ၿမိဳ႕တစ္ၿမိဳ႕လံုးကို အပိုင္၀ယ္ၿပီး (Gay Hell) အေျခာက္ငရဲၿမိဳ႕လို႔နာမည္ေပး

403

အသက္၂၅ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ Elijah Danielဟာ အေမရိကန္ႏိုင္ငံမီခ်ီမွာရွိတဲ့ျမိဳ႕ငယ္ေလးတစ္ျမိဳ႕ကိုအပိုင္၀ယ္ျပီး (Gay Hell) အေျခာက္ငရဲျမိဳ႕လို႔ အမည္ေပးလိုက္ပါတယ္။ ဒါဟာသမၼတေဒၚနယ္ထရမ့္ရဲ႕ LGBT ေတြကိုေထာက္ခံအားေပးတဲ့ Pride month အတြင္း အေမရိကန္ျပည္ေထာင္စုရဲ႕အစိုးရရံုးေတြမွာ LGBTမ်ားကိုေထာက္ခံအားေပးတဲ့အမွတ္သညာတစ္ခုျဖစ္တဲ့ သက္တံ့ေရာင္အလံေတြကိုလႊင့္ေပး ဖို႔ ျငင္းပယ္ခဲ့မွဳအေပၚ သြယ္၀ွက္တဲ့နည္းနဲ႔ဆႏၵျပတဲ့လုပ္ရပ္တစ္ခုလို႔ဆိုပါတယ္။

သူဟာတစ္ျမိဳ႕လံုးကို၀ယ္ျပီးတဲ့ေနာက္ ျမိဳ႕ေတာ္၀န္အေနနဲ႔ပါျမိဳ႕ရဲ႕တာ၀န္ေတြကိုထမ္းေဆာင္ေနခဲ့တာျဖစ္ျပီး ေဒၚနယ္ထရမ့္ေတာင္သမၼတျဖစ္ေသးရင္ ကၽြႏု္ေတာ္ကေကာဘာလို႔ျမိဳ႕ေတာ္၀န္တေယာက္မျဖစ္ႏိုင္ရမွာလဲလို႔မီဒီယာေတြကိုေျပာခဲ့ပါတယ္။

အဲ့ဒီျမိဳ႕ထဲမွာလႊင့္တင္ခြင့္ရွိတဲ့အလံေတြဟာ သက္တံ့ေရာင္အလံေတြပဲရွိပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ျငင္းဆန္ခဲ့မွဳအျပီးမွာ သူဟာျမိဳ႕ေပါင္းမ်ားစြာကိုျမိဳ႕ေတာ္၀န္အျဖစ္ခန္႔အပ္ေပးႏိုင္မလားလို႔ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ျမိဳ႕ေတြအကုန္လံုးနီးပါးကျငင္းဆန္ခဲ့ျပီး ဒီျမိဳ႕ကေတာ့ လုပ္ဖို႔ခြင့္ျပဳခဲ့ပါတယ္။

သူရဲ႕ျမိဳ႕ေလးအေၾကာင္းကိုတြစ္တာမွာတင္ခဲ့ျပီးေနာက္မွာ လူမွဳကြန္ယက္ေပၚမွာ မိတ္ကပ္ဗီဒီယိုတင္ကာ နာမည္ၾကီးေနတဲ့ Jeffery Starအပါအ၀င္ နာမည္ၾကီးေတာ္ေတာ္မ်ားမ်ားက ဒီျမိဳ႕မွာေနခ်င္တယ္လို႔ဆိုခဲ့ၾကပါတယ္။

Yenin Phawah( ApannPyay)

Unicode

မြို့တစ်မြို့လုံးကိုအပိုင်ဝယ်ပြီး (Gay Hell) အခြောက်ငရဲမြို့လို့နာမည်ပေးလိုက်တဲ့Youtuber

အသက်၂၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Elijah Danielဟာ အမေရိကန်နိုင်ငံမီချီမှာရှိတဲ့မြို့ငယ်လေးတစ်မြို့ကိုအပိုင်ဝယ်ပြီး (Gay Hell) အခြောက်ငရဲမြို့လို့ အမည်ပေးလိုက်ပါတယ်။ ဒါဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့ LGBT တွေကိုထောက်ခံအားပေးတဲ့ Pride month အတွင်း အမေရိကန်ပြည်ထောင်စုရဲ့အစိုးရရုံးတွေမှာ LGBTများကိုထောက်ခံအားပေးတဲ့အမှတ်သညာတစ်ခုဖြစ်တဲ့ သက်တံ့ရောင်အလံတွေကိုလွှင့်ပေး ဖို့ ငြင်းပယ်ခဲ့မှုအပေါ် သွယ်ဝှက်တဲ့နည်းနဲ့ဆန္ဒပြတဲ့လုပ်ရပ်တစ်ခုလို့ဆိုပါတယ်။

သူဟာတစ်မြို့လုံးကိုဝယ်ပြီးတဲ့နောက် မြို့တော်ဝန်အနေနဲ့ပါမြို့ရဲ့တာဝန်တွေကိုထမ်းဆောင်နေခဲ့တာဖြစ်ပြီး ဒေါ်နယ်ထရမ့်တောင်သမ္မတဖြစ်သေးရင် ကျွနု်တော်ကကောဘာလို့မြို့တော်ဝန်တယောက်မဖြစ်နိုင်ရမှာလဲလို့မီဒီယာတွေကိုပြောခဲ့ပါတယ်။

အဲ့ဒီမြို့ထဲမှာလွှင့်တင်ခွင့်ရှိတဲ့အလံတွေဟာ သက်တံ့ရောင်အလံတွေပဲရှိပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ငြင်းဆန်ခဲ့မှုအပြီးမှာ သူဟာမြို့ပေါင်းများစွာကိုမြို့တော်ဝန်အဖြစ်ခန့်အပ်ပေးနိုင်မလားလို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မြို့တွေအကုန်လုံးနီးပါးကငြင်းဆန်ခဲ့ပြီး ဒီမြို့ကတော့ လုပ်ဖို့ခွင့်ပြုခဲ့ပါတယ်။

သူရဲ့မြို့လေးအကြောင်းကိုတွစ်တာမှာတင်ခဲ့ပြီးနောက်မှာ လူမှုကွန်ယက်ပေါ်မှာ မိတ်ကပ်ဗီဒီယိုတင်ကာ နာမည်ကြီးနေတဲ့ Jeffery Starအပါအဝင် နာမည်ကြီးတော်တော်များများက ဒီမြို့မှာနေချင်တယ်လို့ဆိုခဲ့ကြပါတယ်။

Yenin Phawah( ApannPyay)