင်ကို ၁၀၃ကြိမ်ကြည့်ရှုပြီးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။

အော်စတင်ဟာ အရင်စံချိန်တင်ထားတဲ့အန်သိုနီနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံကိုတွစ်တာမှာတင်ခဲ့ပြီး သူဒီလိုစံချိန်သစ်တင်ချင်အောင်စိတ်ခွန်အားပေးခဲ့တဲ့သူလို့ရေးသားထားခဲ့ပါတယ်။

Yenin Phawah(Apannpyay)

Resource: geek